Related Posts Plugin for WordPress, Blogger...

Sunday, November 24, 2013

မင်း နှင့် ပြည်သူ


အယ်ဒီတာ့အာဘော် ကဏ္ဍ

တိုင်း ပြည်က သင့်အတွက် ဘာလုပ်ပေးနိုင် မှာလဲ မမေးဘဲ သင်က တိုင်းပြည် အတွက် ဘာလုပ်ပေးနိုင်သည်ကိုသာ ပြောကြပါ''ဟု သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲတွင် လူထု အား မိန့်ခွန်းမြွက်ကြားခဲ့သူမှာ အမေရိကန်နိုင်ငံ၏ (၃၅) ဆက်မြောက်သမ္မတ ဂျွန်အက်ဖ်ကနေဒီဖြစ်သည်။

ထို မိန့်ခွန်းကို ၁၉၆၁ခုနှစ် ဇန်နဝါရီ ၂ဝရက်က ပြောကြား ခဲ့ခြင်းဖြစ်သည်။ ထိုစကားကိုပင် ပဲ့တင်ထပ်၍ လက်ပံ တောင်းတောင်အရေးကိစ္စနှင့် ပတ်သက်ပြီး စုံစမ်းစစ် ဆေးရေးကော်မရှင်ဥက္ကဋ္ဌဖြစ်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း မုံရွာတွင် ပြောခဲ့ဖူးပါ သည်။

ထိုစကားလေးက အလွန်အဓိပ္ပာယ်ပြည့်ဝ၍ အ လွန် အပြုသဘောဆောင် သည်ကို ကြားရသူတိုင်း၊ ဖတ် ရသူတိုင်း ခံစားမိစေနိုင်သည်ဟု ယုံကြည်ပါ သည်။ ထို စိတ်ထားမျိုးရှိဖို့ ထားတတ်ဖို့ လွယ်ကူလိမ့်မည်ဟုမထင် ပေ။ ထိုစိတ်ထားပိုင်ရှင်မျိုးသည် နိုင်ငံကြီးသားစိတ် ဓာတ်ပိုင်ရှင်ဖြစ်ဖို့ပဲ

ရှိပေလိမ့် မည်။ ထိုသို့သော စိတ် ထားမျိုးပိုင်ဆိုင်သည့် နိုင်ငံသားများ များများရှိလေ တိုင်းပြည်ကောင်းလေ ဖြစ်မည်ဟုယူသော် ရနိုင်ပေလိမ့် မည်။ သို့သော် ထိုသို့နိုင်ငံသားများကချည်း တစ်ဖက် သတ် ကောင်းနေလို့လည်း တိုင်းပြည်က ကောင်းနေလိမ့် မည်ဟု ပြောလို့ရနိုင်မည်မဟုတ်ချေ။ တိုင်းပြည်ကို ဦး စီး ခေါင်းဆောင်သူက တော်တည့်မှန်ကန် ဖြောင့်မတ် ထက်မြက်မှ ဖြစ်ပေမည်။

တစ်နည်းအားဖြင့် တိုင်းပြည် ခေါင်းဆောင် သူနှင့် ပြည်သူ၊ နိုင်ငံသားတို့သည် တစ်ဦး အပေါ်တစ်ဦး အပြန်အလှန် ယုံကြည်မှုရှိမှသာလျှင် အ တိုင်အဖောက်ညီ၍ လိုရာခရီး ရည်မှန်းချက် ပန်းတိုင် သို့ မယိမ်းမယိုင်နှင့် မြန်မြန်ထက်ထက် လျှောက်လှမ်း နိုင်မည်ဖြစ်သည်။

ယနေ့မြန်မာနိုင်ငံ၏ အပြောင်းအလဲတွင် ထိုအ ချက်များနှင့် မည်မျှညီညွတ်မှု ရှိသည်မရှိသည်ကို ဆန်း စစ်ကြည့်ရာသည်။ အပြောင်းအလဲတွင် လူထုအား မည်မျှ ပါမပါ အကဲဖြတ်ကြည့်ရာသည်။ အစိုးရက လူထုအစိုးရ ဟု ဆိုသည်။ လွှတ်တော်ကလည်း ပြည်သူ့အသံ၊ ပြည် သူ့ဆန္ဒ အကောင် အထည်ဖော် ဆောင်ရွက်နေ သည်ဟု ဆိုသည်။

ဒါဆို ပြည်သူ့အခြေပြုလုပ်ငန်းတွေ အဘယ် မျှ အကောင်အထည်ဖော် ပြီးစီးပါပြီနည်း။ သက်တမ်း သုံးနှစ်အတွင်း လွှတ်တော်ထဲမှာပဲ အကောင် အထည် ဖော်နေတာ တွေ့ရသည်။ အစိုးရအဖွဲ့ ဧရိယာကျဉ်း ကျဉ်းလေး ထဲတွင်သာ လုပ်ငန်းပြီးမြောက်နေတာ တွေ့ ရသည်။

တကယ်တမ်းတွင် ပြည်သူကလည်း အစိုးရလုပ် သမျှအပေါ် ခပ်ကင်းကင်း ခပ်ရှင်းရှင်းသာ နေနေကြသ လိုမျိုး တွေ့ရသည်။ သိပ်တက်ကြွမှုမျိုး မတွေ့ရ ။ ယခု အနေအထားသည် တိုင်းပြည်ကလည်း ပြည်သူ့အတွက် လုပ်မပေးနိုင်သလို ပြည်သူကလည်း တိုင်းပြည်အတွက် လုပ်ပေးနိုင်တာမျိုး တက်တက်ကြွကြွမရှိလှ။

ထိုအခြေ အနေကို လွန်မြောက်ဖို့ အချိန်တစ်ခု ယူရပေလိမ့်ဦး မည်။ အစိုးရသည် တိုင်းရင်းသားများနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး တည်ဆောက်ရေး လိုအပ်သလို မြန်မာပြည်သူများနှင့်လည်း ယုံကြည်မှု တည်ဆောက် ရန် လိုအပ်နေပေသေးသည်။ ထိုအချက်များ ပြည့်စုံ လျှင် မင်းနှင့်ပြည်သူ ကြည်ဖြူသောခေတ် သို့ ပြန်လည် ရောက်ရှိ ကာ အောင်မြင်မှုအပေါင်း သရဖူဆောင်းနိုင် လိမ့်မည် ဖြစ်ပါကြောင်း။

အယ်ဒီတာ

Yangon Media Group

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U