ဆရာရှင့်
ကျမ အသက် ၃၉ နှစ်ကျော်ပါရှင်။ ကျမညာဘက်သားဥအိမ်တွင် သွေးလုံးတည်နေတာ ၄.၅
CM ရှိနေပါတယ်။ ဆီးစပ်နှင့်ခါးလည်း အရမ်းကိုက်ပါတယ်။ ခွဲစိပ်ရင်ကောင်းမလား
ဆေးသောက်ရင် ကောင်း မလား ဆိုတာ ဆရာအကြံပေးပါလားရှင်။
ဆရာကိုတစ်ခါမှမမေးဘူးတဲ့အတွက် အမှားရှိရင် ခွင်လွှတ် ပေးပါ။
OVARIAN
CYST ဆိုတာ ဆေးနဲ့တော့ မပျောက်ပါ။ ကြီးလာနိုင်တယ်။ တဖက်တည်းဖြစ်တာ
တော်ပါသေး တယ်။ ကင်ဆာ မဟုတ်တာလဲ ကံကောင်းတယ်။ သွေးဖြစ်နေရင် များလာတဲ့အခါ
ဖိအားသက်ရောက်တာ၊ ပေါက်တာ ဖြစ်ချင်ဖြစ်လာတတ်တယ်။ ခွဲစိတ်ထုတ်ပြစ်တာက
အပန်းမကြီးပါ။
အိမ်ထောင်ရေး၊ ကလေး အခြေအနေပေါ်မူတည်ပြီး အကျိတ်သပ်သပ်ကိုသာ
ထုတ်တာနဲ့ မျိုးဥအိမ်တခုလုံးထုတ်တာ ရွေးချယ်လေ့ ရှိပါတယ်။
(အိုဂျီ)
က အကောင်းဆုံးအကြံပေးတာ ဖြစ်ပါမယ်။ အိမ်ထောင်ပြုလို့
ရောဂါပိုဆိုးမယ်မဟုတ်ပါ။ သား-သမီ ရဘို့တော့ ခက်နိုင်တယ်။ ဒါလဲ
ရာနှုန်းပြည့် မရဘူးမဟုတ်ပါ။ ညာဘက်မှာသာဖြစ်ပြီး ဘယ်ဘက်က အကောင်းရှိနေရင်
ဟော်မုန်း ထွက်တာ၊ မျိုးဥထွက်လာ လုပ်ပေးနေပါလိမ့်မယ်။ အိမ်ထောင်ပြုလို့
ပိုသက် သာလာတာလဲ ဖြစ်နိုင်ပါသေးတယ်။
WED, DEC 26, 2012 AT 9:01 AM
ဆရာ
အကြံပေးမှုကို လက်ခံပါတယ်။ သမီးရဲ့ CA 125 သွေး RESULT ကို ပို
့ပေးလိုက်ပါတယ်။ သမီးရဲ့ OG ကတော့ မခွဲစိပ်နဲ့လို့ ပြောပါတယ်။ ၈
လပိုင်းကတည်းကစပြီး အောင့်တာ ULTRASOUND ရိုက်တော့ ဘာမှ မတွေ့တော့ OG က
MERVALON 3 MONTH ON ပါတယ်။ ဒီလ ၁၂ ပိုင်း နည်းနည်းပြန်အောင့်တာနဲ့
ULTRASOUND ပြန်ရိုက်တာ အခုမှ သွေးလုံးရှိမှန်းသိတော့
အရမ်းကြောက်သွားပါတယ်ဆရာ။ ဒါကြောင့် ဆရာဆီ အကြံတောင်းလိုက်တာပါ။
အိမ်ထောင်ပြုလို
ရ၊ မရ သိချင်ပါတယ် ဆရာ။ နောက်ပြုသင့် မပြုသင့် သိချင်ပါတယ်။
ဘယ်လိုပြုမူနေထိုင် ရမယ်၊ ဘာအစားစာတွေ စားသုံးသင့်တယ်ဆိုတာ သိချင်ပါတယ်။
သမီးရဲ့ သွေးအဖြေက အခြေနေ ကောင်းရဲ့ လားဆရာ။ သမီးက ကြောက်တတတ်လို့ပါ။
RESULT REF:RANGE UNIT REMARK
53.53 <=35 U/ ML HIGH
CA
125 (စီအေ-၁၂၅) ဆိုတာ (ပရိုတင်း) တမျိုးဖြစ်တယ်။ CANCER ANTIGEN
ကင်ဆာဖြစ်စေတဲ့ (အင်တီ ဂျင်) ရဲ့ အတိုကောက် ဖြစ်တယ်။ ဆေးပညာမှာ TUMOR
MARKER ဒါမှမဟုတ် BIOMARKER လို့ခေါ်တယ်။ လူတွေရဲ့ (ဆဲလ်) တွေထဲမှာ တကယ်လို့
