Related Posts Plugin for WordPress, Blogger...

Sunday, September 15, 2013

တောင်ပြိုမှုကြောင့် မန္တလေး-မြစ်ကြီးနား ရထားသွားလာမှု ၁၁ နာရီကြာ ရပ်ဆိုင်း

http://sayarchan.blogspot.com/
မန္တလေး-မြစ်ကြီးနား မီးရထားလမ်းတွင် ရှိသော ဘုံချောင်းဘူတာနှင့် နန်းခမ်းဘူတာကြားရှိ ဘုံချောင်းတောင်ကြားတွင် တောင်ပြိုလာ မှုကြောင့် ကျောက်တုံးကြီးများ ရထားလမ်းပေါ်သို့ ပြုတ်ကျလာကာ ရထားသွားလာမှု ၁၁ နာရီကြာ ရပ်ဆိုင်းခဲ့ကြောင်း မြစ်ကြီးနားမှ မန္တလေးသို့ ထွက်ခွာလာခဲ့သော ၄၄ အစုန် စာပို့အထူးပါဆယ်ရထား စက်ခေါင်းမောင်းများထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး

ဝန်းသိုမြို့နယ်ရှိ ဘုံချောင်းတောင်ကြားတွင် စက်တင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီ မိနစ် ၃၀ ခန့်က ကျောက်တုံးကြီးများ ပြိုကျမှုကြောင့် ရထားလမ်း သွားလာမှု ၁၁ နာရီခန့် ရပ်ဆိုင်းခဲ့ရကြောင်း ၎င်းတို့က ပြောကြားသည်။

အဆိုပါ ကျောက်တုံးများ ပြိုကျ၍ ရထားသံလမ်း ပိတ်နေသည်ကို လမ်းသစ် ဖောက်လုပ်ရန်အတွက် တောင်ကမ်းပါးယံများ ညှိနေသော ကုမ္ပဏီတစ်ခုက မြေကော်စက် (Backhoe) ဖြင့် ဖယ်ရှားပေးခဲ့ပြီး စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၁ နာရီခန့်တွင် ကျောက်တုံးများ ရှင်းလင်းသွားကာ ရထားပြန်လည် ထွက်ခွာနိုင်ခဲ့ကြောင်း အဆိုပါရထားမှ စက်ခေါင်းမောင်းများက ပြောကြားသည်။

http://sayarchan.blogspot.com/

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U