အပိုင်း ( ၁ )
ချမ်းမြ(မန္တလေး)ရေးသားသည်။
'ဘ၀'ဆိုတာမွေဖွားခြင်းနဲ့သေဆုံးခြင်းရဲ့ကြားကာလတစ်ခု ၊ ပုခက်နဲ့သုသန်ကြားကလှုပ်ရှားနေတဲ့တစ်ပိုင်းတစ်အချိန်များလို့ထင်မိတယ်။အဲလိုတိုတောင်းလှတဲ့အချိန်
မကြာမြင့်တဲ့ကာလအပိုင်းခြားလေးမှာ ရုန်းကန်လှုပ်ရှားနေကြတဲ့သတ္တ၀ါတွေထဲမှာ...အသိဥာဏ်ရှိဆုံးလို့
ပညတ်ထားတဲ့သတ္တ၀ါကို "လူ " လို့ခေါ်တယ်။ အင်း လူ လူ တလူ လူ နဲ့ဒေါသတွေ မောဟတွေ လောဘတွေကိုအလံထူးနေလိုက်ကြတာ..တကယ်ပဲစိတ်ပျက်ဖို့ကောင်းတယ်။
ဗုဒ္ဓကဟောထားခဲ့တယ် ဘာတဲ့ " မနူတသဘာဝေါဒုလ္လဘော " တဲ့..လူးဘ၀ဆိုတာရခဲတယ် တဲ့။
အဲလိုရခဲတဲ့လူဘ၀ကိုရောက်နေကြတဲ့လူတွေ သူကအစ
ငါအဆုံး ကိုယ်ကိုယ် မှန်ထဲပြန်ကြည့်ကြပါအုံးလို့
အတ္တတွေတလှေကြီးနဲ့မဆုံးနိုင်တဲ့ခရီးကိုသွားနေကြတယ်.. ။ ။အသိဥာဏ်ရှိလို့လား မရှိလို့လားစဉ်းစားကြည့်ကြပါ ???
လူတွေ..မေတ္တာတရားခေါာင်းပါးမှုနဲ့သစ္စာတရားပျက်ယွင်းမှုကြောင့်ဆိုးကြိုးတရားတွေခံစားနေကြရတာမသိဘူး
အာဃတ တရားတွေနဲ့လှုပ်ရှားနေကြတာ..။ ။ငြိမ်းချမ်းမှု ချမ်းသာမှု ဆိုတာ ဒို့လူတွေနဲ့က ခေါင်းနဲ့ပန်းလိုဖြစ်နေကြတယ်။ ယဉ်စွန်းတန်း (၂) ခုလိုပဲလို့ထင်မိတယ်။
ကိုယ်သမိုင်းကြောင်းကို ကိုယ်တိုင်းရေးရမှာ ဘယ်သူကမှလာပြီးရေးမပေးဘူး။အေး..အဲဒီတော့ ကိုယ်သမိုင်းကြောင်းအစွန်းမထင်စေချင်ရင် ကောင်းတာလုပ် မှန်တာပြော မလိမ်နဲ့ မညာနဲ့ စိတ်ထားဖြူစင်ပါစေ။လူတိုင်းအပေါ် သတ္တ၀ါတိုင်းအပေါ်မေတ္တာထားကြ.. ။ ။ကိုယ်နဲ့နှိုင်းပြီးစာနာကြလို့ပြောချင်ပါတယ်.. ။ ။
ခက်တယ်... ။ ။လူးဆိုတဲ့သတ္တ၀ါက အောင်မြင်ရင် ရာထူးလေးရှိလာရင်ပုံစ့ပြောင်းလာကြတယ်... ။ ။
အဲဒီဒဏ်တွေကိုဘယ်သူမှမခံနိုင်ကြဘူး.. ။ ။တော်တော်သနားဖို့ကောင်းတယ်.. ။ ။မာနကိုအလံထူ "ငါလိုလူဇဗ္မူမှာရှိလား" ဆိုတဲ့စိတ်ဓါတ်နဲ့လူလူချင်းသေရင်မြေကြီးထဲပဲရောက်မှာပဲ အသိအခေါက်။အစင်နက်နေကြတာ ...စိတ်ညစ်တယ်... ။ ။
အေး..မှတ်ထားကြ ဘ၀ ဆိုတာဘယ်တေံမှပုံသေမရှိဘူး...လှိုင်းလိုပဲ မြင့်တဲ့အခါမြင့် နိမ်တဲ့အခါနိမ့်
လပြည့်ရှိသလို...လကွယ်လဲရှိတယ် ဆိုတာသိထား.... ။ ။
" တစ်ပိုင်းတစ်အာရုံများ "
ချမ်းမြ ( မန္တလေး)
အပိုင်း ( ၂ )ဆက်လက်ရေးသားပေးပါမည်.. ။ ။
0 comments:
Post a Comment