Related Posts Plugin for WordPress, Blogger...

Wednesday, August 28, 2013

နော်ဝေ အကူအညီဖြင့် နိုင်ငံသား စိစစ်ရေးကတ် ကိုးသောင်းကျော် အခမဲ့ ထုတ်ပေး



မြန်မာနိုင်ငံ နယ်စပ်ဒေသ အသီးသီးရှိ မြို့နယ်ပေါင်း လေးဆယ် တွင် နော်ဝေနိုင်ငံ အခြေစိုက် NRC (Norwegian Refugee Council) ၏ အကူအညီဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြား ကိုးသောင်းကျော် အခမဲ့ ထုတ်ပေးထားကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနက ထုတ်ပြန်သည်။

လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနနှင့် NRC တို့ ပူးပေါင်း၍ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်၊ မြို့နယ်ခွဲ လေးဆယ်မှ လူဦးရေ ၉၃၀၁၉ ဦးကို စိစစ်ရေးကတ် အခမဲ့ ထုတ်ပေးခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“စိစစ်ရေး ကတ်အတွက် ဆောင်ရွက်တဲ့အခါ အဆင်မပြေတာတွေ ရှိရင် နေပြည်တော်ကို တိုက်ရိုက် တိုင်လို့ ရတယ်။ ခုတိုင်စာ ၆၅ စောင်မှာ ၄၈ စောင်ကို ဖြေရှင်းပြီးပြီ။ ကျန်တာ စိစစ်နေတယ်” ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ဆိုသည်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက် နိုင်ငံသား စိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း ထုတ်ပေးခြင်းကို ၂၀၁၁ ခုနှစ်မှ စတင်၍ မိုးပွင့် စီမံချက်များဖြင့် ဆောင်ရွက်ခဲ့ရာ ၂၀၁၃ ခုနှစ် မေလ အထိ စိစစ်ရေး ကတ်ပြားပေါင်း ၃ ဒသမ ၅ သန်းနီးပါး ထုတ်ပေးပြီး ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U