မန္တလေးမြို့တော် ရွှေဘဲစားသောက်ဆိုင် အတွင်းမှ တွေ့ရှိရသည့် ဗုံး (လက်လုပ်မိုင်း) ပိုင်ရှင်ဟု ယူဆခံရသူ မြန်မာနိုင်ငံသား တစ်ဦးနှင့် မလေးရှားနိုင်ငံသူ တစ်ဦးတို့ကို သက်ဆိုင်ရာက ခေါ်ယူ စစ်မေး နေသော်လည်း ထူးခြားမှု တစ်စုံတစ်ရာ မတွေ့ရသဖြင့် အောက်တိုဘာ ၁၆ ရက်နေ့ ညနေပိုင်းတွင် ပြန်လွှတ်ခဲ့ပြီး သံသယရှိသူ နှစ်ဦးကို ထပ်မံ ဖမ်းဆီးမည် ဖြစ်ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ နှစ်ဦးကို အောက်တိုဘာ ၁၅ ရက်နေ့က ခေါ်ယူ စစ်မေးခဲ့ခြင်း ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ဗုံးပေါက်ကွဲမှုနှင့် ဗုံးတွေ့ရှိရသည့် ဖြစ်စဉ်များနှင့် ဆက်စပ်၍ စုံစမ်းမေးမြန်းခဲ့ကြောင်း ၎င်းဆိုသည်။
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် လမ်း ၈၀ နှင့် ၁၆ လမ်းထောင့် ရွှေဘဲ စားသောက်ဆိုင်တွင် အောက်တိုဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်ခန့်က စားပွဲထိုး ဦးအောင်သက်ဝေက စားပွဲနံပါတ် ၁၄ အောက်တွင် ကြွပ်ကြွပ်အိတ် အမည်းဖြင့် အထုပ်တစ်ထုပ် တွေ့ရှိခဲ့ပြီး ဖြေကြည့်ရာမှ ဗုံးတွေ့ရှိခဲ့သဖြင့် အမှတ် (၅) ရဲစခန်းသို့ အကြောင်းကြားခဲ့ကြောင်း ယင်းဖြစ်စဉ်များအရ သိရသည်။
အဆိုပါ စားပွဲတွင် အထုပ်တွေ့ရှိစဉ် စားသောက်နေသူ မြန်မာနိုင်ငံသား တစ်ဦးနှင့် အမေရိကန်-မလေး-တရုတ်လူမျိုး မလေးရှားနိုင်ငံသူ တို့ကို ခေါ်ယူစစ်မေးခဲ့ခြင်း ဖြစ်ကြောင်း မန္တလေး ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူက ထပ်မံပြောကြားသည်။
ယင်းအပြင် မန္တလေးမြို့တော် အပါအဝင် မြို့ကြီး အချို့တွင် ဗုံးပေါက်ကွဲမှုနှင့် ဗုံးလန့်မှုများ ဖြစ်ပွားလျက် ရှိသော်လည်း မန္တလေးခရိုင်အတွင်း ကျင်းပမည့် ဘုရားပွဲတော် စသည့် ပွဲမိန့်များကို ပိတ်မည် မဟုတ်ကြောင်း မန္တလေးခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက ပြောကြားသည်။
မန္တလေး အဆင့်မြင့် ဈေးချိုတော်တွင် အောက်တိုဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက ဗုံးလန့်မှု ဖြစ်ပွားပြီးနောက် မီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
“ပွဲမိန့်တွေ မပိတ်ပါဘူး။ ခွင့်ပြုပေးပါတယ်” ဟု ၎င်းက ဆိုသည်။
မန္တလေးမြို့တော်တွင် ပွင့်လင်းရာသီ သီတင်းကျွတ်ကာလ ရောက်သည်နှင့် ဘုရားပွဲတော် ကျင်းပမှု များပြားပြီး ယခုရက်ပိုင်းတွင် ကျောက်တော်ကြီး ဘုရားပွဲတော်၊ ကုသိုလ်တော် ဘုရားပွဲတော်များ ကျင်းပလျက်ရှိရာ ပြည်သူများ အနေနှင့် သတိရှိသင့်ကြောင်း မန္တလေးမြို့ခံများက ပြောကြားသည်။
facebook ရဲ့ account
setting အကြောင်းအပိုင်း ( ၁ )
facebook ရဲ့ account setting အကြောင်းအပိုင်း ( ၁ ) ။ facebook ရဲ
့အကောင့်  setting တွေကို ကျွမ်းကျွမ်းကျင်ကျင်
နားလည်သဘောပေါက်လိုသူများအတွက်ပါ။ဒီနေ့ မှာတော့  general setting နှင့် 
