Related Posts Plugin for WordPress, Blogger...

Friday, November 22, 2013

ဦးတေဇ၏ ထူးကုမ္ပဏီအုပ်စုပိုင် AGD ဘဏ်မှ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေ ရှယ်ယာများ ပြန်ထုတ်ခြင်းနှင့် စပ်လျဉ်းသည့်သတင်း ငြင်းဆို

Photo: ဦးတေဇ၏ ထူးကုမ္ပဏီအုပ်စုပိုင် AGD ဘဏ်မှ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေ ရှယ်ယာများ ပြန်ထုတ်ခြင်းနှင့် စပ်လျဉ်းသည့်သတင်း ငြင်းဆို
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရန်ကုန်၊ နိုဝင်ဘာ ၂၁

လတ်တလော ဖြစ်ပေါ်လျက်ရှိသော ဦးတေဇ၏ ထူးကုမ္ပဏီအုပ်စုပိုင် AGD ဘဏ်မှ ဦးသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး-ငြိမ်း) က ၄င်းပိုင် ရှယ်ယာများကို ပြန်လည် ထုတ်ယူသွားသည် ဆိုခြင်းနှင့် ထို့အတွက် နေပြည်တော်ရှိ AGD ဘဏ်ခွဲတွင် ငွေအပ်နှံထားသူများက ၄င်းတို့ အပ်နှံထားငွေများကို ပြန်လည်ထုတ်ယူမှု ပြုလုပ်နေသည် ဆိုသည့် သတင်းတို့အပေါ် မှန်ကန်မှု မရှိကြောင်း AGD ဘဏ် Chief Operation Officer ဦးသက်လွင်ရွှေက မြန်မာသံတော်ဆင့်၏ ဆက်သွယ် မေးမြန်းမှုကို ဖြေကြားလိုက်သည်။

““ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရှယ်ယာလို့ပြောတယ်။ ကျွန်တော်တို့ AGD ဘဏ်က စထောင် ကတည်းက ထူးဂရုပ် ကုမ္ပဏီက ၁၀၀ ရာခိုင်နှုန်းအပြည့် ရင်းနှီးမြှုပ်နှံ ထားတာပါ။ ဘယ်သူမှ ရှယ်ယာ မပါပါဘူး။ နံပါတ်နှစ်က နေပြည်တော်မှာ လူတွေ အုံးအုံးနဲ့ ငွေထုတ်နေတယ်ဆိုတာ နေပြည်တော်ဘဏ်က အဲဒီလိုမျိုး ဘယ်တော့မှ မဖြစ်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူက လူနေလည်း ကျဲတယ်။ ရန်ကုန်မှာ အဲဒီလို ထုတ်တယ် ဆိုရင်တော့ ယုတ္တိနည်းနည်း ပိုရှိတာပေါ့။ အဲဒီတော့ ကျွန်တော့်ဘက်က တရားဝင် ပြောရလို့ရှိရင် လုံးဝမှားနေတဲ့ သတင်းပါပဲ”ဟု ပြောကြားသည်။

ယင်းသတင်း ဖြစ်ပေါ်မှုကြောင့် ပြည်တွင်း အိမ်ခြံမြေ ဈေးကွက်တွင် နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းမှစ၍ ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ယင်းနေ့တွင် အရောင်းအ၀ယ် ပြုလုပ်ရန် လျာထားသည့် ရောင်းဝယ်မှုများပင် ပျက်ပြယ် ခဲ့ရကြောင်း အရောင်းအ၀ယ် ပျက်ပြားသွားခဲ့သူ တစ်ဦးက ပြောသည်။ …

ထိုသတင်း ဖြစ်ပေါ်မှုကြောင့် ယင်းသို့ ပြည်တွင်းစီးပွားရေး ဈေးကွက်အတွင်း လှုပ်ခတ်မှုများ ဖြစ်ပေါ် လာခြင်းကြောင့် အခွန်စည်းကမ်း သတ်မှတ်ချက် ပြင်ဆင်ပြီးနောက် ဈေးနှုန်းတက်မှု ရပ်တန့်နေသော မြေ ဈေးကွက်အတွင်း ကောလာဟလ ဖန်တီး၍ ဈေးနှုန်းတက် ရန် ပြုလုပ်မှု လည်း ဖြစ်နိုင်ကြောင်း သုံးသပ်မှု များလည်း ရှိနေသည်။

