Related Posts Plugin for WordPress, Blogger...

Thursday, August 8, 2013

နိုင်ငံတော်သီချင်း သီဆိုခွင့် နဲ့ ထိုက်တန်သူများ ဖြစ်ကြပါစေ ။












မြန်မာနိုင်ငံသားတိုင်း နိုင်ငံတော် သီချင်းလေးတော့ ဆိုဖူး ကြမည် ထင်ပါသည် ။

အားလုံးကို မေတ္တာရပ်ခံပါတယ်.... ရင်ထဲ နှလုံးသားထဲက လေးလေးနက်နက် ခံစားပြီး  တစ်ခေါက်လောက် ပြန်ဆိုကြည့်ပေးကြပါ......။

ဆိုပြီးသွားတဲ့ အခါ သေချာ စဉ်းစားကြည့် ဘယ်မှာလည်း တရားမျှ တမှု ......... ဘယ်မှာ လည်း လွတ်လပ်မှု........ ပျောက်ဆုံးနေတာ အတော်ကြာဆို ၊ ကျနော့် ဘ၀ မှာ တခါမှကို မကြုံခဲ့ဖူးပါဘူး ။

များလူ ခပ်သိမ်း ငြိမ်းချမ်းစေဖို့ တဲ့ဗျာ ....။ လူကြီးတွေရဲ့ အလိုဆန္ဒ ရမ္မက်နဲ့ အတ္တ အားပြိုင်မှုကြောင့် ကျနော်တို့တတွေဟာ သေနတ်သံတွေနဲ့ ရှင်သန်ကြီးပြင်းလာခဲ့ရတယ်..။

ဝါဒ ဖြူစင်တဲ့ တိုင်းပြည်ကြီးကို  တည်ထောင်ကြပါစို့ ဆိုတော့ သူတလူ ငါတမင်း အချင်းများနေကြတဲ့ လူကြီးတွေကြောင့်

ဘယ်သူမှ ခွင့်တူညီမျှ မခံစားရဘဲ အာဏာရူး မိစ္ဘာဘီလူးတွေသာ စံစားနေကြတာ အချိန်အတော်ကြာနေပါပြီ ။

ပြည်ထောင်စု အမွေ အမြဲတည်တံ့အောင် ထိန်းသိမ်းရမယ့် အစား ရောင်းချတာ အမှန်ပါဆိုတဲ့ လူအများကို ရာထူးကို လက်နက်အားကိုးနဲ့လုယူထားတဲ့ အပြင် ကိုယ့်ကိုကို ပညာရှင် တံဆိပ်တပ်ပြီး လူတတ်ကြီး လုပ်နေသူများ လက်ထဲမှာ ကျနော်တို့ တိုင်းပြည် အနာဂတ်က မတွေးဝံ့စရာ အနေအထား  ကို ရောက်ရှိနေပါပြီ......။

ကျန်ာတို့တတွေ သစ္စာ ဆိုထားတဲ့ အတိုင်း ပြည်ထောင်စု အမွေကို အမြဲတည်တံ့အောင် ထိန်းသိမ်းဖို့ အတွက် နိုင်ငံသား အားလုံးမှာ တာဝန် ရှိတယ် ဆိုတာ မမေ့ကြပါနဲ့ ။

ဒို့ဘိုးဘွား အမွေအနှစ် ဖြစ်တဲ့ ဒီတိုင်းပြည်ကြီးကို တကယ် ချစ်ပါတယ်.......ကမ္ဘာမကြေ သရွေ့ မြန်မာပြည် တည်ရှိစေရမယ် ဆိုတဲ့ စကားကို ကျနော်တို့ နေ့စဉ် နေ့တိုင်း ပြောကြားပေမယ့် လက်တွေ့မှာ လိုက်နာတဲ့လူ အတော်ရှားပါးနေလို့ ကျနော်တို့ တိုင်းပြည် မကြာခင် တရုတ်လက်အောက်ကို ရောက်ရှိတော့မယ် ။


မြန်မာပြည်သည် ဒို့ပြည်.....

