Related Posts Plugin for WordPress, Blogger...

Saturday, August 31, 2013

ယောနိသော မနသီကာရ


'' လူ့ဘ၀ ဟူသည် အဆင်ပြေအောင်အလျော့အတင်း ပြု၍ နေရခြင်းပင် ဖြစ်၏ ''
ဟု အဆိုရှိ၏ ။
အလျော့အတင်း ပြုနိုင်ဖို့ စိတ်ဓာတ်အင့်အားကောင်းရပေမည်။

လိုတာမရလျှင် အလျှော့မပေး၊ လိုတာရလျှင် ရသည့်အရာကို ကောင်းစွာ အသုံးပြု၊
သင့်သလိုနေ၊ အဆင်ပြေအောင်လုပ်၊ တတ်နိုင်သမျှ ဆင်ခြင်သုံးသပ်ပြီး
စိတ်ကြည်လင်မှုကို ရယူ ....ဟူသော အလေ့အကျင့်မျိုးသည် ဘ၀၌ နေရေးတွင်
အကောင်းဆုံးနည်း ဖြစ်ပေသည်။

ပါဠိလို '' ယောနိသော မနသီကာရ '' မြန်မာလို '' အသင့်အတင့် နှလုံးသွင်း''
ဟူသောနည်းပင် ဖြစ်ပါသည်။

လောကဓံတရားနှင့် မည်သူမျှ မကင်းချေ ။ လောက၌ ဖြစ်မြဲအဖြစ်မျိုးကို
မည်သူရှောင်သွေနိုင်ပါမည်နည်း။

ကြုံတွေ့လာသောအခါ အကောင်းနှင့် ကြုံလျှင် ၀မ်းသာအယ်လဲ ဖြစ်သည်။
မာန်မာန တက်သည်။ အဆိုးနှင့် ကြုံလျှင် ၀မ်းနည်းကြေကွဲဖြစ်သည်။
စိတ်ဓာတ်ကျသည်။

ထိုသို့သာ များလှစွာသော လူတို့သည် ဖြစ်ကြကုန်၏ ။ ထိုသို့မဟုတ်ဘဲ
အကောင်းတွေ့လည်း စိတ်၌ မတုန်လှုပ် ၊ အဆိုးတွေ့လည်း စိတ်ခိုင်ခိုင်ထား၍
ခံယူနိုင်မှသာ လူ့ဘ၀မှာ နေသာ ထိုင်သာ ရှိမည်။

လူ့ဘ၀မှာ အနေတတ်ဖို့ အနေတတ်နည်းပညာ ရှိသည်။
ယင်းသည်ကား ဘ၀ပညာ ပင် ဖြစ်သည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U