security အကြောင်းကိုနည်းနည်းလေးရှင်းပြပေးပါမယ်။ဒီအကြောင်းတွေကိုနားလည်
သဘောပေါက်သွားပြီဆိုရင်မိတ် ဆွေ
တို့ တွေရဲ့ အကောင့် တွေဟာလုံခြုံမှု ရှိလာမှာဖြစ်သလို မသိနားနိုးနဲ့ 
ထိတ်လန့် ကြောက်ရွံ့ နေစရာမလိုတော့ ပါဘူးခင်ဗျာ။ဒီနေရာမှာ facebook ကို
အသုံးပြုတာကြာတဲ့ မိတ်ဆွေတွေအနေနဲ့ ကတော့ 
သိပြီးသားဖြစ်ကောင်းဖြစ်မှာပါ။ဒါပေမယ့် အခြေခံကနေစပြီး အများသူငှာလေ
့လာနိုင်အောင် ယခုလိုဖော်ပြပေးလိုက်တာပါခင်ဗျာ။
ganeral account setting
---------------------------------------------------
ဒီအဆင့် မှာတော့ ရှင်းပြစရာထွေထွေထူးထူးမရှိပါဘူး။အောက်ကပုံလေးထဲကအတိုင်း
name = ဆိုတာကတော့ မိမိနာမည်ပါ။
username =ကတော့ မိမိအသုံးပြုနေတဲ့ အကောင့် နာမည်ပါ။ သူ
့ကိုသူငယ်ချင်းတွေကို မိမိလိပ်စာပေးတဲ့ နေရာမှာအသုံးပြုလို့ ရပါတယ်။
email = ကတော့ မိမိရဲ့ အီးမေးလိပ်စာပါ။
networks =ဆိုတာကတော့ သာမန်user တစ်ယောက်အနေနဲ့ မသုံးပါဘူး
language =ဆိုတာကတော့ ဘာသာစကားတွေပြောင်းတဲ့ နေရာပါ။ facebook
ကိုမြန်မာလိုသုံးချင်သူများအတွက်ဆိုရင်တော့  အဲဒီနေရာမှာ
မြန်မာလိုပြောင်းလဲသုံးစွဲလို့ ရပါတယ်။
Security setting
---------------------------------------
ဒီကောင်လေးကတော့ မိမိတို့ ရဲ့ အကောင့် လုံခြုံရေးအတွက်မဖြစ်မနေသိထားသင်
့ပါတယ်။အောက်မှာ
အသေးစိတ်ကိုရှင်းပြပေးထားပါတယ်။
Secure browsing
-------------------------------------
ဒီကောင်လေးကိုတော့  virus ,spam , hacker
တွေရန်မှကင်းဝေးအောင်အသုံးပြုပါတယ်။အောက်ကပုံလေးလိုမျိုး edit
ကိုနိပ်ပြီးအမှန်လေးခြစ်ထားပေးရင်save change လုပ်ထားပေးရင်
အကာအကွယ်တစ်ခုတော့ အထောက်အကူရပါတယ်။
login notification
----------------------------------
ဒီကောင်လေးကတော့ မိမိတို့  account ကို အသုံးပြုတိုင်း message လေးနဲ
့မိမိကိုသတိပေးပါတယ်။ ဒီနေရာမှာ အီးမေး message လိုချင်ရင် email message
နေရာမှာ အမှန်ခြစ်ပေးထားရင် မိမိတို့ အကောင့် ကို ဝင်ရောက်တိုင်း မိမိရဲ
့အီးမေး ကို message ပို့ ပေးမှာဖြစ်ပါတယ်။
login apporvals
----------------------------
login apporvals လုပ်တယ်ဆိုတာကတော့  unknow browser တွေနဲ့ မိမိတို့ အကောင်
့ကိုဝင်ရောက်မယ်ဆိုရင် မိမိ ခွင့် ပြု ချက်ရမှာသာ ဝင်ရောက်လို
့ရပါတယ်။ဒီနေရာမှာ မိမိက ကိုယ့် ရဲ့  password ကိုပြောပြပြီး
တစ်ခြားသူငယ်ချင်းတစ်ယောက်ကို ဝင်ခိုင်းသည်ထားအုံး မိမိရဲ့ ခွင်
့ပြုချက်မရရှိပါက ။မိမိအကောင့် ကို ဘယ်လိုမှဝင်ရောက်လို
့မရနိုင်ပါ။။တကယ်လို့ လုံခြုံရေး တိုးမြှင့် သည့် အခါမျိုး
တွင်သုံးနိုင်ပါသည်။အောက်မှာပြထားသည်
့ပုံလေးထဲကအတိုင်းအမှန်ခြစ်လေးပေးလိုက်ပါ။
ဒီနေရာမှာအောက်ကပုံလေးအတိုင်း get started ကိုနိပ်လိုက်ရင် မိမိတို့ 