ကင်ဆာရှိနေရင် ဒါတွေတွေ့မယ်။ အဓိကအားဖြင့် OVARIAN CANCER
မျိုးဥအိမ်ကင်ဆာမှာ သိသာတယ်။ သံသယရှိတဲ့လူနာရဲ့သွေးကိုစစ်ရတယ်။ (ရင်ပတ်၊
ဝမ်းဗိုက်) က ကိုယ်ခန္ဓာအရည်ကိုလဲ စမ်းနိုင်တယ်။ ဒီ (အင်တီဂျင်) ကို
ဆန့်ကျင်တဲ့ (အင်တီဘော်ဒီ) နဲ့ စမ်းရတာ ဖြစ် YG တယ်။
35 U /ML ထက်နည်းတာက (နော်မယ်လ်) ပုံမှန်အဖြေဖြစ်တယ်။
•
ဓါတ်ခွဲခန်းအဖြေတခုတည်းနဲ့တော့ လူနာမှာ ကင်ဆာရှိနေပြီလို့ ပြောမရသေးပါ။
ကင်ဆာမဟုတ်တဲ့ အကျိတ်တွေ။ တခြားအခြေအနေတွေမှာလဲ ဒီလိုရလဒ်များနေနိုင်တယ်။
• တင်ပါးဆုံတွင်မှာ ကင်ဆာရှိသူ ၉ဝ% သောလူနာတွေမှာ ၆၅ ထက်များနေတယ်။ အကျိတ်ရှိတာလဲ သိမှသာ အသေအချာပြောနိုင်ပါမယ်။
• များနေတဲ့ အမျိုးသမီးတွေထဲက ၃% မှာသာ မျိုးဥအိမ်ကင်ဆာရှိတယ်။
• မျိုးဥအိမ်ကင်ဆာ တကယ်ရှိနေသူတွေထဲက ၂ဝ% မှာ ဒီအဖြေများမနေပါ။
•
ကင်ဆာမဟုတ်တဲ့ ENDOMETRIOSIS (အင်ဒိုမီထရီယိုးဆစ်) UTERINE FIBROIDS
သားအိမ်အလုံး၊ OVARIAN CYST မျိုးဥအိမ်အကျိတ်၊ PANCREATITIS
သရက်ရွက်ရောင်တဲ့ရောဂါမှာလဲ များနိုင်တယ်။
• ကင်ဆာဟုတ်တဲ့ သားအိမ်ပြွန်၊ သားအိမ်နံရံ၊ အဆုပ်၊ အစာလမ်းကြောင်း၊ ရင်သား၊ သရက်ရွက်အကျိတ် တွေမှာလဲ မြင့်နေမယ်။
• သာမန်ရာသီလာချိန်မှာလဲ မြင့်နေနိုင်တယ်။ တင်ပါးဆုံတွင်းအင်္ဂါတွေရောင်နေသူနဲ့ အသဲခြောက်ရောဂါ ရှိသူတွေမှာလဲ များတယ်။
•
ကိုယ်ဝန်ရှိနေရင် ကင်ဆာမရှိဘဲ များနေနိုင်တယ်။ သွေးဆုံးကာနီးတဲ့
အမျိုးသမီးတွေမှာ ကင်ဆာ မဟုတ်တဲ့ အပြောင်းအလဲတွေကြောင့် များနေနိုင်တယ်။
•
ဒီစမ်းသပ်နည်းကို အများဆုံးသုံးတာက OVARIAN CANCER
မျိုးဥအိမ်ကင်ဆာရှိတာသေချာနေသူကို ဆေး ကုသရာမှာ
ထိရောက်မှုသိနိုင်ဘို့ဖြစ်တယ်။ ဒီလိုလူနာတွေကို မကြာမကြာစစ်နေရတယ်။
နည်းနည်းလာရင် ဆေးကုသမှု ထိရောက်တယ်လို့ သိနိုင်တယ်။
ဒါကြောင့်
ဒီစမ်းသပ်နည်းကို ကင်ဆာ ရှိနေ-မနေ သိဘို့ လူအများကိုစမ်းသပ်နည်းတခုအနေနဲ့
မသုံးပါ။ သွေးစစ်လို့ CA-125 များနေတဲ့အမျိုးသမီးကို အကြံပေးနိုင်တာက
ကင်ဆာဆိုပြီး စိုးရိမ်စိတ် မများပါနဲ့၊ ဆရာဝန်နဲ့ဆွေးနွေးပါ ဆိုတာသာ
ဖြစ်ပါတယ်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago
0 comments:
Post a Comment