Related Posts Plugin for WordPress, Blogger...

Monday, January 13, 2014

App တစ်ခုတည်းနဲ့ Root လုပ်ခြင်း Myanmar Font ထည့်သွင်းခြင်းကို လုပ်ဆောင်နိုင်မည်


ဒီရက်ပိုင်း Android OS ဖုန်းအသုံးပြုသူတွေအတွက် ဘာဆော့ဝဲရေးရင်ကောင်းမလဲလို့ စဉ်းစားရင်းနဲ့ အခုမှဖုန်းစသုံးမယ့် user တွေရော ၊ သုံးနေကျ users တွေရောလိုအပ်မယ့်ဆော့ဝဲတစ်ခုကိုရေး သားဖြစ်သွားပါတယ်။ ဆော့ဝဲနာမည်ကိုတော့MMAS Root & Font Installer လို့အမည်ပေး ထားပါတယ်။ ဒီဆော့ဝဲလေးက ဘာတွေလုပ်ဆောင်ပေးနိုင်မလဲဆိုရင် ဖုန်းကို root လုပ်ခြင်း ၊ မြန်မာဖောင့်ထည့်ခြင်း ၊ မြန်မာကီးဘုတ်ထည့်ခြင်းများကို MMAS Root & Font Installer တစ်ခုထဲနဲ့တင် ဖုန်းကို root လုပ်နိုင် ၊ မြန်မာ Font ထည့်သွင်းနိုင် ၊ မြန်မာကီးဘုတ်ထည့်သွင်းနိုင်ပြီဖြစ်ပါတယ်။ ဒီဆော့ဝဲလေးကို ကျွန်တော် အရင်တုန်းကရေးနေကျဆော့ဝဲပုံစံတွေနဲ့မတူဘဲ ဒီဇိုင်း layout ပိုင်းကိုသိသိသာသာပြောင်းလဲရေးသားထားပါတယ်။ အသုံးများတဲ့ Root Tool တွေဖြစ်တဲ့ vRoot,Baidu Root ဆော့ဝဲများ ၊ users ရဲ့ ဖုန်းတွေကို error အနည်းဆုံးနဲ့ မြန်မာစာထည့်သွင်းပေးမယ့် Z.F.C Zawgyi Changer ၊ မြန်မာကီးဘုတ် အတွက်အကောင်းဆုံးကီးဘုတ်ဖြစ်တဲ့ Bagan Keyboard Pro တို့ကို MMAS Root & Font Installer ဆော့ဝဲထဲမှာတစ်ပါတည်းထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် ဖုန်းကို root လုပ်ချင်သူ ၊ မြန်မာ Font ထည့်ချင်သူ ၊ မြန်မာကီးဘုတ်ထည့်ချင်သူတွေအနေနဲ့ MMAS Root & Font Installer ဆော့ဝဲကို ဖုန်းမှာသွင်းထားလိုက်ရင် အားလုံးပြည့်စုံသွားမှာဖြစ်ပါတယ်။ MMAS Root & Font Installer for Android ကို Android 4.0 နှင့်အထက်ဖုန်းတိုင်းမှာအသုံးပြုနိုင်ပါတယ်။


အားလုံးပဲအဆင်ပြေကြပါစေ။
Credit to ==>သက်နိုင်စိုး (Myanmar Mobile App Store)
 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။


1 comments:

Nice Boy said...

အကိုရေ . . . Z.F.C Install လုပ်ဖို့လုပ်တဲ့အခါမှာ သူက စစ်ဆေးပါတယ်. . . အဲဒီမှာ အပေါ်နှစ်ခုက ရပြီး Busy Box? မှာ အနီနှင့်ပြနေလို့ မပြည့်စုံဘူးပြောပါတယ်. . . အဲဒါဘာကိုဆိုလိုတာလဲ မသိဘူးခင်ဗျာ . . နောက်ပြီး . . အဲဒီ Busy Box ကိုရအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ နဲနဲပြောပြပေးစေချင်ပါတယ်. . . အဲဒါရမှ ဆက်ပြီးတော့ Install font ကို ဆက်နှိပ်လို့ရမှာပါ . .ကွန်တော်စက်က Y300-0000 ပါ. .. အားလုံးအဆင်ပြေပြီး . . အဲဒီမှာ ရပ်နေလို့ ဘာဆက်လုပ်ရမှန်းမသိတော့ပါဘူး . . ကျေးဇူးပြုပြီး . . ကူညီပေးစေလိုပါတယ်. . . ကျေးဇူးတင်ပါတယ်. . . အကိုရေ . .

လေးစားလျက် -
ဟိန်းလတ် (nicelittleboy@gmail.com)

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U