account ကို login ဝင်တိုင်း ဖုန်းကနေ security code
ရယူပြီးလုံခြုံရေးကိုနှစ်ထပ် ထပ်မံတိုးမြှင့် လို့ ရပါတယ်။
code generator
----------------------------------
code generator ဆိုတာကတော့ facebook application ကို code gerneate နဲ့ 
လုံခြုံ အောင် ပြုလုပ်ခြင်းပါ ။ အသုံးပြချင်တယ်ဆိုရင်တော
့အောက်ကပုံလေးတွေကိုကြည့် ပါ။
အသုံးပြုချင်တယ်ဆိုရင် set up ကိုနိုပ်ပါ။မိမိ password ကိုထည်
့ပါ။ပြီးရင် sumbit ကိုနိပ်ပါ။
မိမိကြိုက်တဲ့  security code ကိုထည့် ပါ။
app password
---------------------------------
app password ဆိုတာကလည်းလုံခြုံရေး ကို ထပ်မံတိုးမြှင့် ထားတဲ့ ( special
password ) ပါပဲ။ဒီကောင်လေးကို မိမိတို့  login ဝင်ရောက်တိုင်း
တစ်ကြိမ်သာအသုံးပြုလို့ ရပါတယ်။login apporvals
ကိုမိမိကအသုံးပြုထားတယ်ဆိုရင် တစ်ခါတစ်လေ အကောင့် ဟာ tempoary lock ကျတဲ
့အခါမျိုးမှာ app password နဲ့ ဝင်ရောက်လို့ ရပါတယ်။အသုံးပြုမယ်ပုံလေးကတော
့(
Account Settings > Security)
Find the App Passwords section and click Edit
Click the Generate app passwords link
Type in the name of the App and click Generate Password
Go to your app and use that password to log in
trusted contant
--------------------------------------
trusted contant ဆိုတာကတော့ မိမိရဲ့ အကောင့် lock out ကျသွားခဲ့ တဲ
့အခါမျိုးမှာ သူငယ်ချင်းတစ်ယောက်ယောက်ရဲ့ အကူအညီနဲ့ ပြန်လည်ရယူချင်ရင်ဒီမှာ
မိမိသူငယ်ချင်းနာမည်ကို ရွေးထားပေးခြင်းအားဖြင့်  မိမိ အကောင့်  lock ကျတဲ
့အခါမှာ အကူအညီရနိုင်ပါတယ်။ကြိုတင်လုပ်ဆောင်သင့် တဲ
့အချက်ကလေးပါပဲ။အသုံးပြုမယဆိုရ်င choose trusted contants ကိုနိပ်ပြီးမိမိ
သူငယ်ချင်းတွေကို add လုပ်ထားနိုင်ပါတယ်။
trusted browser
-----------------------------------
trusted browser ဆိုတာကတော့ မိမိရဲ့  facebook အကောင့် ကိုဝင်ရောက်ခဲ့ တဲ
့browser တွေကိုကြည့် ရှူ ပြီးခြေရာကောက်နိုင်ပါတယ်။ဖုန်းနှင်
့ဝင်ရောက်သွား
တာလား Windows နှင့် ဝင်ရောက်တာလားဆိုတာကွဲကွဲပြားပြား သိနိုင်ပါတယ်။
Where You're Logged In
-----------------------------------------------
Where You're Logged In ဆိုတာကတော့  မိမိ အကောင့် ကိုအသုံးပြုနေတဲ့ နေရာ
ရယ် windows ရယ် browser တွေကို တိတိကျကျ ခြေ ရာကောက် နိုင်ပါတယ်။ (
history လိုက်လို့ ရပါတယ်)
decative account
------------------------------------
decative account ကိုတော့ လုံးဝ(လုံးဝ) မနိပ်ပါနှင့် ခင်ဗျာ facebook
ကြီးကလွမ်းသွားပါလိမ့် မယ်။
ဒီလိုလေးနော်ေိေိ
Source: http://www.aungkyaw.net/2013/10/facebook-account-setting.html
www.aungkyaw.net မှ ပြန်လည်မျှဝေသည်

0 comments:
Post a Comment