Related Posts Plugin for WordPress, Blogger...

Friday, September 6, 2013

မြန်မာလူမျိုးတို့ရဲ့ စည်းလုံးညီညွတ်မှုနဲ့  မျိုးချစ်စိတ်ဓာတ်တို့ ကို တစ်ကမ္ဘာလုံးက အံ့အားသင့်သွားအောင် ပြသနိုင်ခဲ့ပါပြီ...



Miss Supranational ပြိုင်ပွဲရဲ့ Miss Internet ဆုအတွက် အွန်လိုင်းငွေချေစနစ် ဖြင့် မဲပေးရွေးချယ်ရာတွင် Credit/Debit Card Payment System သုံးစွဲမှု မတွင်ကျယ်သေးတဲ့ မြန်မာနိုင်ငံက
နိုင်ငံသားတိုင်း Credit/Debit Card သုံးနေကြတဲ့ ကမ္ဘာ့နိုင်ငံအားလုံးကို အနိုင်ယူနိုင်ခဲ့ပါပြီ.... ခင်ဝင့်ဝါရဲ့ အောင်မြင်မှုနဲ့  မြန်မာလူမျိုးတွေရဲ့ မျိုးချစ်စိတ်၊ စည်းလုံးညီညွတ်မှုတို့ က အရမ်းပဲဂုဏ်ယူဖို့ ကောင်းပါတယ်...

ခင်ဝင့်ဝါကို Miss Internet ဆုရရှိအောင် ကြိုးစားပေးခဲ့ကြတဲ့ မြန်မာပရိသတ်များ၊ အထူးသဖြင့် ပြည်ပမှာရောက်ရှိနေကြတဲ့ မြန်မာမိသားစု မိဘညီအစ်ကိုမောင်နှမများအားလုံးကို ကျေးဇူးအထူးပင်တင်ရှိပါတယ်...

မြန်မာပြည်က Official Voting အတွက် မဲပေးလို့ မရလို့ စိတ်ညစ်နေကြတဲ့ မြန်မာပရိသတ်တွေလည်း စိတ်ညစ် မနေကြပါနဲ့ ။ ပြည်ပ က ညီအစ်ကို မောင်နှမတွေက ကူညီပေးခဲ့ကြပါပြီ....

ခင်ဝင့်ဝါက Miss Supranational ပြိုင်ပွဲကြီးမှ ချီးမြှင့်တဲ့ Miss Internet ဆုအပြင်
မြန်မာ ပရိသတ်များအားလုံး Internet Connection မကောင်းတဲ့ကြားက အိပ်ရေးအပျက်ခံ၊ မောက်စ်ပျက်အောင် အားကြိုးမာန်တက် မဲပေးရွေးချယ်အားပေးခဲ့ကြတဲ့
ဘီလာရုပ်စ်Website မှ ချီးမြှင့်တဲ့ Most Beautiful Girl In the World ဆု
Missosology မှ ချီးမြှင့်ပေးတဲ့ People Choice Award နဲ့  Face of Miss Supranational 2013 ဆု
တွေကို ပါ ခင်ဝင့်ဝါက မြန်မာပြည်အတွက် ဂုဏ်ယူစွာ သယ်ဆောင်လာတော့မှာပါ.....

မြန်မာလူမျိုးတွေဟာ
ဘယ်လောက်ပဲအခက်အခဲအတားအဆီးတွေရှိရှိ
ဘယ်နေရာဘယ်ဒေသရောက်ရောက်
တစ်သွေးတည်းတစ်သားတည်း စည်းလုံးညီညွတ်မှု၊ မျိုးချစ်စိတ်ဓာတ်တွေနဲ့  အောင်မြင်မှုတွေ ကို ရယူပိုင်ဆိုင်နိုင်တယ်ဆိုတာ
ခင်ဝင့်ဝါရဲ့ Miss Internetဆုလေးက သက်သေပြလိုက်ပါပြီ...

Congratulations Miss Supranational Myanmar - Khin Wint Wah!!!
Congratulations Myanmar!!!
We love Myanmar!!!
We are Myanmar!!!

Miss Supranational Myanmar ထံမှ ကူးယူဖော်ပြပါသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U