Related Posts Plugin for WordPress, Blogger...

Thursday, August 1, 2013

အစိုးရနှင့် တအောင်းလွတ်မြောက်ရေးတပ် အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးနိုင်သေး



ပြီးခဲ့သည့် လပိုင်းအတွင်း တပ်မတော် နှင့် တိုက်ပွဲအချို့ ဖြစ်ပွားခဲ့သော တအောင်း (ပလောင်) လွတ်မြောက်ရေးတပ်ဖွဲ့ TNLA နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီတို့ ဇူလိုင်လ ၃၁ ရက်နေ့တွင် တွေ့ဆုံဆွေးနွေး ခဲ့သော်လည်း အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ခြင်း မရှိသေးကြောင်း နှစ်ဖက်ခေါင်းဆောင်များက ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲကို ဇူလိုင်လ ၃၁ ရက်နေ့တွင် ရှမ်းပြည်နယ် မူဆယ်မြို့၌ ကျင်းပခဲ့ခြင်း ဖြစ်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းနှင့် TNLA မှ ဒုတိယ ဗိုလ်မှူးကြီး တာဘုန်းကျော်တို့ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

တအောင်း (ပလောင်) လွတ်မြောက်ရေး တပ်ဖွဲ့ TNLA ဘက်မှ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် အဆင်သင့် မဖြစ်သေး သော်လည်း လာမည့်လပိုင်း အတွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြန်လည် ကျင်းပရန် သဘောတူခဲ့ကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာမှ အကြီးတန်း အကြံပေးတစ်ဦးက ဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အခြေစိုက်သော လက်နက်ကိုင်တပ်ဖွဲ့ များက အရပ်သားများကို အဓမ္မတပ်သားစု ဆောင်းခြင်း၊ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များကို စတင်ပစ်ခတ်မှု ပြုလုပ်ခြင်း၊ ဆက်ကြေး ကောက်ခံခြင်းတို့ကို ပြည်သူများက တိုင်ကြားလာသဖြင့် အဓိကတိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း အဆိုပါ ဆွေးနွေး ပွဲတွင် တပ်မတော်ဘက်မှ ဆွေးနွေးခဲ့သူ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်အောင်စိုးက ဆွေးနွေးပြော ကြားခဲ့သည်။

ယင်းဆွေးနွေးပွဲသို့ ရှမ်းပြည် မြောက်ပိုင်းတပ်မတော် (SSPP/SSA)၊ မွန်ပြည်သစ်ပါတီနှင့် KIO/KIA အဖွဲ့မှ ကိုယ်စားလှယ်အချို့ တက်ရောက်ခဲ့သည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U