ရှစ်လေးလုံး ၂၅ နှစ်ပြည့်ချိန်မှာ ရှစ်လေးလုံးနဲ့အတူပေါ်ပေါက်လာတဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီလည်း ၂၅ နှစ် ပြည့်ပါပြီ။
ပါတီ တည်ထောင်ခြင်း နှစ်ပတ်လည်နေ့များကို ခါတိုင်းတော့ ပြည်ပနိုင်ငံတွေမှာပဲ ကျင်းပခဲ့ကြပါတယ်။
ဒီနှစ်တော့ ရန်ကုန်မြို့မှာ ကျင်းပဖို့ စီစဉ်နေကြပါပြီ။
ပါတီက
တည်ထောင်စမှာတော့ အင်အားကြီးပါတီတခု ဖြစ်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်
လူထုအုံကြွမှုမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ ဦးဆောင်ခဲ့သူများ
တည်ထောင်ခဲ့တဲ့ပါတီဖြစ်ပါတယ်။
မြန်မာပြည်ရဲ့ ၁၉၉၀ နဲ့ ၂၀၁၀ ကြား
အခြေအနေအရပ်ရပ်ကြောင့် ပါတီက ထိုင်းမြန်မာနယ်စပ်မှာ ရပ်တည်ခဲ့ရတာပါ။
အခုတော့ ဒီမိုကရေစီဖော်ဆောင်ချိန်ကာလဖြစ်တဲ့အတွက် မြန်မာပြည်တွင်း
ပြန်လည်အခြေချ လှုပ်ရှားနိုင်တဲ့အခြေအနေကို ရောက်လာပါပြီ။ ပါတီကို
ရွေးကောက်ပွဲကော်မရှင်မှာ မကြာခင် ပြန်လည် မှတ်ပုံတင်ဖွယ်ရှိပါတယ်။
ပါတီ
သက်တမ်း ၂၅ နှစ်ပြည့် အခမ်းအနား ကျင်းပမှာကတော့ မနက်ဖြန် တနင်္လာနေ့
(အောက်တိုဘာ ၁၄ ရက်နေ့) မနက် ၁၀ နာရီ ဖြစ်ပါတယ်။ နေရာက ပုံမှာ
ဖော်ပြထားတဲ့အတိုင်း သင်္ဃန်းကျွန်းမြို့နယ်မှာဖြစ်ပါတယ်။
Sayar Chan
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago
0 comments:
Post a Comment