Related Posts Plugin for WordPress, Blogger...

Friday, August 23, 2013

အောင်မြင်မှု တံခါးကို ဖွင့်လှစ် ပေးနိုင် သည့် လျှို့ဝှက်ချက်များ



၁။ မိမိ ယုံကြည်ရာ ဘာသာ တရားကို လုံးဝ ဖက်တွယ်ပြီး ရိုသေ ကိုင်းညွတ်ဖို့ လိုပါတယ်။ ဒါဟာ အမှီ ကောင်းပါ။ အကောင်းဆုံး
ကျောထောက်နောက်ခံနဲ့ အကောင်းဆုံး၊ အခိုင်မာဆုံး အုတ်မြစ်လို့ ခံယူရပါမယ်။

၂။ မိဘကို ဘုရားတစ်ဆူ ဂူတစ်လုံး လို ချွင်းချက် မရှိ လုံးဝ ချစ်ခင် ရိုသေ ပြုစု လုပ်ကျွေး ရပါမယ်။ ရည်မှန်းချက် ရှိရပါမယ်။ဘုရားနဲ့တစ်ဂိုဏ်းတည်း ထားကို ထားရပါမယ်။

၃။ နှုတ်မြွက်ချိုသာ၊ အမူအရာ ယဉ်ကျေး သိမ်မွေ့ ရပါမယ်။ နှုတ်ကြမ်းရင် တကယ်ကို ဘ၀ ကြမ်းပါတယ်။
နှုတ်ချို တာဟာ (သျှိုတစ်ပါး) တစ်နည်း အားဖြင့် (အဆောင်ကောင်း တစ်ခု) ရှိနေသလိုပဲလို့ မြန်မာစာ ဌာနက ပါမောက္ခ ဆရာမကြီးဒေါ်သန်းဆွေ(အငြိမ်းစား)က အခါခါ မိန့်ကြား ဖူးပါတယ်။

၎။ စိတ်ရှည် သည်းခံပြီး ခွင့်လွှတ် တတ်တဲ့ စိတ်လေ့ကျင့် မွေးမြူရပါမယ်။ ခွင့်လွှတ်နိုင်ခြင်း ဟာ အလွန် အစွမ်းထက်တဲ့ `အား´
တစ်ခုပါ။ ဘယ်တော့မှ လျှော့မတွက် ပါနဲ့။

၅။ အစွမ်းကုန် ကြိုးစားပါ၊ ကိုယ်ကျင့်တရား လုံးဝ ကောင်းပါစေ။တချို့လူတွေ ဘ၀ တစ်လျှောက်လုံး မရပ်မနား
ရုန်းကန် ကြိုးစားနေကြပေမဲ့ လူမွေးတောင် မပြောင်တာ ဒုနဲ့ ဒေးပါ။

အခု ဖော်ပြတဲ့ အခြေခံ အချက် တွေကို လိုက်နာ ကြိုးစား ကြည့်ပါ။ အခွင့် အလမ်းကောင်း တစ်ခုရဖို့ ဖန်တီး ယူလို့ မရပါဘူး။
ဒါပေမဲ့ မမြင်ရတဲ့ တန်ခိုးရှင်တွေက မုချ ဖွင့်ပေးတဲ့ အခွင့် အလမ်းကောင်းတွေ ရရှိ လာပါလိမ့်မယ်။ တံခါး လာခေါက်ပါလိမ့်မယ်။

မိမိ ကိုယ်တိုင်ရဲ့ အစွမ်းအစ သက်သက်နဲ့တော့ တစ်စုံတစ်ရာ ပံ့ပိုးမှု အမှန်တကယ် လိုအပ်တဲ့ ဒီလောကကြီးမှာ
Invisible Power မလိုပါဘူးလို့ ငြင်းပယ်ရာ ကျတာ ကြောင့် ကြိုးစားရင်း စမ်းသပ်ရင်းနဲ့ အောင်မြင်မှု အပြည့် အ၀ရဖို့ ဝေးနေဦးမှာဆိုတာ စေတနာ ကောင်းနဲ့ အကြံပြုပါရစေ။

Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U