အောက်တိုဘာ ၁၇ ရက် မွန်း လွဲ ၁၂ နာရီခွဲက တာမွေမြို့နယ်
ကျောက်မြောင်းကြီးအရှေ့ရပ်ကွက် အောင်မင်္ဂလာလမ်း ခြောက်လွှာနေ
ဦးအောင်ကျော်မျိုး၏အတူ နေညီမဖြစ်သူ မအိရွှေစင် (စကားမပြောတတ်သူ)မှာ
အသောကဈေးမှ ဈေးဝယ်ပြီး နေအိမ်တိုက်ခန်းသို့ ပြန်လာရာသုံးလွှာလှေကားအရောက်
အပေါ်ထပ်မှ ဆင်းလာသော အသက် ၂ဝ နှစ်ခန့်ရှိ အမျိုးသားတစ်ဦးက မအိရွှေစင်အား
ခန္ဓာကိုယ်ချင်း ဝင်တိုက်၍ လဲကျစဉ် မအိရွှေစင် ဝတ်ဆင်ထားသော အလေးချိန် ၁၂ ပဲ ၂
ရွေးရှိ ခရားပုံရွှေဆွဲကြိုးတစ်ကုံးနှင့်
အလေးချိန် ၂ ပဲ ၆ရွေးရှိ
စိန်လော့ကတ်သီးတစ်ခု စုစုပေါင်း တန်ဖိုး ငွေကျပ် ၉၆၅ဝဝဝ တို့ကို
လုယူထွက်ပြေးသွားသဖြင့် စုံစမ်းအရေးယူပေးရန် တိုင်တန်းမှုအား
တာမွေမြို့မရဲစခန်းက အမှုဖွင့်၍ ၄င်းအမျိုးသားကို ဖမ်းဆီးရမိရေး
စုံစမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စုံစမ်းဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၂ဝ
က ပြစ်မှုကျူးလွန်သူ အောင်စိုး (ခ) အငယ်ကောင် ပုဗ္ဗသီရိမြို့နယ်နေသူအား
သက်သေခံ ပစ္စည်းနှင့်အတူ ဖမ်းဆီးရမိစစ်ဆေး လျက်ရှိကြောင်း သိရသည်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago




1:33 AM
sayarchan.blogspot.com
0 comments:
Post a Comment