အမေရိကန် မင်းသမီး Julian Moore သည် ဟောလိဝုဒ် Boulevard ၏ ကျော်ကြားသူများ လမ်းမပေါ်တွင် ၂၅၀၇ ခုမြောက် ဂုဏ်ပြု ကြယ်ပွင့်အား
ရရှိခဲ့ကြောင်း
သိရှိရသည်။ သူမ၏ Carrie အမည်ရှိ ဇာတ်ကား ထွက်ရှိပြီး သီတင်းပတ်
တစ်ပတ်အကြာ ယခုကဲ့သို့ ဂုဏ်ပြုခံရခြင်း ဖြစ်သည်။ ထိုသို့
ဂုဏ်ပြုချီးမြှင့်ခံရခြင်းနှင့် ပတ်သက်၍ လွန်စွာ ၀မ်းမြောက်ဝမ်းသာ
ဖြစ်မိကြောင်း ၊ ဆက်လက်၍လည်း အနုပညာ လှုပ်ရှားမှုများစွာဖြင့် ပရိသတ်အား
ကြိုးစား တင်ဆက်သွားမည် ဖြစ်ကြောင်း အသက် (၅၂) နှစ်အရွယ်ရှိ မင်းသမီး Moore
က ပြောကြားခဲ့သည်။
Moore သည် သရုပ်ဆောင်ရာတွင်လည်း တခြားမည်သူ့ကိုမှ
အတင်းအကြပ် ဖိအားပေး လုပ်ဆောင်ခြင်းမျိုး မရှိဘဲ ပူးပေါင်းဆောင်ရွက်မှု ၊
ညှိနှိုင်းဆွေးနွေးမှုကိုသာ ရှေ့တန်းတင် အလုပ် လုပ်ဆောင်လေ့ ရှိကြောင်း ၊
ထိုသို့သော စိတ်ဓာတ်ကောင်း ၊ အရည်အချင်း ကောင်းများကြောင့်
ယခုကဲ့သို့
အောင်မြင်စွာ ဂုဏ်ပြုခံရခြင်း ဖြစ်ကြောင်း Game Change ဇာတ်ကားဒါရိုက်တာ
Jay Roach ၊ သရုပ်ဆောင်ဒါရိုက်တာ Joseph Gordon-Levitt တို့ အပါအ၀င် တခြား
အနုပညာရှင် လုပ်ဖော်ကိုင်ဖက်များက ၀ိုင်းဝန်း ချီးကျူးပြောဆိုခဲ့ကြသည်။
Boogie Nights ၊ The Big Lebowski၊ Magnolia၊ Hannibal၊ Son of Man ၊
Crazy Stupid Love အစရှိသည်တို့ အပါအ၀င် ရုပ်ရှင်ဇာတ်ကားပေါင်း (၆၀) ကျော်
သရုပ်ဆောင်ခဲ့ပြီး အော်စကာ ဆုအတွက် လေးကြိမ်အထိ အမည်စာရင်း တင်သွင်းခြင်း
ခံခဲ့ရသည်။
Sayar Chan
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
4 years ago
0 comments:
Post a Comment