ဗုံးပေါက်ကွဲမှုများ
ဆက်တိုက် ဖြစ်ပွားနေသည့် မြန်မာနိုင်ငံတွင် လုံခြုံရေး တိုးမြှင့်ရန်
ကျပ်သန်းခြောက်ထောင် အသုံးပြုကာ လုံခြုံရေးနည်းပညာ အထောက်အကူ ပစ္စည်းများ
နိုဝင်ဘာလအတွင်း ဝယ်ယူတပ်ဆင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့
ရဲချုပ်ဇော်ဝင်းက ပြောကြားသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးတွင် ဗုံးရှင်းလင်းရေးများ ဆောင်ရွက်နေပြီး ဗုံးရှင်းလင်းရေး
အဖွဲ့များ ဖွဲ့စည်းရန် လုပ်ဆောင်နေကြောင်း၊ အကြမ်းဖက်မှုများကို ဥပဒေအရ
ကာကွယ်ရန် အကြမ်းဖက်မှု ဥပဒေမှုတစ်ရပ်ကို ရေးဆွဲနေပြီး မကြာမီ လွှတ်တော်ကို
တင်သွင်းသွားမည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။
"နိုင်ငံတကာနဲ့ ပြည်သူလူထု တွေရဲ့ စိုးရိမ်မှုတွေကို လျှော့ချနိုင်မှာပါ" ဟု ရဲချုပ်ဇော်ဝင်းက ထပ်မံ ပြောဆိုသည်။
၂၀၁၄ ခုနှစ်တွင် SEA Games ကျင်းပမည့် ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပုသိမ်တို့ရှိ နေရာများတွင်
လုံခြုံရေးဝန်ကြီးများကိုယ်တိုင
"အမျိုးသားလုံခြုံရေးအဆင့် ထားပြီး ဆောင်ရွက်နေပါတယ်။ SEA Games ပတ်သက်ပြီး စိုးရိမ်စရာမရှိပါဘူး" ဟု ရဲချုပ်ဇော်ဝင်းက ပြောကြားသည်။
ခရီးသွားများ
အများအပြား ဝင်ရောက်လေ့ရှိသည့် နေရာများဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ ပုဂံ
စသည့် နေရာများရှိ ဟိုတယ်ဝန်ထမ်းများကို လုံခြုံရေးဆိုင်ရာ သင်တန်းများ
စတင်ပေးသွားမည် ဖြစ်ကြောင်း ၄င်းက ထပ်မံပြောဆိုသည်။
အောက်တိုဘာလ
အတွင်း ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့နှင့် ရန်ကုန်၊ မန္တလေး၊
စစ်ကိုင်းတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ် နမ့်ခမ်းမြို့တို့တွင်
ပေါက်ကွဲခဲ့သည့် ဗုံးပေါက်ကွဲမှု များကြောင့် လူသုံးဦးသေဆုံးပြီး ငါးဦး
ဒဏ်ရာရရှိခဲ့သည်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago
0 comments:
Post a Comment