မင်းသားကြီးဦးကျော်သူရဲ့ စာအုပ် လာမယ့် ရက်ပိုင်းအတွင်း ဖြန့်ပါတော့မယ်။ စာအုပ်ကို ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင် လို့ အမည် ပေးထားပါတယ်။
စာအုပ်ကို "နိုဝင်ဘာလ(၁)ရက်နေ့ စတင်ဖြန့် ချီတော့မည်ဖြစ်ပါကြောင်း....." လို့ ဦးကျော်သူက သူ့ဖေ့စ်ဘုတ်မှာ ဒီမနက် ရေးထားပါတယ်။
သူ့မွေးနေ့မတိုင်ခင် တရက်အလိုမှာ ဖြန့်မယ့်သဘောပါ။
စာအုပ်မှာ ဘာတွေ ပါမလဲ???ကျော်သူ ကောက်ကြောင်း၊
ပုံရိပ်ပိုင်ရှင် ကျော်သူ၊
ဗြဟ္မစိုးနှလုံးသားပိုင်ရှင် ကျော်သူ၊
ကျော်သူ့အသံ၊
မာဃစိတ်ထား၊
သံဝေဂကထာ စသည့် အခန်းခွဲများဖြင့် ပုံနှိပ်ထုတ်ဝေလိုက်ပါတယ် လို့ ကြော်ငြာမှာ ရေးထားပါတယ်။
သူ့ဘ၀၊
သူ့အနုပညာ၊ သူ့အလုပ်နဲ့ အနာဂတ် စိတ်ကူးစိတ်သန်းများကို တစုတဝေးတည်း
ဖတ်ရှုရမှာဖြစ်ပါတယ် လို့ စာအုပ်ကြော်ငြာမှာ ဆက်ရေးထားပါတယ်။
လက်ရှိအခြေအနေအတိုင်းဆိုရင် ဦးကျော်သူက သမ္မတ မဖြစ်နိုင်ပါဘူး။
ဗိုလ်ချုပ်ကြီးတို့ရဲ့အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားချက်အရဆိုရင် သမ္မတဆိုသူဟာ စစ်ရေးအတွေ့အကြုံ ရှိရပါလိမ့်မယ်။
တကယ်တမ်းမှာတော့ ဦးကျော်သူကလည်း သမ္မတဖြစ်လိုသူ မဟုတ်ဘူးလို့ ယူဆရပါတယ်။
Sayar Chan
http://sayarchan.blogspot.com
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago




12:46 AM
sayarchan.blogspot.com
0 comments:
Post a Comment