Related Posts Plugin for WordPress, Blogger...

Wednesday, October 9, 2013

အမျိုးသမီး ဘော်ဒါဆောင်ရှေ့ ဂစ်တာ တီးနေစဉ် အမည်မသိ လူငါးဦးမှ ဓားဖြင့် ၀င်ခုတ်




ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့ (၁၃)ရပ်ကွက် အောင်မြင့်မိုရ် အမျိုးသမီး ဘော်ဒါဆောင်ရှေ့ ဦးမှန်း လမ်းပေါ်၌ ယမန်နေ့ ည ၁ဝ နာရီ မိနစ် ၅ဝ က ဂီတာတီးနေသော အဖွဲ့အား အမည်မသိ လူငါးဦးမှ တုတ်၊ ဓားများဖြင့် ဝင်ရောက် ခုတ်မှုဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်မှာ တောင်ငူမြို့ (၁၃)ရပ်ကွက် အမှတ်(၁၃/၃၇ဝ) အောင်မြင့်မိုရ် အမျိုးသမီး ဘော်ဒါဆောင် ရှေ့၌ ဂီတာတီး နေသော အောင်ခန့်ထည် ၂ဝ နှစ်(ဘ) ဦးဝင်းမြင့်အောင် (ရန်ကင်းအဆောင်) မိုးသောက်ကြွယ် ဘုရားလမ်း (၂)ရပ်ကွက် တောင်ငူမြို့တွင် ယာယီနေထိုင်ပြီး ၎င်း၏ သူငယ်ချင်း များ ဖြစ်သော
ချမ်းမြေ့အောင် ၁၉ နှစ် (ဘ)ဦးတင်မျိုးနိုင်၊ နောင်ထွန်းလွင် ၂၁ နှစ် (ဘ)ဦးမောင်လွင်၊ ဖြိုးဇော်သူ ၂၁ နှစ် (ဘ)ဦးဇော်ဝင်း ဈေး ရပ်ကွက် ကျွဲပွဲမြို့ အုတ်တွင်းမြို့ နယ် နေ သူနှင့် ကျော်ဇောလှိုင်(ဘ)ဦးဝင်းနိုင် ကြံပိုရွာ ညောင်လေးပင်မြို့နယ် နေသူ တို့ငါးဦးသည် ဦးမှန်းလမ်းပေါ်၌ ဂီတာတီးရန် ရောက်ရှိစဉ် ဦးမှန်းလမ်း ကြားမှ အမည်မသိ လူငါးဦးက တုတ်၊ ဓားများ ကိုင်ဆောင် ၍ ရောက်ရှိ လာပြီး အောင်ခန့် ထည်တို့ အဖွဲ့ ဂီတာတီးသည့် ကိစ္စကို မကျေနပ်သဖြင့် တုတ်၊ ဓား များဖြင့် ဝိုင်းခုတ် ရာအောင်ခန့်ထည် တွင် ဝဲဘက်ချိုစောင်း ပြတ်ရှဒဏ်ရာ၊ ဘယ်လက်ဖျံ ပြတ်ရှဒဏ်ရာ၊ ညာချိုစောင်း ပြတ်ရှ ဒဏ်ရာ (မစိုးရိမ်ရ)နှင့် ကျော်ဇောလှိုင်တွင် ဘယ်လက်ကောက်ဝတ် ပြတ်ရှဒဏ်ရာ၊ ညာချိုစောင်း ဖူးရောင်ဒဏ်ရာ၊ ညာနားရွက်ပွန်းပဲ့ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့သဖြင့် တောင်ငူပြည် သူ့ ဆေး ရုံကြီး၌ အတွင်းလူနာ အဖြစ် ဆေးကုသမှု ခံယူလျက်ရှိသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တုတ်၊ဓားများဖြင့် ဝိုင်းခုတ်သွားသော အမည် မသိ လူငါးဦးအား တောင်ငူ မြို့ အမှတ် (၂)ရဲစခန်းမှ(ပ)၃၃၇/၂ဝ၁၃၊ ပုဒ်မ-၃၂၅/၃၂၆ အရ အမှုဖွင့်၍ တရားခံ ဖမ်းဆီးရ မိရေး ဆောင် ရွက်လျက် ရှိကြောင်း သိရသည်

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U