Related Posts Plugin for WordPress, Blogger...

Friday, August 9, 2013

ဗုဒ္ဓဘာသာဝင် အမျိုးသမီးကို ဘာသာတူကသာ လက်ထပ်ခွင့် ဥပဒေ ပြဌာန်းရန် ဦးဝီရသူ ကြိုးပမ်း


ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို ဘာသာတူ အမျိုးသားကသာ လက်ထပ်ခွင့်ရှိစေရေးအတွက် ဥပဒေအရ ပြဌာန်းရန် သံဃာတော် များ က ကြိုးပမ်းမည်ဟု မန္တလေး မစိုးရိမ်တိုက်ဆရာတော် ဦးဝီရသူက မိန့်ကြား လိုက် သည်။

ထိုဥပဒေကို ''မြန်မာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ် ဥပဒေ'' ဟု အမည်ပေးထားပြီး လက်ရှိတွင် သံဃာတော်တို့က ပုဒ်မ ကိုးခုပါသော မူကြမ်းကိုရေးဆွဲ ထုတ်ပြန်ထားပြီး လွှတ်တော်က ပြဌာန်းရေးအတွက် ကြိုးပမ်းမည်ဟု ဆိုသည်။

ဇွန် ၁၂ ရက် နံနက်က မှော်ဘီ ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ကျင်းပ ခဲ့ သည့် ဗုဒ္ဓသာသနာတော် ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲ၌
ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ဆရာတော် ဦးဝီ ရသူက အထက်ပါ အတိုင်း မိန့်ကြားလိုက်ခြင်းဖြစ်သည်။

မဇ္ဈိမက သတင်းစာရှင်းလင်းပွဲ၌ ဖြန့်ဝေခဲ့သည့် ယင်း ဥပဒေမူကြမ်းနှစ်ခု၏ မိတ္တူများကို ရရှိထားသည်။ ထို မိတ္တူများအရ အမျိုးသမီးများ လက်ထပ်ခြင်းနှင့်ဆိုင်သည့် ဥပဒေတွင် မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးကို လက်ထပ်မည့် သူသည် ''တရားဝင် ဗုဒ္ဓဘာသာဝင်'' ဖြစ်ရမည်၊
ဘာသာခြားဖြစ်ခဲ့သူက ဗုဒ္ဓဘာသာဝင် အမျိုးသမီးကို လက်ထပ်မည်ဆိုလျှင် ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း တရားဝင် လက်မှတ်ရရှိထားရမည်၊ ယင်း ဥပဒေကို မလိုက်နာပါက ထောင်ဒဏ် ၁ဝ နှစ် ကျခံရမည်ဟု ပါရှိကြောင်းတွေ့ရသည်။


Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U