Related Posts Plugin for WordPress, Blogger...

Wednesday, August 28, 2013

အသက်ကြီးပေမယ့် မပျက်စီးသေးသည့် အေးချမ်းမေ



အေးချမ်းမေဟုနုတ်ဖျားမှအသံထွက်လိုက်လျင် တစ်စစီကျိုးပဲ့နေ ဆိုတဲ့သီချင်းလေးနဲ့တွဲမြင်မိကြမှာပါ။အမေရိကန်နိုင်ငံ၊ မြောက် ကယ်ရို လိုင်းနားပြည်နယ်သို့ ပြောင်းရွှေ့သွားသော အေးချမ်းမေသည် “ပျော်ရွှင်ခြင်းနိုင်ငံ” ဟူသည့် တေးစီးရီးဖြင့် နာမည်ကျော်လာသူ ဖြစ်သည်။ ၁၉၉၄ ခုနှစ်မှ ၁၉၉၇ ခုနှစ်အတွင်း ကာလများသည် သူ၏ အအောင်မြင်ဆုံး အချိန်များ ဖြစ်သည်။ ပျော်ရွှင်ခြင်းနိုင်ငံသည် ထိုကာလများ၏ ဂီတအနုပညာလောကတွင် ရောင်းအား အကောင်းဆုံး တေးစီးရီး အဖြစ် စံချိန်တင်နိုင်ခဲ့သည်။

ထိုစီးရီးတွင် ပါဝင်သော “တစစီကျိုးပဲ့နေတယ်” သီချင်းက အေးချမ်းမေကို ထိပ်တန်းသို့ ရောက်ရှိရန် ပို့ဆောင်လိုက်ခြင်း ဖြ...စ်သည်ဟု အများက သုံးသပ်ကြသည်။

ထိုသီချင်းကို ရေးစပ်ပေးခဲ့သူ တေးရေးဆရာ မင်းချစ်သူက “ရန်ကုန် ပန်ဒါ စားသောက်ဆိုင်မှာ သူသီချင်းဆိုနေတာကို စတွေ့ကတည်းက သူ့ရဲ့ ဆိုဟန်နဲ့ ပုံစံက ပရိသတ် လက်ခံနိုင်တယ်၊ သူ့မှာ ထူးခြားတဲ့ အရည်အချင်းနဲ့ ဆွဲဆောင်မှု ရှိတယ်လို့ ခံစားမိတယ်၊ ဖြစ်နိုင်မယ်လို့ သုံးသပ်ပြီးတော့ သူ့အတွက် သီချင်းတွေကို လုပ်ပေးဖြစ်ခဲ့တာ” ဟု ပြောပြသည်။

ပျော်ရွှင်ခြင်းနိုင်ငံ နောက်ပိုင်းတွင် အေးချမ်းမေ၏ JV ၁၅၀၀၊ ချစ်သူနားဆင်ဖို့၊ ရင်ခွင်အခန်း၊ ရပ်တန့်လို့မရနိုင် စသည့် စီးရီးများ ပေါ်ထွက်ခဲ့သည်။

သီချင်းနားဆင်ရန် >> http://www.youtube.com/watch?v=aaNNGZH6-Ng
Photo >> အင်တာနက်စာမျက်နှာ

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U