Related Posts Plugin for WordPress, Blogger...

Monday, June 16, 2014

Site Map ( ဒီဘလော့အတွက် မြေပုံ )

မင်္ဂလာပါ..

ဒီဘလော့ကို လာလည်သူတွေအနေနဲ့ အခက်အခဲမဖြစ်၊ အချိန်မကုန်ရလေအောင် ဒီဘလော့နဲ့ ပတ်သက်ပြီး အလွယ်ဆုံးဖြစ်အောင် ဒီမြေပုံကို ရေးသားရခြင်းဖြစ်ပါတယ်..

ဘာမှ မသိသေးသူတွေအနေနဲ့ ဒီဘလော့မှာ ကိုယ် လိုချင်တာကိုရှာဖို့အရင် သိထားရပါမယ်..
ဘယ်လိုရှာမလဲ?
ပထမဆုံး အပေါ်တန်းမှာ ခေါင်းစဉ်တွေရှိတယ်။ ကျွန်တော့်ဆီမှာ Ebook, နည်းလမ်းများ၊ Softwares စသည်ဖြင့် အုပ်စုလိုက်တွေပါ။ ခေါင်းစဉ်တစ်ခုကို ထောက်လိုက်ရင် Drop Down နဲ့ ပြထားတယ်.. အဲဒါကိုနှိပ်ပြီးရှာနိုင်ပါတယ်။


အသေးစိပ်တစ်ခုချင်းကိုတော့ Categories, Blog Label, Label, ခေါင်းစဉ်များ စသည်ဖြင့် နာမည်တပ်ပြီး အုပ်စုလိုက်လေးတွေခွဲထားလေ့ရှိပါတယ်.. အဲဒါတွေဟာ ကိုယ်ရှာဖို့ လွယ်အောင်လုပ်ထားတာပါ။ ဥပမာအားဖြင့် မိတ်ဆွေက Root နဲ့ပတ်သက်တဲ့ Software လေးတွေလိုချင်ဆိုပါစို့.. Label အောက်မှာ Root Tools ဆိုတာကိုနှိပ်လိုက်ရင် Root Tools နဲ့ပတ်သက်တဲ့ Software တွေချည်းပဲ တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော့်ဘလော့မှာတော့ ညာဘက်မှာ ထည့်ထားပါတယ်...


--
နောက်တစ်ခုက Search Box မှာ ကိုလိုချင်တာကို ရိုက်ထည့်နိုင်ပါတယ်.. အဲဒီအကွက်လေးကတော့ Search, Search Here စသည်ဖြင့် စာသားလေးကိုတွေ့နိုင်ပြီး ဘေးမှာ မှန်ဘီလူးပုံလေးနဲ့ဖြစ်ပါတယ်...

-

ကိုယ်လိုချင်တာ တွေ့ပြီ လိုချင်တယ်။ ဒါဆိုရင် Download လုပ်ရတော့မယ်.. ဘယ်လိုလုပ်ရမှန်းမသိဘူးဆိုရင် ကျွန်တော် ဒေါင်းလော့လုပ်နည်းများ ဆိုတဲ့ ခေါင်းစဉ်သီးခြားရေးပေးထားပါတယ်။ အဲဒါကို နှိပ်လိုက်ပါ။ ဒေါင်းလော့လုပ်နည်းအမျိုးမျိုးကိုမြင်တွေ့ရမှာဖြစ်ပါတယ်။

-
ဒါဆိုရင်တော့ မိတ်ဆွေများ လိုချင်တာကို ရှာဖွေရယူနိုင်မယ်လို့ယုံကြည်ပါတယ်။ ဒေါင်းလို့မရတာ၊ မယူတတ်တာကိုတော့ ' ဒေါင်းမရပါ၊ မရပါ " လိုမပြောဘဲ ဘယ်လိုဒေါင်းမရတာလဲ။ လင့်သေနေတာလား၊ လင့်မှားနေတာလား။ ဒေါင်းရင်းနဲ့ ရပ်သွားတာလား။ စသည်ဖြင့် ကွဲပြားစွာ ပြောဖို့ လိုအပ်ပါမယ်။ ဒါမှ ကျွန်တော် ဘာလုပ်ပေးရမယ်ဆိုတာ သိမှာပါ။

အဆင်မပြေလို့ အခက်အခဲရှိလို့ ဆက်သွယ်ချင်ရင်တော့

sayarchan@gmail.com ကို အီးမေးပို့နိုင်ပါတယ်။ ( သို့)Ph-09-33584590
ဒါမှမဟုတ် သက်ဆိုင်ရာ ပို့စ်တွေရဲ့ အောက်မှာ Comment ပေးနိုင်ပါတယ်။ ပြန်လည်ဆက်သွယ်စေချင်ရင် မိမိတို့ရဲ့ ဆက်သွယ်ရမယ့် Email နဲ့ဖုန်းနံပါတ် ကိုပါ ရေးထားခဲ့ကြပါလို့ ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

မိတ်ဆွေများ အဆင်ပြေကြပါစေ
Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U