အောက်တိုဘာ
၁၂ရက် စနေနေ့ နေ့လည်ပိုင်းက အိန္ဒိယ အရှေ့ပိုင်းသို့ အရှိန်ပြင်းပြင်းနှင့်
ဝင်ရောက် တိုက်ခတ်ခဲ့သော ဖိုင်လင်အမည်ရှိ အင်အားပြင်း
ဆိုက်ကလုန်းမုန်ုတိုင်းသည် အမြင့်ဆုံး တစ်နာရီ ၁၆၇ မိုင်အထိ
ဖြစ်သွားနိုင်ကြောင်း အမေရိကန်ရေတပ်၏ တိုင်ဖွန်းသတိပေးစင်တာမှ ကြေညာထားသည်။
ပြီးခဲ့သောနေ့က
တစ်နာရီ ၁၂၅ မိုင်နှုန်းဖြင့် တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့်
အိန္ဒိယနိုင်ငံ သြရိဿကမ်းခြေနှင့် အန္ဒြာပရာဒက်ခ်ျပြည်နယ်တွင်
ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ပြီး လူပေါင်း
၆သိန်းခန့်မှာ ဘေးလွတ်ရာသို့
ရွှေ့ပြောင်းနေထိုင်ခဲ့ရသည်ဟု သိရသည်။ ယနေ့ နံနက်ပိုင်းတွင်
ဂြိုဟ်တုဓာတ်ပုံတွင် တွေ့မြင်ရသည့် ဖိုင်လင်မုန်တိုင်းသည် ဘင်္ဂလားပင်လယ်အော်
အနောက်ဘက်ပိုင်းတစ်ခွင် အပြည့်ရှိနေပြီး မုန်တိုင်း၏ အရွယ်အစားမှာ
ပြင်သစ်နိုင်ငံ တစ်ခုစာမျှ ကြီးသည်။
ယင်းမုန်တိုင်းတွင်
အိန္ဒိယနိုင်ငံ အရှေ့ပိုင်း၊ ကုန်းတွင်းပိုင်းသို့
ဆက်လက်ဝင်ရောက်လျက်ရှိသည်။ အိန္ဒိယသမုဒ္ဒရာမှ မုန်တိုင်းဖြစ်ပွားလေ့ရှိသော
ရပ်ဝန်းဒေသကြောင့် သြရိဿတွင် 1999 ခုနှစ်က သေဆုံးသူပေါင်း တစ်သောင်းအထိ
ရှိခဲ့ဖူးသည်။ ယခုမုန်တိုင်းမှ သေဆုံး၊ ပျောက်ဆုံး၊ ပျက်ဆီးစာရင်းကိုမူ
ယနေ့ အောက်တိုဘာ ၁၃ရက် ညပိုင်းအထိ အတိအကျ ထုတ်ပြန်နိုင်ဦးမည်မဟုတ်ကြောင်း
အာဏာပိုင်များက ဆိုသည်။
မုန်တိုင်းသည် ကုန်တွင်းပိုင်းရှိ Behrampur မြို့ပေါ်တွင် မုန်တိုင်းမျက်စိပေါ်လာသည်အထိ အင်အား ပြင်းထန်ခဲ့သည်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago
0 comments:
Post a Comment