၎င်းနှင့်ပတ်သက်၍ ဦးသက်လွင်ရွှေက ““ဖြစ်နိုင်တာကတော့ မတည်မငြိမ်ဖြစ်အောင် လုပ်ချင်တဲ့ လူတန်းစား တစ်ရပ် ရှိနေတယ်လို့ပဲ မြင်မိပါတယ်။ အိမ်ခြံမြေဈေး ၂ ဆ တက်တယ် ဆိုတာလည်း အိမ်ခြံမြေ ဈေးတွေက တော်တော်လေး ဈေးကြီးနေတော့ ဘယ်သူမှ မ၀ယ်ကြတော့ဘူး ထင်တာပဲ” ဟု သုံးသပ် ပြောကြားသည်။

AGD ဘဏ်ပါဝင်သော ထူးကုမ္ပဏီဂရုပ် ပိုင်ရှင် ဦးတေဇသည် ယခင် အစိုးရ အကြီးအကဲ ဦးသန်းရွှေနှင့် အကျိုးစီးပွားဘက်အဖြစ် သတင်းများလည်း ရှိနေပြီဖြစ်ရာ ယခုကဲ့သို့ သတင်းထွက်ပေါ်မှု အပေါ် ပြည်သူ လူထုကြား ယုံကြည်မှု မြင့်မားလျက် ရှိသည်။

ယခင် အစိုးရလက်ထက်က ဦးတေဇ လုပ်ပိုင်ခွင့် ရရှိထားသော ဆူးလေမီးပွိုင့်အနီး မြန်မာရှော့ပင်းမောလ် အဆောက်အအုံ အပါအ၀င် စီးပွား အခွင့်အလမ်းကောင်းရှိ အဆောက်အအုံ အချို့ကို အစိုးရမှ လေလံပစ်ရန် တင်ဒါခေါ်ယူမှုနှင့် ပတ်သက်၍လည်း ဦးတေဇ၊က ၄င်းပိုင် အဆောက်အအုံများကို ပြန်လည် ရောင်းချရန် ဆောင်ရွက်လျက် ရှိကြောင်း သတင်းများလည်း ထွက်ပေါ်လျက် ရှိသည်။

မြန်မာသံတော်ဆင့်

အေးချမ်းမွန် Credit To > အင်းလေးမီဒီယာ <Thanks
https://www.facebook.com/excellencemedia
လတ်တလော ဖြစ်ပေါ်လျက်ရှိသော ဦးတေဇ၏ ထူးကုမ္ပဏီအုပ်စုပိုင် AGD ဘဏ်မှ ဦးသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး-ငြိမ်း) က ၄င်းပိုင် ရှယ်ယာများကို ပြန်လည် ထုတ်ယူသွားသည် ဆိုခြင်းနှင့် ထို့အတွက် နေပြည်တော်ရှိ AGD ဘဏ်ခွဲတွင် ငွေအပ်နှံထားသူများက ၄င်းတို့ အပ်နှံထားငွေများကို ပြန်လည်ထုတ်ယူမှု ပြုလုပ်နေသည် ဆိုသည့် သတင်းတို့အပေါ် မှန်ကန်မှု မရှိကြောင်း AGD ဘဏ် Chief Operation Officer ဦးသက်လွင်ရွှေက မြန်မာသံတော်ဆင့်၏ ဆက်သွယ် မေးမြန်းမှုကို ဖြေကြားလိုက်သည်။

““ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရှယ်ယာလို့ပြောတယ်။ ကျွန်တော်တို့ AGD ဘဏ်က စထောင် ကတည်းက ထူးဂရုပ် ကုမ္ပဏီက ၁၀၀ ရာခိုင်နှုန်းအပြည့် ရင်းနှီးမြှုပ်နှံ ထားတာပါ။ ဘယ်သူမှ ရှယ်ယာ မပါပါဘူး။ နံပါတ်နှစ်က နေပြည်တော်မှာ လူတွေ အုံးအုံးနဲ့ ငွေထုတ်နေတယ်ဆိုတာ နေပြည်တော်ဘဏ်က အဲဒီလိုမျိုး ဘယ်တော့မှ မဖြစ်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူက လူနေလည်း ကျဲတယ်။ ရန်ကုန်မှာ အဲဒီလို ထုတ်တယ်

