Related Posts Plugin for WordPress, Blogger...

Friday, August 9, 2013

ဘီယာတစ်ခွက် ရောင်းထွက်ဖို့
ပေါင်တံသွယ်လျ နှမငယ်ဘဝ
ရမ္မက်ခိုးရဲ့ သားကောင်ဖြစ်ရ။

အများသိတဲ့ ကေတီဗွီတွေ စည်ကားဖို့တော့
တိုသထက်တို ဟိုက်သထက်ဟိုက်
ပျိုမဒီတသိုက်
အဆီတထပ် အသားတထပ်တို့ရဲ့
စေလိုရာစေ နေလိုရာနေ။

ပေါများလှတဲ့ လူသုံးကုန်ပစ္စည်း
အရောင်းသွက်ဖို့
ပါကင်လှလှထုပ်လို့
ကံစမ်းမဲတွေ အဆောင်းပေးဖို့
ကြိုးစားကြသတဲ့။

ဒါတွေဟာ ခင်ဗျားတို့ ပြောပြောနေတဲ့
"ခေတ်"လား
ဒါမှမဟုတ်
မပြည့်မီတဲ့ အရည်အသွေးတွေအတွက်
အပေါ်ယံ ဖုံးကွယ်ထားခြင်းလားဗျာ။



Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U