Related Posts Plugin for WordPress, Blogger...

Sunday, September 8, 2013

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်သံဃာထု သန့်ရှင်းရေးဆောင်ရွက်မည်




နိုင်ငံအတွင်းဝိနည်းနှင့်ညီညွတ်ခြင်းမရှိဘဲ နေထိုင်သည့် အတုအယောင်သံဃာများနှင့် မုန်းတီးရေးများ လိုက်လံဟောကြားလျက်ရှိသော အစွန်းရောက်သံဃာများအား သန့်ရှင်းရေးဆော င်ရွက်နိုင်ရန်သံဃာဂိုဏ်းပေါင်းစုံသာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကို နေပြည်တော်တွင့် ဖွဲ့စည်းလိုက်ကြောင်း ဆရာတော် အရှင်အာစရာ လင်္ကာရက သိမ်တော်ကြီးဗုဒ္ဓသာသနာ့ ဗိမာန်တော်တွင် စက်တင်ဘာလ၇ ရက်နေ့၌ ပြုလုပ်သည့်အဖွဲ့ဖွဲ့ စည်းခြင်းအခမ်းအနားတွင်မိန့်ကြားလိုက်သည်။

မြန်မာနိုင်ငံအတွင်းရှိ သံဃာတော်အချို့သည် လူစည်ကားသည့်အများပြသည်သူ သက်ဆိုင်သည့် နေရာများတွင် ဝတ္တုငွေကြေးများကိုမမှန်ကန်သော နည်းလမ်းများဖြင့်အလှူခံခြင်း၊လောင်းကစားမှု၊ အရက်သေစာ သောက်စားမှုစသည်တို့ ဆောင်ရွက်လျက်ရှိခြင်းတို့ကြောင့်အတုအယောင် သံဃာတော်များအားသန့်ရှင်းအောင် ဆောင်ရွက်နိုင်ရန်နှင့်နိုင်ငံအနှံ့မဏ္ဍပ်ထိုးကာ မေတ္တာရေအေးမတိုက်ကျွေးပဲ အခြားဘာသာတရားများအားစွပ်စွဲပုတ်ခတ်ေ နခြင်းများပပျောက်ရန်အတွက်သံဃာဂိုဏ်းပေါင်းစုံပါသော သာသနာတော်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ကိုဖွဲ့စည်းရခြင်းဖြစ်သည်ဟု ယင်းအခမ်းအနားမှသိရသည်။

“သံဃာဆိုတဲ့နေရာမှာ ခံယူချက်အမျိုးမျိုး အယူအဆ အထွေထွေရှိပါတယ်၊နိုင်ငံရေး၊ လူမျိုးရေး၊ဘာသာရေးအစုံပေါ့၊အခု ၉၆၉ဆိုတာလည်းရှိလာပြန်တယ်၊ အစွန်းရောက်တာရော၊အတုအယောင်မှန်သမျှရော တိုက်ဖျက်သွားမှာပါ၊သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ဆီကလည်း အတည်ပြုချက်ရပြီးသွားပါပြီ၊မုန်းတီးရေးဟောကြားပြီး အဓိကရုဏ်းဦးတည်အောင်ဝါဒဖြန့်လှုံ့ဆော်တဲ့ သံဃာတွေကို အဓိကဖမ်းဆီးအရေးယူသွားမှာဖြ စ်ပါတယ်” ဟုအရှင်အာစရာ လင်္ကာရမှမိန့် ကြားသည်။ ယခုကဲ့ သို့အဖွဲ့ဖွဲ့နိုင်ခဲ့ခြင်းကြောင့် တရားပွဲများကိုလည်း မကျင်းပမည့်အလျင အကြောင်းအရာအားကြိုတင်တင်ပြရတော့မည်ဖြစ်ပြီးကန့်သတ်ချက်နှင့် စည်းကမ်းများလည်း ပြဌာန်းရေးဆွဲနိုင်ခဲ့သည်ဟုဆိုသည်။ ထို့ကြောင့် ၉၆၉တရားပွဲများမှာ အကန့်အသတ်ဖြင့်သာ ကျင်းပနိုင်တော့မည်ဖြစ်ကြောင်းနာမည်ကြီး၉၆၉ ဆရာတော် ဦးဝီရသူနှင့် အနီးကပ်ရင်းနှီးသည့် ဆက်ဆံရေးရှိသည့် အမျိုးသားရေးဦး ဆောင်လှုပ်ရှားသူဦးကျော်နန္ဒကိုမှပြောကြားသည်။ ၀ိနည်းနှင့် မညီညွတ်သည့် သံဃာများတွေ့ ပါက သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဖုံးနံပါတ်098628108 သို့ဆက်သွယ် တိုင်ကြားနိုင်ကြောင်းသိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U