Related Posts Plugin for WordPress, Blogger...

Friday, August 9, 2013

ဒီနေ့ တရားရုံးရှေ့က အမှန်တရားတွက် တိုက်ပွဲစပြီ



ယနေ့ နံနက် ၁၀ နာရီ ၃၀၊

သြဂုတ် ၉ ရက်နေ့ ၂၀၁၃ ခုနှစ် သင်္ဃန်းကျွနိမြို့နယ်တရားရုံး မှာ မြေဖုတ်ဘီးလူး အာဏာပိုင်တွေနဲ့ ခရိုနီမှင်စာများရဲ့ ပြည်သူ့အိုးအိမ်တွေကို ခုနှစ်စဉ်တိုက် ကလိမ်လိုက်ကြတာကို ရှိရှိသမျှ အင်အားနဲ့ အမှန်တရားအတွက် ထတိုက်ကြတဲ့ ပြည်သူ့ အကျိုးတော်ဆောင် ကုန်ဈေးနုံန်းကျဆင်းရေးရဲ့ ခေါင်းဆောင်ကိုထင်ကျော်နှင့် ၈၈ ကာလမှ ယနေ့အထိ ပြည်သူ့ဘက်က ပြတ်ပြတ်သားသား ရပ်တည်ရင်း ကျရာတာဝန်ကနေ ဇွဲလုံးလ ပြည့်ပြည့်နဲ့ ဆက်တိုက်လာတဲ့ မိချောင်းကန် အိုးအိမ်ပြောက် ပြည်သူများ၏ ခေါင်းဆောင် ကို စိန်သန်း တို့ကို နယ်ချဲ့ ပုဒ်မ ၁၈ ပြီးတော့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ နဲ့ ရုံးထုတ်လာတယ်။

တရားရုံးရှေ့မှာ ပွဲဆူနေတယ် ၀ိုင်းကူဖို့လဲလိုနေတယ် အမှန်တရာအတွက်ကို ပြောတာပါ။
ကိုထင်ကျော်က မိချောင်းကန်မြေက ဘယ်သူ့မြေလဲဟေ့ လို့ ကြွေးကျော်လိုက်တော့ တရားရုံးရှေ့မှာ စောင့်နေကြတယ် မြေပြောက် အိမ်ပြောက် မိချောင်းကန် ပြည်သူတွေက ဒါတို့မြေ ဒို့ပိုင်တဲ့မြေလို့ တညီတညာတည်း ၀ိုင်းအော်ကြတယ်
ပြီးတော့ “တပ်ပိုင်တဲ့မြေ ဟုတ်သလားဟေ့”
တရားရုံးရှေ့မှာ မျက်နှာမွဲနေတဲ့ မိချောင်းကန်ပြည်သူတွေက “မဟုတ်ဘူးဟေ့၊ မဟုတ်ဘူးဟေ့” လို့ ပွဲတွေ ဆူနေတယ်။

ကိုထင်ကျော်ကို လက်ထိပ်နဲ့ ခတ်ပြီး ခေါ်လာတဲ့ ရဲအရာရှိက ခင်ဗျားတို့ အော်လို့မရဘူးဗျ ၊ အော်ဖို့ ပါမစ်ရှိလားလို့ သူ့နားက သူကို လှမ်းမေးတော့…. မိချောင်းကန်ပြည်သူတွေက “ မတရား ပါမစ် အလိုမရှိ “ ဆက်တိုက် အော်ကြတယ်။
ပွဲက တော်တော်ကြီးကြည့်ကောင်းနေတယ်။ သားတရားစီရင်ခန်းနဲ့ တူသလိုလို ရှိပေမဲ့ ကွဲပြားနေတယ် သားတရားစီရင်ခန်းမှာ ဘီးလူးက ခလေးငယ်လေးကို မညှာတာပဲ ဆွဲနေသလို အခုလဲ ကိုထင်ကျော်ကို ဆွဲယမ်းနေကြတယ်… ဒါပေမယ့် တရားသူကြီးက မဟော်သဓာ ပညာရှိဆိုတော့ ဘီလူးနဲ့ လူကို ခွဲထုတ်ပြီး စီရင်ပြနိုင်ခဲ့တယ် …
ကိုထင်ကျော် အမှုကတော့ တရားသူကြီးများကိုတိုင် ဘီလူးတွေဖြစ်နေတာမို့ ဘီလူးကိုပဲ အသာစီးပေးနိုင်တယ်လို့ သင်္ဃန်းကျွန်းမြို့နယ် ရှေ့နေကြီး ဦးသိန်းညွန့်မှ မှတ်ချက်ပြုနေကြောင်း တင်ပြလိုက်ရပါတယ်….
 
 
Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U