Related Posts Plugin for WordPress, Blogger...

Wednesday, August 28, 2013

၆၂ လမ်း တောင်ဘက်ခြမ်း ဈေးခေါ်ကောင်းလာ


၆၂ လမ်း တောင်ဘက်ခြမ်း ဈေးခေါ်ကောင်းလာ

ခင်ဆုဝေ

မန္တလေးမြို့၏ အချက်အချာကျသော မြို့တွင်းတစ်နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ - ခင်ဆုဝေ
မန္တလေး အိမ်ခြံမြေ ဈေးကွက်တွင် အပိုင်းလိုက် သတ်မှတ်ပြီး ဈေးခေါ် ကောင်းခဲ့ရာ ၆၂ လမ်း တောင်ဘက်ခြမ်းနှင့် ပရံတော် ချောင်းနားတွင် ဈေးခေါ်ကောင်းလာခဲ့ကြောင်း အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ခေါ် သည်။
၆၂ လမ်းပေါ်ရှိ မြေကွက်များ ဈေးကောင်းခဲ့ရာတွင် သိပ္ပံလမ်းနှင့် မနော်
ဟရီကြားတွင်ဈေးခေါ်ကောင်းခဲ့ပြီးနောက် ယခုနှစ်ဆန်းပိုင်းတွင် တောင်
ဘက်ခြမ်းသို့ ဆက်လက်၍ ဈေးခေါ်ကောင်းလာခဲ့သည်ဟု ဆိုသည်။
"၀ယ်သူက နှစ်မျိုးရှိတယ်၊ အခြေချနေထိုင်မယ့်သူရယ်၊ ၀ယ်ရောင်းလုပ် မယ့်သူရယ်ဆိုပြီးတော့ပေါ့။ ၀ယ်ရောင်းလုပ်မယ့်သူ အနေနဲ့ ဈေးကောင်း မယ့်နေရာတွေထက် ပိုပြီးကောင်းလာ မယ့်ဘက်ကို
ရွှေ့လာတဲ့သဘော ပါပဲ။နောက်ပြီးတော့ သိပ္ပံလမ်းကြားနဲ့ မနော်ဟရီကြားမှာလည်းအကွက် မကျန် တော့ဘူး။ မထုတ်တော့တဲ့ အတွက် ၆၂ လမ်း တောင်ဘက် ရွှေ့ သွားတဲ့ သဘောပါပဲ"ဟု ၀ါရင့်အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ဆို သည်။
၆၂ လမ်း တောင်ဘက်ခြမ်းတွင် တစ်လတွင်း သိန်း ၃၅၀ ၀န်းကျင်ထိ ဈေးတက်လာခဲ့ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ အခြမ်းတချို့နေရာများတွင် ယခင်က ရှေ့နောက်တွဲ သိန်း ၁,၂၀၀ ဈေးပေါက်ခဲ့ရာမှာ ယခု သိန်း ၁,၇၀၀ ၀န်းကျင်ဈေးပေါက် ခဲ့ကြောင်း သိရသည်။
"၆၂ လမ်း ခေတ်မီရဲစခန်းရုံးက စပြီး အကွက်တွေက ပေ ၈၀၊ ပေ ၆၀ ထိ ဖြစ် လာတယ်။ ဈေးတက်တယ်ဆိုတာက လည်း ဖြစ်လာ မယ့်အလားအလာကို မျှော်ပြီးဈေးတက်လာတာကို ယူဆပါတယ်။ လမ်းဖောက်မယ်ဆိုတဲ့အသံ ကြားရုံနဲ့ပေါ့လေ။ ရဲစခန်းဘက်အခြမ်း တွေကျတော့ နှစ်ကွက်တွဲကို သိန်း၂,၅၀၀ ၀န်းကျင်ခေါ်လာတယ်။ အဲဒီ ၆၂ လမ်းကနေ စက်မှုဘက်ထိ ဆင်းတော့ အဲဒီအပိုင်းမှာ လည်း နှစ်ကွက်တွဲတွေ တွဲပြီး ရောင်းတာပေါ့။ ရှေ့အကွက် ကျပ် ၁,၅၀၀ သတ်မှတ်ပြီးနောက်အကွက် ၅၀၀ ပေါ့။ နှစ်ကွက်တွဲဆိုတော့
ဈေးတမျိုးဖြစ် သွားတယ်လေ။ နောက်ပြီး စက်မှုထဲရောက်တဲ့အပိုင်းမှာ 'နန' အပိုင်းတွေက အမည်ပြောင်းလို့ ရတဲ့အတွက် အရောင်း အ၀ယ်လည်း ပိုကောင်းလာပါတယ်။ တစ်ခုတော့ ရှိတာပေါ့လေ။ တချို့နေရာတွေ ကျတော့ ဈေးခေါ်ရုံပဲလေ။ တစ်ကျပ်တန်တာကို တစ်ကျပ်ခွဲ ဈေးခေါ်တာမျိုးဆိုတော့ ဒါမျိုးက ဒီဈေးဖြစ်တယ်လို့ သတ်မှတ်လို့ရဘူး"ဟု ဦးအောင်စိုးက ဆိုသည်။
