Related Posts Plugin for WordPress, Blogger...

Tuesday, September 17, 2013

မိသားစုလုံခြုံရေးကို အာမခံမည်ဆိုလျှင် ဒီပဲရင်း အရေးအခင်းနှင့်ပတ်သတ်သမျှ အားလုံးဖွင့်ချမည်ဟု အငြိမ်းစာဗိုလ်ချုပ်ကြီးခင်ညွန့်ပြောကြား

မိသားစု လုံခြုံရေးကို အာမခံမည်ဆိုလျှင် ဒီပဲရင်း အရေးအခင်းနှင့်ပတ်သတ်သမျှ အားလုံးဖွင့်ချမည်ဟု အနောက်နိုင်ငံ သံရုံးကိုယ်စားလှယ် တစ်ဦးနှင့် လျှို့ဝှက်တွေ့စုံ စဉ် အငြိမ်းစာဗိုလ်ချုပ်ကြီးခင်ညွန့်မှပြောကြား ခဲ့ခြင်းဖြစ်သည် ၊

စစ်တပ်မှ ဖိအားပေး အနားယူခိုင်းခံခဲ့ရသော အငြိမ်းစားအရာရှိများလည်း သူ့နည်းတူ တိုင်းပြည်သို့ ဝန်ခံဖွင့်ချမည့်သူ အများအပြားရှိကြောင်းလည်း ပြောကြားသွားသည်ဟု သိရပါသည် ၊

" အားလုံးက ပြောချင်နေကြပြီလေ ၊ အဲဒီအချိန်တုန်းကတော့ အထက်အမိန့်အရ လုပ်ခဲ့ကြတာလေ ၊ မှားတယ်မှန်တယ် လုပ်သင့်တယ် မလုပ်သင့်ဘူး ပြန်ဝေဖန်ပိုင်ခွင့်မှ မရှိတာ ၊ ခိုင်းတာလည်းလုပ်ပြီးရော အဲဒါက ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် လုပ်ခဲ့သလိုလို နဲ့ အပြင်ကို 

ကောလဟာလလွှင့်တာခံရတယ် ၊ အဲဒါတွေက နောက်ကျောဓါးနဲ့ထိုးလိုက်တာပဲ ၊ ကိုယ့်ကို သမိုင်းတရားခံဖြစ်အောင် ထိုးကျွေးလိုက်တာ ၊ ဒါ ဘယ်သူကမှ မခံနိုင်ဘူးလေ ၊ ကိုယ့်သားစဉ်မြေးဆက်အပေါ် မဟုတ်တဲ့ အမည်းစက်ကြီးဖြစ်နေမှာလေ ၊ အားလုံး 

ဖွင့်ချချင်နေကြတယ် ၊ တစ်ခုပဲရှိတယ် ၊ မိသားစုရဲ့ လုံခြုံရေးကို တိတိကျကျ အာမခံချက်ပေးရမယ် ၊ "

မည်သည့်စိုးရိမ်မှုများကြောင့် မိသားစုလုံခြုံရေးကို အာမခံချက်တောင်းရတာလဲ ဟု သ့ရုံးကိုယ်စားလှယ်မှမေးရာ ၅လောင်းပြိုင်လူသတ်မှု အမှုမှန်မပေါ်မခြင်း အရင်အာဏာရှင်များ၏ နောက်ကွယ်မှ ကြိုးကိုင်မှုများရှိနေသည်ကို အထင်အရှားသိနိုင်ကြောင်း ၊ အချိန်မရွေး 

အသက်အန္တရာယ် စိုးရိမ်နေရကြောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်မှ ပြန်ဖြေခဲ့သည်ဟု သိရပါသည် ၊

သံရုံးကိုယ်စားလှယ်မှ တဆက်တည်းဖြေလို့ရလျှင် မေးစရာတစ်ခုရှိကြောင်း ၊ ဖြေလို့ရလျှင်ဖြေပေးစေလိုကြောင်း ပြောကြားခဲ့ရာ ဗိုလ်ချုပ်ခင်ညွှန့်မှ သဘောတူသဖြင့် အတွင်းရေးမှူး(၂) ဗိုလ်ချုပ်တင်ဦး ရဟတ်ယာဉ်ပျက်ကျခြင်းသည် ဗိုလ်ချုပ်ကြီးခင်ညွန့်၏ ပယောဂပါ 

မပါ သိလိုကြောင်းမေးကြားခဲ့သည် ၊

" အဲဒါကိုလည်း ဖြေချင်နေတာပါ ၊ ကိုယ့် ပယောဂ မပါပါဘူး ၊ လုံးဝကို မပါတာပါ ၊ ကိုယ်တို့ ဟာ လုပ်ဖော်ကိုင်ဖက်တွေပါ ၊ တခါတခါ သဘောထားတိုက်ဆိုင်တာရှိသလို ထိပ်တိုက်ပြောရတာလေးတွေလည်းရှိတာပေါ့ ၊ အခုဟာက အပြင်မှာ ဒီကိစ္စနဲ့ပတ်သတ်လာရင် 

ကိုယ်က တရားခံလိုလို ဘာလိုလို ဖြစ်နေတယ် ၊ ဒါလုံးဝမဟုတ်ပါဘူး ၊ ဒါဘယ်သူလုပ်တယ်ဆိုတာ ကိုယ်သိတယ် ၊ အချိန်တန်ရင် ကိုယ်ဖွင့်ပြောမှာပါ ၊ ကိုယ်မသေခင် တာဝန်ကျေသွားချင်တယ် "

တွေ့ဆုံမှုအစီအစဉ်ကို ပြည်ပရောက် ဗိုလ်မှူးအောင်လင်းထွဋ်မှ စီစဉ်ပေးခဲ့ကြောင်း သိရသည် ၊

Credit @ Hawdeka Khalaylay
Copied @ Hlaing Bwa

external image bow_bar.gifexternal image bow_bar.gifexternal image bow_bar.gifexternal image bow_bar.gifexternal image bow_bar.gifexternal image bow_bar.gifexternal image bow_bar.gifexternal image bow_bar.gifexternal image bow_bar.gifexternal image bow_bar.gifexternal image bow_bar.gifexternal image bow_bar.gifexternal image bow_bar.gifexternal image bow_bar.gifexternal image bow_bar.gifexternal image bow_bar.gifexternal image bow_bar.gifexternal image bow_bar.gif
စာဖတ်သူများနဲ့ ဘလော့ဂါမောင်နှမများအား ခင်မင်လေးစားလျှက် Sayar Chan 
 
0 comments:

Post a Comment

Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U