Samsungဟာ
Apple ဒီဇိုင်းတွေကို ထုတ်ကုန် ၃၅မျိုးမှာ ယူသုံးထားကြောင်း
ကာလီဖိုးနီးယား ဂျူရီတစ်ယောက်က ရှာတွေ့ခဲ့ပါတယ်။အမေရိကန်၊
ကာလီဖိုးနီးယားမြောက်ပိုင်း၊ ဆန်ဖရန်စစ္စကိုဘေ ဒေသမှာမှ
တောင်ပိုင်းနေရာတစ်ဝိုက်ကိုစီလီကွန်တောင်ကြား ဒေသလို့ခေါ်ပါတယ်။
နည်းပညာမြင့် ကုမ္ပဏီတွေအများကြီးစုနေတဲ့ နေရာပေါ့။
Samsung
ထုတ်ကုန်တွေမှာ iPhone နဲ့ iPad features တွေကို ကူးယူ သုံးထားတဲ့အတွက်
Samsung က Apple ကို ကန်ဒေါ်လာ သန်း၂၉၀ပေးဆောင်ရမယ်လို့
စီလီကွန်တောင်ကြားဒေသ ဂျူရီတစ်ယောက်က အမိန့်ချလိုက်ပါတယ်။ ဒီ့အရင်
ဂျူရီတစ်ယောက်တုန်းက Samsungဟာ မူပိုင်ခွင့်ချိုးဖောက်တဲ့အတွက် Appleကို
ကန်ဒေါ်လာ သန်းတစ်ထောင် နဲ့ ၅သန်း ပေးဆောင်ရမယ်လို့ အမိန့်ချခဲ့ဖူးပါတယ်။
အဲ့ဒီ့ ဂျူရီက မှားယွင်းတွက်ချက်မိတာကြောင့်လိုဆိုပြီး ပြည်နယ်တရားသူကြီး
Lucy Kohက ဒုတိယအကြိမ်
ကြားနာမှုခံယူဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့ကြောင့်မို့သာ သန်း၂၉၀ထိပြန်ကျသွားတာပေါ့။
Samsung အနေနဲ့လည်း အယူခံဝင်ဦးမယ်လို့ သိရပါတယ်။
“Appleအတွက်က
မူပိုင်ခွင့်၊ ပိုက်ဆံ ဆိုတာတွေထက် အဓိပ္ပါယ်တွေ အများကြီးရှိတယ်။
လူတွေကြိုက်တဲ့ ထုတ်ကုန်သစ်တစ်ခုကို ထုတ်လုပ်ရဖို့ဆိုတာ
အလုပ်အရမ်းကြိုးစားဖို့လိုတယ်၊ ဆန်းသစ်နေဖို့လိုတယ်။ ဒါတွေနဲ့ပတ်သက်တဲ့
တန်ဖိုးတွေအပေါ်မှာ ဈေးနှုန်းသွားကပ်လို့တောင် မရပါဘူး။ ဆမ်ဆောင်းရဲ့
မူပိုင်ခွင့်ချိုးဖောက်၊ ကူးယူသုံးစွဲမှုမှာ ထိုက်သင့်တဲ့အဖိုးတစ်စုံတစ်ရာ
ရှိနေတယ်ဆိုတာကို ပြသပေးခဲ့တဲ့ ဂျူရီလူကြီးမင်းကို ကျွန်တော်တို့ Appleက
အထူးတလည်ကျေးဇူးတင်ရှိပါတယ်။” လို့ Appleက ထုတ်ပြန်ချက်တစ်ရပ်မှာ
ဆိုထားပါတယ်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago
0 comments:
Post a Comment