Related Posts Plugin for WordPress, Blogger...

Tuesday, October 8, 2013

ထိုင်ဝမ် ရုပ်သံမင်းသမီး Dee Hsu ၏ ခင်ပွန်းအား နိုင်ငံ၏ လုံခြုံရေး အက်ဥပဒေအရ တရားစွဲဆိုခဲ့ခြင်း




ထိုင်ဝမ် ရုပ်သံမင်းသမီး Dee Hsu ၏ ခင်ပွန်းဖြစ်သူ Mike Hsu ဆိုသူသည် နိုင်ငံ၏ လုံခြုံရေး အက်ဥပဒေနှင့် သွေဖီနေသည့် စီးပွားရေး လုပ်ငန်း တစ်ခုတွင်

အဓိက ပါဝင် ပတ်သတ်နေကြောင်း ထိုင်ဝမ် အာဏာပိုင်များမှ ယမန်နေ့က တရားစွဲဆိုခဲ့ကြောင်း သိရှိရသည်။

၎င်းတို့၏ စီးပွားရေး လုပ်ငန်း တစ်ခုဖြစ်သော Top Pot Bakery မှ ထုတ်လုပ်သည့် စားသောက်ကုန်များတွင် တားမြစ်ထားသည့် ပါဝင်ပစ္စည်းတချို့ ပါဝင်နေကြောင်း ၊ Top Pot ၏ မိခင် Company ဖြစ်သည့်
Genome International Biomedical Co.Ltd (GIBC) အနေဖြင့်လည်း Company တွင်း ကျင့်သုံးလျက် ရှိသည့် စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ဆောင်ချက်များတွင် မလျော်ကန်မှုများ ရှိနေကြောင်း စစ်ဆေး တွေ့ရှိခဲ့သည်။ သို့သော်လည်း အဆိုပါ ပြစ်မှုများတွင် မင်းသမီး Dee Hsu က ပါဝင်ပတ်နေခြင်း မရှိကြောင်း၊ သို့သော်လည်း မင်းသမီး အပါအ၀င် ပတ်သတ်ဆယ်နွယ်နေသူများ အားလုံးကို စုံစမ်း စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်သွားဦးမည် ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြား ခဲ့သည်။


Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U