မြန်မာနိုင်ငံကြီး ပိုင်ဆိုင်ထားတဲ့ အရာမှန်သမျှ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်ပါတယ်..... ။

ဒို့တိုင်းပြည်ကို  ထိပါး စော်ကားလာသူတွေ ရှိခဲ့ရင် အသက်ပေးပြီး ကာကွယ်ပါလို့ နေ့စဉ် နေ့တိုင်း ကျနော်တို့ ရေရွှတ် မြည်တမ်းခဲ့ကြတယ်.......။

အခု အချိန်ကျပါပြီ.........ဧရာဝတီ မြစ်ဆုံဆည် ကိစ္စ ဟာ ကျနော်တို့ တိုင်းပြည်ကြီးကို ထိပါး စော်ကားတာပါ ။

ကျနော်တို့ရဲ့ ဘိုးဘွား အမွေအနှစ်ကို ဖျက်ဆီးလိုက်တာပါ ။  မြန်မာနိုင်ငံကို တရားဝင် ကျွန် အဖြစ် သွတ်သွင်းမယ့် အခမ်း အနား စတင်ဖို့ အာဏာရှင်တွေက နယ်ချဲ့တွေနဲ့ပူးပေါင်းပြီး ကြံစည်နေကြပါပြီ.......။

သေးသိမ်ညံ့ဖျင်းကာ ယုတ်မာတဲ့ သူတို့ဆင်ထားတဲ့ ထောက်ချောက်ထဲမှာ ကျနော်တို့တတွေ လွတ်မြောက်အောင် ရုန်းထွက်နိုင်ဖို့ အတွက် မိမိတို့ အချင်းချင်းကြားက  နားလည်မှုတွေကို မပျောက်ဆုံး အောင် သတိထားကြပါ ။ အာဏာရှင် ဆိုတာ နဂိုကလည်း ကောကျစ် အခုလည်း ယုတ်မာနေဆဲဖြစ်လို့ ပြည်သူလူထုကို နည်း အမျိုးမျိုးနဲ့သွေးခွဲပါလိမ့်မယ်.....။ သတိလေးသာ အစဉ်ကပ်ပြီး ပစ္စပ္ပုန်ကို တည့်တည့်ရှုဆိုတဲ့ စကားလေးကို လက်ကိုင်ထားပြီး အမှန်မြင်နိုင်အောင် ကြိုးစားပေးကြပါ...။


ပြည်သူလူထုဟာ    စည်းလုံးညီညွတ်မှု မရှိဘူးဆိုတဲ့   စကားကို အာဏာရှင်တွေက ၀ါဒမှိုင်း တိုက်ခဲ့ကြတယ် ။ အဲဒီ အယူဝါဒကို လူတော်တော်များများက လက်ခံပြီး နေရာတကာမှာ ညီညွှတ်မှု မတည်ဆောက်နိုင်ပါဘူးလို့ ယူဆလာခဲ့ကြတာ အတော်ကြာပါပြီ ။ မြန်မာပြည်ရဲ့ အသက်သွေးကြောကို ဖောက်ထုတ်မယ့် ကိစ္စကြီးမှာ လူတော်တော်များများရဲ့ ဆန္ဒဟာ တထပ်တည်းကျနေပါတယ် ။  အခုချိန်မှာ အသံတွေ ညီညွတ်ကြသလို အာဏာရှင်တွေ ရှေ့တလှမ်းတိုးလာတဲ့ အခါ ကျနော်တို့
ယခုလိုဘဲ စည်းလုံးညီညွတ်စွာ ပြည်သူ့ဆန္ဒကို ဖော်ထုတ်နိုင်မယ် ဆိုရင် ဧရာဝတီဟာ တိုင်းတပါး အတွက် အသုံးချခံ ဘ၀က လွတ်မြောက်လာမှာ သေချာပါတယ် ။

ကျနော်တို့ တတွေဟာ အာဏာရှင်တွေ ဖိနှိပ်တဲ့ ဘ၀မှာ မျက်ရည်များနဲ့ ရှစ်ခိုးတောင်းပန် သူတို့ ခိုင်းသမျှကို လုပ်ဆောင်ပေးကာ ကျွန်ခံဖို့ သက်သက် မွေးဖွားလာတဲ့ လူတန်းစား မဟုတ်ပါဘူး ခင်ဗျာ ။ မြန်မာနိုင်ငံက သဘာဝ သယံဇတ အရင်းအမြစ်တွေဟာ အာဏာရှင် တွေ အသုံးချပြီး စည်းစိမ်ခံဖို့ တည်ရှိနေတာ မဟုတ်ပါဘူး လို့ ယုံကြည်ထားရင် ပြည်သူလူထုရဲ့   နှလုံးသားကို ဖောက်ထုတ်မယ့်   အခမ်းအနားကို မကျင်းပနိုင်အောင် ၀ိုင်းဝန်း ကြိုးစားပေးကြပါလို့ လေးစားစွာ   မေတ္တာ ရပ်ခံလိုပါတယ်ခင်ဗျာ ။