ဆိုရင်တော့ ယုတ္တိနည်းနည်း ပိုရှိတာပေါ့။ အဲဒီတော့ ကျွန်တော့်ဘက်က တရားဝင် ပြောရလို့ရှိရင် လုံးဝမှားနေတဲ့ သတင်းပါပဲ”ဟု ပြောကြားသည်။

ယင်းသတင်း ဖြစ်ပေါ်မှုကြောင့် ပြည်တွင်း အိမ်ခြံမြေ ဈေးကွက်တွင် နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းမှစ၍ ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ယင်းနေ့တွင် အရောင်းအ၀ယ် ပြုလုပ်ရန် လျာထားသည့် ရောင်းဝယ်မှုများပင် ပျက်ပြယ် ခဲ့ရကြောင်း အရောင်းအ၀ယ် ပျက်ပြားသွားခဲ့သူ တစ်ဦးက ပြောသည်။ …

ထိုသတင်း ဖြစ်ပေါ်မှုကြောင့် ယင်းသို့ ပြည်တွင်းစီးပွားရေး ဈေးကွက်အတွင်း လှုပ်ခတ်မှုများ ဖြစ်ပေါ် လာခြင်းကြောင့် အခွန်စည်းကမ်း သတ်မှတ်ချက် ပြင်ဆင်ပြီးနောက် ဈေးနှုန်းတက်မှု ရပ်တန့်နေသော မြေ ဈေးကွက်အတွင်း ကောလာဟလ ဖန်တီး၍ ဈေးနှုန်းတက် ရန် ပြုလုပ်မှု လည်း ဖြစ်နိုင်ကြောင်း သုံးသပ်မှု များလည်း ရှိနေသည်။

၎င်းနှင့်ပတ်သက်၍ ဦးသက်လွင်ရွှေက ““ဖြစ်နိုင်တာကတော့ မတည်မငြိမ်ဖြစ်အောင် လုပ်ချင်တဲ့ လူတန်းစား တစ်ရပ် ရှိနေတယ်လို့ပဲ မြင်မိပါတယ်။ အိမ်ခြံမြေဈေး ၂ ဆ တက်တယ် ဆိုတာလည်း အိမ်ခြံမြေ ဈေးတွေက တော်တော်လေး ဈေးကြီးနေတော့ ဘယ်သူမှ မ၀ယ်ကြတော့ဘူး ထင်တာပဲ” ဟု သုံးသပ် ပြောကြားသည်။

AGD ဘဏ်ပါဝင်သော ထူးကုမ္ပဏီဂရုပ် ပိုင်ရှင် ဦးတေဇသည် ယခင် အစိုးရ အကြီးအကဲ ဦးသန်းရွှေနှင့် အကျိုးစီးပွားဘက်အဖြစ် သတင်းများလည်း ရှိနေပြီဖြစ်ရာ ယခုကဲ့သို့ သတင်းထွက်ပေါ်မှု အပေါ် ပြည်သူ လူထုကြား ယုံကြည်မှု မြင့်မားလျက် ရှိသည်။

ယခင် အစိုးရလက်ထက်က ဦးတေဇ လုပ်ပိုင်ခွင့် ရရှိထားသော ဆူးလေမီးပွိုင့်အနီး မြန်မာရှော့ပင်းမောလ် အဆောက်အအုံ အပါအ၀င် စီးပွား အခွင့်အလမ်းကောင်းရှိ အဆောက်အအုံ အချို့ကို အစိုးရမှ လေလံပစ်ရန် တင်ဒါခေါ်ယူမှုနှင့် ပတ်သက်၍လည်း ဦးတေဇ၊က ၄င်းပိုင် အဆောက်အအုံများကို ပြန်လည် ရောင်းချရန် ဆောင်ရွက်လျက် ရှိကြောင်း သတင်းများလည်း ထွက်ပေါ်လျက် ရှိသည်။

မြန်မာသံတော်ဆင့်


0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U