Related Posts Plugin for WordPress, Blogger...

Wednesday, October 9, 2013

ဆင်ကတ်နှစ်ခု ထည့်သုံးနိုင်တဲ့ HTC စမတ်ဖုန်းအသစ်

မြန်မာစာ စနစ်ပါဝင်တဲ့ ဖုန်းမော်ဒယ်တွေ ဖြန့်နေတဲ့ HTC က သူ့ရဲ့ ပစ္စည်းသစ်တခုကို ရန်ကုန်မှာ ဒီကနေ့ မိတ်ဆက် လိုက်ပါတယ်။


ဒီမနက် ရန်ကုန်မြို့ မိတ်ဆက်ပွဲမှာ
HTC စမတ်ဖုန်းအသစ်တွေနဲ့ တွေ့ရတဲ့မော်ဒယ်နှစ်ဦး (ဓာတ်ပုံ - ဂျေပိုင်/ဧရာဝတီ)
အဲဒါကတော့ ဆင်ကတ် ၂ ခု ထည့်သုံးနိုင်တဲ့ဖုန်းပါပဲ။ အဲဒီ စမတ်ဖုန်းကို
HTC Desire 600c လို့ အမည်ပေးထားပါတယ်။

ရောင်းဈေးက သုံးသိန်းခွဲ ဖြစ်ပါတယ်။
အတိအကျ ပြောရရ ကျပ် ၃၄၉,၀၀၀

ဒီဖုန်းကို အဖြူ နဲ့ အနက် အရောင် နှစ်မျိုး ၀ယ်နိုင်ပါတယ် တဲ့။

ဆိုခဲ့သလိုပဲ ဆင်ကတ် ၂ ခု ထည့်သုံးနိုင်တဲ့ဖုန်း ဆိုတော့ ကတ် ၂ ခု ရှိတဲ့သူတွေ သဘောကျပါလိမ့်မယ်။
ကတ် ၂ ခု ပိုင်ဆိုင်မယ့် အစီအစဉ် ရှိသူများလည်း စိတ်ဝင်စားကြမှာပါ။
ဖုန်း ၂ လုံး ကိုင်စရာ မလိုတော့ဘူးပေါ့။
တပြိုင်နက်တည်းမှာတော့ ကတ် ၂ ခုလုံးကနေ စကားပြောလို့ မရပါဘူး။
ဖုန်းလိုင်းတခု သုံးနေတုန်း နောက်ဖုန်းလိုင်းတခုရဲ့ အ၀င်ခေါ်ဆိုမှုကို လက်ခံပေးထားနိုင်ပါတယ် တဲ့။
(ဆိုလိုတာကတော့ … ဖုန်းကတ်တခုသုံးနေ ပြောနေတုန်း တခြားကတ်တခုကို ၀င်လာတဲ့ဖုန်းကလည်း အသံမြည်နေပါလိမ့်မယ်)

ဒီဖုန်းလေးက မြန်မာနိုင်ငံက အများဆုံး အသုံးပြုတဲ့ CDMA နှင့် GSM SIM ကဒ် နှစ်ခုစလုံး အသုံးပြုလို့ရတဲ့ ဖုန်းပါ” လို့ HTC Myanmar ရဲ့ အရာရှိတယောက်ဖြစ်တဲ့ ဦးခိုင်စိုးက ပြောပါတယ်။
ဒီဖုန်း ၀ယ်မယ် ဆိုရင် အာမခံ တနှစ်ခွဲ ပေးပါတယ် တဲ့။
ထည့်ထားတဲ့ ကင်မရာလည်း တခြား HTC စမတ်ဖုန်းတွေလိုပဲ အရည်အသွေး ပထမတန်းစားပါပဲ လို့ ဆိုပါတယ်။
မြန်မာပြည်မှာ ဟွာဝေး ဟန်းဆက်တွေ လူသုံးများပါတယ်။ ဆမ်ဆောင်းကိုလည်း သုံးကြပါတယ်။
ဒီဈေးကွက်ကို HTC ၀င်တိုးနေတာ ဖြစ်ပါတယ်။

HTC ရဲ့ ဘော့စ်က Mr. Peter Chou  ဖြစ်ပါတယ်။ သူ မြန်မာပြည်ဖွားဖြစ်တဲ့အကြောင်း ဧရာဝတီမှာ ဖော်ပြခဲ့ပြီးပါပြီ။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U