Related Posts Plugin for WordPress, Blogger...

Sunday, November 24, 2013

Apple အား Samsung မှ မူပိုင်ခွင့် ချိုးဖောက်မှုအတွက် နစ်နာကြေးပေရန် တရားရုံးမှ ဆုံးဖြတ်





အားလုံးသိကြတဲ့အတိုင်း အမေရိကန် Apple နဲ့ တောင်ကိုရီးယား အခြေစိုက် Samsung တို့ကတော့ အမြဲတမ်း အားပြိုင်လျက် ရှိကြပါတယ်။ အားပြိုင်ရုံသာမက ၎င်းတို့နှစ်ဦးဟာ မူပိုင်ခွင့်ကိစ္စနဲ့ ပတ်သက်ပြီး တရားရုံးမှာ မကြာခဏ ဆုံတွေ့ကြတဲ့ မိတ်ဆွေကြီးတွေပါပဲ။

ဟိုးတစ်ခေါက်တုန်းက Apple ရဲ့ မှတ်ပုံတင်ထားတဲ့ မူပိုင်ခွင့်တွေကို Samsung က ခိုးယူတယ်ဆိုပြီး တရားရုံးက အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ဒဏ်ငွေ ချမှတ်ခဲ့ပါတယ်။ (ဒါပေမယ့် Samsung က အယူခံဝင်လိုက်တော့ အဆိုပါ ၁ ဘီလီာံအစား သန်း ၆၀၀ ခန့်သာ ပေးဆောင်စေခဲ့ပါတယ်။)

အခုတစ်ခါမှာတော့ Samsung ဟာ Apple ရဲ့ နောက်ထပ် မူပိုင်ခွင့်အချို့ကိုပါ ထပ်မံခိုးယူသုံးစွဲ ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရတာကြောင့် ဒေါ်လာ သန်း၂၉၀ ထပ်မံပြီး ဒဏ်ငွေချမှတ် ခံလိုက်ရပြန်ပါပြီ။ ဒါတောင်
Apple က လျော်ကြေးအဖြစ် ဒေါ်လာ သန်း ၃၈၀ တောင်းခဲ့တာပါ။

ဒါကြောင့် လက်ရှိပမာဏတွေ အရဆိုရင် Samsung အနေနဲ့ Apple ကို လျော်ကြေးပေးဖို့ စုစုပေါင်း ဒေါ်လာ သန်း ၈၉၀ ခန့် ရှိနေပြီဖြစ် ပါတယ်။

Apple ကတော့ အဆိုပါ ပမာဏထက် များများရအောင် တောင်းဆို သွားမှာ ဖြစ်ပြီး Samsung ကတော့ ပေးဆောင်ရမယ့် လျော်ကြေး နည်းအောင် အယူခံ ၀င်သွားမှာပါ။ ဒါပေမယ့် အခုအနေအထားနဲ့ ဆိုရင် Samsung အတွက်တော့ တရားရုံးမှာ သိပ်မဟန်ဘူးလို့ ဆိုရမှာပါ။

ယခုကိစ္စနဲ့ ပတ်သက်ပြီး Apple က ယခုလို လူအများ အသုံးဝင်သည့် နည်းပညာမူပိုင်ခွင့် ခိုးယူမှု ကိစ္စမှာ ဖြစ်ရိုးဖြစ်စဉ်ပင် ဖြစ်ပြီး ဒီမူပိုင်ခွင့်များ အပေါ် တန်ဖိုးသတ်မှတ်ရန် ခက်ခဲ့သည့်အလျောက် တရားသူကြီးများက မျှမျှတတ ဆုံးဖြတ်ပေးသွားမည်ဟု ယုံကြည်ပါကြောင်း ပြောကြား ခဲ့ပါတယ်။

Samsung ကလည်း ၎င်းတို့အနေနဲ့ အမေရိကန် မူပိုင်ခွင့်ရုံးနဲ့ ယခုဆုံးဖြတ်ချက်ကို နားမလည်နိုင်အောင် ဖြစ်ခဲ့ရကြောင်း၊ Samsung အနေနဲ့ ဘာပြဿနာတွေပဲ ဖြစ်ဖြစ် ကမ္ဘာအရပ်ရပ်မှ Samsung ပရိသတ်များအတွက် ထူးခြားဆန်းသစ်သော ထုတ်ကုန်အသစ်များကိုသာ ဆက်လက်ဖန်တီး သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U