Related Posts Plugin for WordPress, Blogger...

Thursday, September 12, 2013

ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်လုပ်ကိုင်သည့် Day Club အား စစ်ဆေးကာပိတ်သိမ်း




ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၂)ရပ်ကွက်၊ ကမ္ဘောဇလမ်း၊ အမှတ်(၁၅)တွင် (Black & White)အမည်ဖြင့် Day Club ဖွင့်လှစ်ထားပြီး ဆယ်ကျော်သက်အရွယ် ကျား/မ လူငယ်များ အရက်သေစာ
သောက်စားကာ ဆူညံစွာကခုန်လျက်ရှိသည့်အတွက် အနီးပတ်ဝန်းကျင်ရှိ ပြည်သူများစိတ် အနှောက်အယှက်ဖြစ်ရကြောင်း၊
Club မှထွက်လာသည့် လူငယ်များသည် မူးယစ်နေကြ၍ ယာဉ်များအား အရှိန်ပြင်းစွာမောင်းနှင်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းများ မကြာခဏ
ဖြစ်ပေါ်လေ့ရှိကြောင်း သတင်းရရှိသဖြင့် ၉.၉.၂၀၁၃ ရက်နေ့
၁၆၀၀ အချိန်တွင် ဗဟန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်သာယာလက်ထောက်အုပ်ချုပ်ရေးမှူး တို့ပါဝင်သောအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးခဲ့ရာ ဆိုင်နှင့်ပတ်သက်သည့် ယစ်မျိုးလိုင်စင်၊ လုပ်ငန်းလိုင်စင်၊ ဗီဒီယိုလိုင်စင်များ မရှိသဖြင့် ၁၀.၉.၂၀၁၃ရက်နေ့
၁၀၀၀ အချိန် ဗဟန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင်
ဆိုင်မန်နေဂျာ ကိုအောင်ကိုခိုင်အားခေါ်ယူ၍ ယစ်မျိုးရောင်းချခြင်း၊
Day & Night Club ဖွင့်လှစ်ခြင်းတို့မပြုရန်၊ ဆိုင်အားပိတ်ထားရန် ၀န်ခံကတိပြုလက်မှတ်ရေးထိုးထားရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U