ယမန်နှစ်ကတည်းက ၆၂ လမ်းပေါ်ရှိမြေကွက်များ ဈေးကောင်းလာခဲ့ခြင်း ဖြစ်ပြီး ယခုအချိန်တွင် ခေတ်မီရဲစခန်းရုံးတောင်ဘက်သို့ ဆက်လက်ရွှေ့သွား ကာ ဈေးကောင်းလာခြင်းမျိုး ဖြစ်သည်။
"ဆက်သွယ်ရေး ရုံးကြီးအနောက် ပရံ တော်ချောင်းဘက်လည်း အရောင်း အ၀ယ်ကောင်းလာခဲ့တယ်။ အရင် သိန်း၆၇၀ ဆိုရင် အခု သိန်း ၁,၂၀၀၊ ၁,၄၀၀ ဖြစ်လာတယ်။ သိန်း၂,၅၀၀ ထိခေါ်တဲ့လူတွေလည်းရှိတာပေါ့"ဟု ဆိုသည်။
ထို့ပြင် အုပ်ချုပ်မှုအစိုးရ အပြောင်းအလဲကြောင့်လည်း အိမ်ခြံမြေဈေးကွက် ပြောင်းလဲလာဦးမည်ဟု မျှော်လင့်ထားကြောင်း သိရသည်။ မန္တလေး၏ အိမ်ခြံမြေဈေးကွက်သည် အဓိက ကုန်သွယ်ဖက်ဖြစ်သည့် တရုတ်နိုင်ငံ နယ်စပ်နှင့် အိန္ဒိယနိုင်ငံ နယ်စပ်မြို့များ နှင့် ကုန်စည်စီးဆင်းရာမြို့ ဖြစ်သော ကြောင့် ဆက်လက် တည်ငြိမ်နေဦးမည် ဖြစ်ကြောင်းလည်း ၀ါရင့်အိမ်ခြံမြေ အကျိုးဆောင်များက မြန်မာတိုင်း(မ်) ကို ပြောသည်။
"အခု မျှော်လင့်တာက အိမ်ခြံမြေအကျိုးဆောင်တွေ စုပြီး ဖွဲ့စည်းခွင့်ရှိ လာဖို့ပါပဲ။ အဲဒီကျရင် အိမ်ခြံမြေဈေး ပိုတည်ငြိမ်လာပြီး အရောင်းအ၀ယ် ပိုကောင်းလာမယ်လို့အထိ မျှော်လင့်ပါတယ်" ဟု ဆိုသည်။
"၂၀၀၉ အိမ်ခြံမြေမှာ အနည်းငယ် ထိုင်းခဲ့တာကြောင့် ၂၀၁၀ပြည့်နှစ်ထဲမှာ အရောင်းအ၀ယ် ပြန်မတ်လာတဲ့သဘောလည်းပါပါတယ်။ အခု ဒီအတိုင်း ဆက်လက် အိမ်ခြံမြေ အနေအထား ဆက်လက်တည်ငြိမ် နေတယ်"ဟု ၀ါရင့်အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ဆို သည်။
လက်ရှိ မြို့ထဲဘက်ရှိ မြေဈေးကွက် သည် ၈၄ လမ်းပေါ်တွင် မျက်နှာဖွင့် တစ်ပေလျှင် သိန်း ၂၀၀-၃၀၀ ၀န်းကျင်ကြား၊ လမ်း ၈၀ ပေါ်တွင် သိန်း ၂၅၀ မှ သိန်း ၃၀၀ ၀န်းကျင်၊ လမ်း ၃၀ မြောက်ဘက်ပိုင်းတွင် သိန်း ၂၀၀ ပတ်လည်၊ ၈၅ လမ်းနှင့် ၈၆ လမ်းပေါ်တွင် သိန်း ၁၅၀ ၀န်းကျင်ဈေးပေါက်ခဲ့သည်။ ထို့ပြင်မနော်ဟရီလမ်းတောင်ပိုင်းတွင် ဈေး ကောင်းနေကြောင်း သိရသည်။
လမ်း ၃၀၊ ၃၁ လမ်း၊ ၃၂ လမ်း တွေ၊ နောက် ၈၄ လမ်း၊ ၈၅ လမ်း၊ ၇၈လမ်း၊ ၇၃ လမ်းတစ်လျှောက်တွင် အငှားဈေး ကောင်းခဲ့သည်။
အဓိက လမ်းပေါ်ရှိ အိမ်ခြံမြေ ဈေး နှုန်းသည် ၎င်းနှင့် ကပ်လျက် ကြားလမ်း များရှိ ဈေးနှုန်းထက် လေးငါးဆမက များလေ့ မရှိသလို လမ်းပေါ်ရှိ ထောင့်ကွက်များသည်လည်း ကြားကွက်ထက် ဈေးပိုခေါ်နိုင်သည်လည်းဆိုသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U