ကမ္ဘာ့ဘဏ်
ဌာနချုပ်တွင် ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ မိန်းကလေးများနေ့၌ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ
ဂျင်ယုံကင် (၀ဲ)နှင့် မာလာလာတို့ကို တွေ့ရစဉ် (Photo:AFP)
ကမ္ဘာပေါ်ရှိ
အမျိုးသမီးများ ပညာသင်ခွင့်အတွက် ရပ်တည်သူ တစ်ဦးဖြစ်လာသော
ပါကစ္စတန်ကျောင်းသူ မာလာလာယူဆွတ်ဇိုင်က ပညာရေးကို ထိပ်တန်းဦးစားပေးအဖြစ်
သတ်မှတ်ရန် ကမ္ဘာ့ဘဏ်ကို အောက်တိုဘာ ၁၁ ရက်တွင် တောင်းဆိုခဲ့သည်။ မာလာလာသည်
ဝါရှင်တန် အခြေစိုက် ကမ္ဘာ့ဘဏ် ရုံးချုပ်တွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာ
မိန်းကလေးများနေ့ အခမ်းအနား တက်ရောက်စဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့ဘဏ်အတွက်
မာလာလာ၏ အကြံပြုချက်ကို ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ဂျင်ယုံကင်က တောင်းခံခဲ့ရာ
"ကမ္ဘာ့အဖွဲ့အစည်းတွေဟာ ကျန်းမာရေး၊ အေအိုင်ဒီအက်စ်နဲ့ အခြားအစီအစဉ်တွေအတွက်
ငွေကြေးအမြောက်အမြား သုံးစွဲပါတယ်။ ဒါပေမဲ့ အဖွဲ့အစည်းတွေ အားလုံးဟာ
ပညာရေးကို ထိပ်တန်းဦးစားပေးအဖြစ် သတ်မှတ်ရမယ်လို့ ကျွန်မထင်ပါတယ်" ဟု
မာလာလာက ပြောကြားခဲ့သည်။
ယင်းဦးစားပေးမှုက ကလေးအလုပ်သမား၊
ကလေးလူကုန်ကူး ခံရခြင်း၊ ဆင်းရဲမွဲတေမှုနှင့် အေအိုင်ဒီအက်စ် စသည်တို့ကို
တစ်ပြိုင်နက်တည်း တိုက်ဖျက်ပေးမည်ဖြစ်ကြောင်း အသက် ၁၆ နှစ်အရွယ် မာလာလာက
ပြောကြားခဲ့သည်။
ကမ္ဘာ့ဘဏ်သည် မာလာလာ ဖောင်ဒေးရှင်းကို
အမေရိကန်ဒေါ်လာ သန်း ၂၀၀ လှူဒါန်းခဲ့ကြောင်း ကင်ကကြေညာခဲ့သည်။ ကမ္ဘာတစ်ဝန်း
အမျိုးသမီးများ ပညာသင်ခွင့် ရရှိရန်အတွက် ကူညီရန် မာလာလာက
ယင်းဖောင်ဒေးရှင်းကို ထူထောင်ထားသည်။
မာလာလာက သူ၏ဖခင်သည်
သားများကို ဦးစားပေးသော ပါကစ္စတန် လူ့အဖွဲ့အစည်းတွင် အမျိုးသမီးများ၏
အခွင့်အရေးများအတွက် လှုံ့ဆော်ခဲ့ကြောင်း၊ ယင်းအတွက် ဖခင်ဖြစ်သူကို
တာလီဘန်များ၏ တိုက်ခိုက်ခံရနိုင်သည်ကို အသက် ၁၃ နှစ်နှင့် ၁၄ နှစ်ခန့်တွင်
ခံစားမိခဲ့ပြီး မိမိကို တိုက်ခိုက်လာနိုင်ခြေ အတွက်လည်း
ကြိုတင်ပြင်ဆင်ခဲ့ကြောင်း မာလာလာက ပြောကြားခဲ့သည်။ အမျိုးသမီးများ
ပညာသင်ခွင့် တောင်းဆိုမှုကြောင့် မာလာလာသည် ပြီးခဲ့သောနှစ် အောက်တိုဘာ ၉
ရက်က တာလီဘန်များ၏ သေနတ်ဖြင့် ပစ်ခတ်ခြင်း ခံခဲ့ရသည်။
ယင်းနောက်
မာလာလာသည် ကမ္ဘာတစ်ဝန်း အမျိုးသမီး ပညာသင်ခွင့် လှုံ့ဆော်ရေး
ပြယုဂ်ဖြစ်လာပြီး ယခုနှစ် ငြိမ်းချမ်းရေး နိုဗယ်ဆု ပေးအပ်ခံရမည်ဟု
ထင်ကြေးပေးခံ ခဲ့ရသည်။ နိုဗယ်ဆုနှင့် လွဲချော်ခဲ့သော်လည်း အမျိုးသမီး
လူ့အခွင့်အရေးအဖွဲ့ RAW in War က ပေးအပ်သော အန်နာပိုလစ်ကော့စကာယာ
အထိမ်းအမှတ်ဆုကို အောက်တိုဘာ ၄ ရက်တွင် ရရှိခဲ့သည်။ မာလာလာ နိုဗယ်ဆု
လွဲချော်ခဲ့ခြင်းကို ၀မ်းမြောက်ကြောင်း၊ ပါကစ္စတန် တာလီဘန်အဖွဲ့
Tehreek-e-Taliban က ပြောကြားခဲ့သည်။ မာလာလာ ဆုရရှိခြင်းများနှင့် ပတ်သက်၍
"မာလာလာ ဘာမှမလုပ်ပါဘူး။ အစ္စလာမ်ကို ဆန့်ကျင်နေလို့ ဆုတွေရနေတာပါ" ဟု
ပါကစ္စတန် တာလီဘန်များက ပြောခဲ့သည်။
မာလာလာသည် အောက်တိုဘာ ၁၀ ရက်က
ဥရောပ၏ ဂုဏ်သိက္ခာ ကြီးမားသော ဆာခါရော့ လူ့အခွင့်အရေးဆုကို ရရှိခဲ့ပြီးနောက်
မာလာလာကို အမေရိကန်နှင့် ဗြိတိန်တွင် ရှိနေလျှင်ပင် သတ်မည်ဟု TPP က
ခြိမ်းခြောက်ခဲ့သည်။ မာလာလာ၏ အတ္ထုပ္ပတ္တိစာအုပ် 'I Am Malala: The Girl Who
Stood Up for Education and Was Shot by the Taliban' သည် မကြာသေးမီက
ထွက်ရှိခဲ့သည်။ ဆရာဝန် ဖြစ်ချင်ခဲ့သော မာလာလာက ယခုအခါ အပြောင်းအလဲများ
ဖော်ဆောင်ရန်အတွက် နိုင်ငံရေးသမားတစ်ဦး ဖြစ်လိုကြောင်း ပြောကြားသည်။
Sayar Chan
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago
0 comments:
Post a Comment