Related Posts Plugin for WordPress, Blogger...

Thursday, August 15, 2013

အစ္စလာမ်မိသားစု ဗုဒ္ဓဘာသာသို့ ကူးပြောင်းဝင်ရောက်လာ



ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ရှိ အောင်မင်္ဂလာပရိယတ္တိ ဘုန်းကြီးကျောင်းတွင် အစ္စလာမ်ဘာ သာဝင်ငါးဦးကို ဗုဒ္ဓဘာသာသို့ ကူးပြောင်းပွဲအခမ်းအနား ကျင်း ပခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့ စဝ်စံထွန်း ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်း လမ်းရှိ အဆိုပါ ဘုန်းတော်ကြီး ကျောင်းတွင် ကျောင်းထိုင်ဆရာ တော် ဦးရေဝတဦးစီးပြီး ရပ် စောက်မြို့မှ အစ္စလာမ်ဘာသာ ဝင်များဖြစ်ကြသည့်

ဒေါ်တင်အေး၊ ဒေါ်ခင်မာအေး၊ ဒေါ်ခင်မာထွေး၊ ဒေါ်မို့မို့အေး၊ ဦးဇော်ဝင်း(ခ)ဇော် ဝင်းမောင်တို့ ငါးဦးကို တောင်ကြီး မြို့ရှိ ထေရ်ကြီး၊ ဝါကြီး ဆရာ တော်ကြီးများနှင့် မြို့နယ်သံဃ မဟာနယကအဖွဲ့၊ သာသနာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ ရှေ့မှောက်တွင် ဗုဒ္ဓဘာသာသို့ ကူးပြောင်း ခြင်းနှင့် ဗုဒ္ဓဘာသာ ကို ခံယူကြောင်းကို အတိအလင်း ကြေညာသည့် အခမ်းအနားကို ပြုလုပ်ခဲ့သည်။

''ကျွန်တော့်ရင်ထဲမှာ ပီတိ ဖြစ်ရပါတယ်။ အရင်က အနှိမ်ခံ ခဲ့ရတာတွေ ခု ရဲရဲတင်းတင်းနေ ထိုင်ရဲပါပြီ။ အရင်ကတည်းက ဒီ ဘာသာကို ဝင်ချင်နေတာပါ''ဟု ဦးဇော်ဝင်းမောင်က ပြောသည်။

ကျောင်းထိုင်ဆရာတော် ဦးရေဝတက ''ဒီပွဲလေး လုပ်ဖြစ် တာက ကိုယ့်ဘာသာကို ယုံကြည် ပြီး ဝင်လာတဲ့သူတွေကို သူတို့ဘဝ လုံခြုံမှုရှိအောင် ပြုလုပ်ပေးရတာ ပါ''ဟု ပြောသည်။

အဆိုပါ အခမ်းအနားသို့ တောင်ကြီးမြို့နေ ပရိတ်သတ် ၆၀၀ ကျော် တက်ရောက်ခဲ့ပြီး ယခု ဗုဒ္ဓဘာသာသို့ ပြောင်းလဲ လာသည့် မိသားစုတွင် မိသားစု ဝင်ရှစ်ဦးရှိပြီး ဘာသာကူးပြောင်း ခဲ့သူများမှာ မိခင်နှင့် သားတစ် ဦး၊ သမီးသုံးဦးတို့ဖြစ်ကြောင်း သိ ရသည်။

ယင်းတို့အား ဗုဒ္ဓဘာသာ ဝင်အဖြစ် အသိအမှတ်ပြု လက် မှတ်များကို မြို့နယ်သံဃမဟာ နာယက အဖွဲ့က ပေးအပ်ခဲ့ကြောင်း သိရသည်။

 
Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U