ကျနော်တို့ အသက်ရှင်နေသမျှ  မြန်မာနိုင်ငံ တိုင်းတပါး လက်အောက်ကို ဘယ်တော့မှ မကျရောက်စေရဘူးလို့ ကိုယ့်ကိုကိုယ် ဂတိပေးရင်း အာဏာရှင်တွေရဲ့ အမျိုးဖျက်စီမံကိန်းကို ၀ိုင်းဝန်း ကန့်ကွက် နိုင်ပါမှ နိုင်ငံတော်သီချင်း သီဆိုခွင့် နဲ့ ထိုက်တန်သူများ ဖြစ်ကြပါလိမ့်မယ် ။ သေချာ နားဆင်ကြည့်စမ်းပါအုံး သွေးပွက်ပွက် အန်နေတဲ့ ဧရာဝတီ ရဲ့ လှိုင်းတပိုးများက သံစဉ် အဖြစ် ပြောင်းလဲပြီး.... နောက်ဆုံး မျှော်လင့်ချက် အဖြစ်..........
 အားတင်းကာ  လှမ်းမေးလိုက်တဲ့ အသံ... သင်တို့ နိုင်ငံတော် သီချင်း ကို ထိုက်တန်စွာ သီဆိုခွင့် ရကြပြီလားတဲ့.......။


ခင်မင်လေးစားလျှက်

ဆရာချမ်း




ရွာမလိုလိုနဲ့ အုံ့ကာမဲနေတဲ့ ကောင်းကင်ကြီး နှင့် အသံကုန် အော်ဟစ်နေသော စားဖားတို့ ကြောင့် မိုးရေတပေါက်မှ မကျသေးသော်လည်း လူတချို့သည် မိုးရွာပြီဟု မည်တမ်းကြလေသည်...။ တကယ့်လက်တွေ့ ဘ၀တွင်ကား ငတ်မွတ်ခေါင်းပါးနေသော ပြည်သူလူထု တစ်ဦးတစ်ယောက်မှ ရေတပေါက်ပင် မသောက်ရသေးသည့်
အပြင် မိုးရိပ်မြင်၍ ဆာလောင်မွတ်သိပ်မှုသည်သာ အထွဋ်အထွပ်သို့ ရောက်ရှိလာရင်း မိုးကို တမ်းတရသည့် ဘ၀မှ မလွတ်မြောက်သေးချေ ။
ရွာမလိုလိုနဲ့ အုံ့ကာမဲနေတဲ့ ကောင်းကင်ကြီး နှင့် အသံကုန် အော်ဟစ်နေသော စားဖားတို့ ကြောင့် မိုးရေတပေါက်မှ မကျသေးသော်လည်း လူတချို့သည် မိုးရွာပြီဟု မည်တမ်းကြလေသည်...။ တကယ့်လက်တွေ့ ဘ၀တွင်ကား ငတ်မွတ်ခေါင်းပါးနေသော ပြည်သူလူထု တစ်ဦးတစ်ယောက်မှ ရေတပေါက်ပင် မသောက်ရသေးသည့် အပြင် မိုးရိပ်မြင်၍ ဆာလောင်မွတ်သိပ်မှုသည်သာ အထွဋ်အထွပ်သို့ ရောက်ရှိလာရင်း မိုးကို တမ်းတရသည့် ဘ၀မှ မလွတ်မြောက်သေးချေ ။



မြစ်ဆုံဆိုတဲ့ နှမငယ်လေးရဲ့ ချစ်စရာ ဟန်ပန်မူယာကြောင့် မြင်သူတကာ စိတ်ကို အေးချမ်းကာ ကြည်နူးမှုတွေ ဖုံးလွှမ်းသွားအောင်  အလှသွေးကြွယ်နေတဲ့အသွင်သဏ္ဍန်
မြစ်ဆုံဆိုတဲ့ နှမငယ်လေးရဲ့ ချစ်စရာ ဟန်ပန်မူယာကြောင့် မြင်သူတကာ စိတ်ကို အေးချမ်းကာ ကြည်နူးမှုတွေ ဖုံးလွှမ်းသွားအောင် အလှသွေးကြွယ်နေတဲ့အသွင်သဏ္ဍန်



0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U