Related Posts Plugin for WordPress, Blogger...

Tuesday, October 8, 2013

အသက် (၁၀၂) နှစ် အရွယ်ရှိ ဗီယက်နမ် လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ် Giap ကွယ်လွန်ပြီ




 ပြင်သစ်နှင့် အမေရိကန် တပ်များတို့အား ပြောက်ကျား စနစ်ဖြင့် ထူးချွန်ထက်မြက်စွာ တိုက်ခိုက်ခဲ့သည့် အသက် (၁၀၂) နှစ် အရွယ်ရှိဗီယက်နမ် နိုင်ငံ လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ် Vo Nguyen Giap သည် ယမန်နေ့ ည ဒေသစံတော်ချိန် ၆း၀၈ နာရီက ကွယ်လွန်သွားခဲ့ကြောင်း သိရှိရသည်။

တော်လှန်ရေး ခေါင်းဆောင် Ho Chi Minh ၏ တစ်ဦးတည်းသော ခေတ်သစ် ဗီယက်နမ် နိုင်ငံအတွက် ဒုတိယ တော်လှန်ရေး မျိုးဆက်ဖြစ်သည့် Giap သည် ဗီယက်နမ် ပြည်သူ့ တပ်မတော်တွင် အမှုထမ်းခဲ့သည့် ထူးချွန်စစ်သည် တစ်ဦးဖြစ်ပြီး လွတ်လပ်ရေး ကြိုးပမ်းမှု ကာလအတွင်း ပြောက်ကျား စနစ်ဗျူဟာဖြင့် နယ်ချဲ့များအား စွမ်းစွမ်းတမံ တိုက်ထုတ်ခဲ့သည့် ဗီယက်နမ် နိုင်ငံအတွက် အထင်ကရ သူရဲကောင်း တစ်ဦးလည်း ဖြစ်သည်။ Giap ကွယ်လွန်သွားသည်နှင့် တပြိုင်နက် နိုင်ငံသူနိုင်ငံသားများက အွန်လိုင်းများမှ တဆင့် ၀မ်းနည်းကြောင်း စာလွှာများ ရေးသားပေးပို့ကြသည့် အပြင် ၄င်းတို့၏ ခေါင်းဆောင်ကြီး ယခုကဲ့သို့ ကွယ်လွန်ခဲ့သည် မှန်သော်လည်း နိုင်ငံသူနိုင်ငံသားများ အားလုံးရင်ထဲတွင် အမြဲတမ်း ရှင်သန်နေမည် ဖြစ်ကြောင်း သက်ဆိုင်ရာ ၀က်ဘ်ဆိုဒ် စာမျက်နှာများတွင် ရေးသားကာ ၀မ်းနည်းကြေကွဲကြောင်း ဖော်ပြခဲ့ကြသည်။

Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U