ဟေ့….
ကားပေါ် ဖင်ကုန်းတက်တတ်ရင်
အနုပညာရှင် ဖြစ်တဲ့ ဒီခေတ်ကြီးမှာ
ငါ့ကဗျာ
စပွန်ဆာ ရစရာလိုလို့လား။
မိတ်ကပ်လိမ်းတဲ့ အခြောက်မတွေ
ဟိုစင်ဒီစင် ကူးနေတဲ့ ခေတ်မှာ
ဟောဒီငါ့ကဗျာ
မဂ္ဂဇင်းမှာ ပါစရာလိုလား။
နလဗိန်းတုံး စကားတွေနဲ့
လက်ခုပ်သံ ချူစားနေကြတဲ့ ခေတ်မှာ
ရင်ဘတ်ထဲက ငါ့ကဗျာ
ပရိသတ်ကို ချပြစရာလိုသလား။
အမေမွေးတဲ့ရုပ်နဲ့ မော်ဒယ်ဖြစ်မယ်
အမေမွေးတဲ့ အသံနဲ့ အဆိုတော်ဖြစ်မယ်
ကဗျာဆရာဆိုတာက
အမေမွေးရုံနဲ့ မဖြစ်ဘူး
နာကျင်မှုကို ပါရမီဖြည့်ရတယ်….မှတ်ထား။
ဒီမှာ
ကဗျာဆရာအဖြစ်ကို ရွေးပြီး
ဆိတ်သုဉ်းတဲ့ဘ၀မှာ နေပေးသူတွေဟာ
အလိုလို ဖြစ်လာတာမဟုတ်ဘူး
ခပ်ညံ့ညံ့တွေနဲ့နှိုင်း
ကျုပ်တို့ အနုပညာမှာ လာမရိုင်းနဲ့
ဒီအတိုင်း ပါးစပ်ပိတ်
ကဗျာဆရာရှေ့မှာ တိတ်တိတ်နေ…..ဒါပဲ။
နေ၀န်းနီ(ခ)Sayar Chan
ဟေ့….
ကားပေါ် ဖင်ကုန်းတက်တတ်ရင်
အနုပညာရှင် ဖြစ်တဲ့ ဒီခေတ်ကြီးမှာ
ငါ့ကဗျာ
စပွန်ဆာ ရစရာလိုလို့လား။
မိတ်ကပ်လိမ်းတဲ့ အခြောက်မတွေ
ဟိုစင်ဒီစင် ကူးနေတဲ့ ခေတ်မှာ
ဟောဒီငါ့ကဗျာ
မဂ္ဂဇင်းမှာ ပါစရာလိုလား။
နလဗိန်းတုံး စကားတွေနဲ့
လက်ခုပ်သံ ချူစားနေကြတဲ့ ခေတ်မှာ
ရင်ဘတ်ထဲက ငါ့ကဗျာ
ပရိသတ်ကို ချပြစရာလိုသလား။
အမေမွေးတဲ့ရုပ်နဲ့ မော်ဒယ်ဖြစ်မယ်
အမေမွေးတဲ့ အသံနဲ့ အဆိုတော်ဖြစ်မယ်
ကဗျာဆရာဆိုတာက
အမေမွေးရုံနဲ့ မဖြစ်ဘူး
နာကျင်မှုကို ပါရမီဖြည့်ရတယ်….မှတ်ထား။
ဒီမှာ
ကဗျာဆရာအဖြစ်ကို ရွေးပြီး
ဆိတ်သုဉ်းတဲ့ဘ၀မှာ နေပေးသူတွေဟာ
အလိုလို ဖြစ်လာတာမဟုတ်ဘူး
ခပ်ညံ့ညံ့တွေနဲ့နှိုင်း
ကျုပ်တို့ အနုပညာမှာ လာမရိုင်းနဲ့
ဒီအတိုင်း ပါးစပ်ပိတ်
ကဗျာဆရာရှေ့မှာ တိတ်တိတ်နေ…..ဒါပဲ။
နေ၀န်းနီ(ခ)Sayar Chan
0 comments:
Post a Comment