ပထမလ
×××××××
မေမေ
သမီးခန္ဒာကိုယ်က ရှစ်လက်မလောက်ပဲ ရှိသေးတယ်..
ဒါပေမယ့်.. သမီးဆီမှာ.. ကိုယ်အင်္ဂါအကုန်ပြည့်စုံနေပါပြီ.
သမီးမေမေ့အသံလေးကို ချစ်တယ်..
မေမေ့အသံကြားတိုင်း သမီးလက်တွေခြေတွေကို လှုပ်ယမ်းပြတယ်လေ..
မေမေသိရဲ့လား..
သမီးအကြိုက်ဆုံးသီချင်းက မေမေ့ရဲ့ နှလုံးခုန်သံပါမေမေရယ်..
ဒုတိယလ
××××××××
အခုသမီး လက်မလေးကို ဘယ်လိုစုပ်ရတယ်ဆိုတာ သင်ကြားနေတယ်မေမေ..
မေမေသာမြင်လို့ရှိရင်လေ.. ဒါငါ့ရဲ့သမီးလေးလို့ပြောမှာအသေအ
ဒါပေမယ့် မေမေကိုယ်ထဲကနေ အပြင်ထွက်ဖို့တော့
သမီးမှာ လုံလုံလောက်လောက် အားမရှိသေးဘူးလေ..
ဒီနေရာကို သမီးသဘောကျတယ်..
နွေးထွေးပြီး အရမ်းနူးညံ့တာကိုးမေမေရဲ့ .
တတိယလ
×××××××××
မေမေရေ.. သေချာသွားပြီ.. သမီးကတကယ့်ကို မိန်းကလေးပဲ...
မေမေသမီးလေးမွေးမှာနော်.. မေမေပျော်မယ်လို့ ဆုတောင်းပါတယ်
သမီးလေ.. မေမေပျော်နေဖို့ပဲ အမြဲဆုတောင်းနေတာပါ..
မေမေငိုရင်.. သမီးလည်း ၀မ်းနည်းတယ်..
မေမေတစ်ယောက်တည်းငိုနေရင်လေ...
မေမေ မကြားနိုင်ရင်တောင်.. သမီးလည်း လိုက်ပြီးငိုနေပါတယ်.. မေမေရယ်..
စတုတ္တလ
×××××
သမီးမှာ မေမေနဲ့တူတဲ့ ဆံပင်လေးတွေပေါက်နေပြီမေမေ..
အဲဒါလေးတွေက တိုတိုသေးသေးလေးတွေပါ.. ဒါပေမယ့်
မေမေ့လို နူးနူးညံ့ညံ့ ပျော့ပျော့ပြောင်းပြောင်းလေးတွေ
သမီးအခု လေ့ကျင့်ခန်းတွေလုပ်နေတယ်..
မေမေ့ဗိုက်ထဲမှာလေ..
ခေါင်းကို ဘယ်ညာယမ်းလိုက် ..
ခြေထောက်တွေ တွန်းကန်လိုက်နဲ့လေ..
မေမေခံစားမိတယ်ဟုတ်..
ပဥ္ဒမလ
××××
မေမေ ဒီနေ့ဆရာဝန်ဆီသွားခဲ့တယ်.. သူမေမေ့ကိုလိမ်နေတာမေမေသိရဲ့လား
သမီးကို.. ကလေးမဖြစ်သေးဘူးတဲ့..
သူလျှောက်ပြောနေတာမေမေ.. တကယ်က သမီးက ကလေးလေးပါ..
မေမေ့ သမီးကလေးလေ... သမီးခံစားတတ်တယ်..
သမီးတွေးတောတတ်တယ်လေ...ဒါနဲ့စကာ
ကိုယ်ဝန်ဖျက်ချတယ်ဆိုတာ ဘာကိုပြောတာလဲဟင်..
ဆဋ္ဌမလ
×××××
ဒီဆရာဝန်အသံကို ကြားရပြန်ပြီမေမေ.. အဲဒိဆရာဝန်ကို သမီးမကြိုက်ဘူး..
သူ့ကိုကြည့်ရတာ.. အေးစက်ပြီး.. နှလုံးသားမရှိတဲ့လူကြီးလိုပဲ..
မေမေ...မေမေ..
သမီးနေတဲ့အခန်းလေးထဲကို ဘာကြီးဝင်လာတာလဲမသိဘူး..
ဟိုဆရာဝန်ပြောတော့ အဲဒါ အပ်တဲ့..
အဲဒါကြီးက နာလိုက်တာမေမေ..
မေမေ..
သမီးရှောင်လို့မရဘူး.. သမီးကိုကယ်ပါ....မေမေရယ်..
သူ့ကို ရပ်ခိုင်းလိုက်ပါ...
အား...
အရမ်းနာတယ်.. မေမေ.. သမီးကိုကယ်ပါနော်...
သတ္တမလ
×××××
မေမေ.. သမီးအခု အေးအေးဆေးဆေးဖြစ်နေပါပြီ...
ဘုရားသခင်က သမီးကိုချီထားတယ်လေ..
ကိုယ်ဝန်ဖျက်ချတယ်ဆိုတာဘာလဲဆိုတ
သမီးရောသူရော နားမလည်တာတစ်ခုရှိတယ်..
ဘာလို့ ဒီလက်ဆောင်လေးကို မေမေလက်မခံရဲတာလဲဟင်...
(သိုးဆောင်းစာတိုပေစလေးတစ်ခုအား
Sayar Chan
0 comments:
Post a Comment