အောက်တိုဘာ ၂၁ ရက်က ပြုလုပ်ခဲ့သော Road to Seagames Road to Myanmar ဆီးဂိမ်းစ် အကြိုလှုံ့ဆော်မှု ဖျော်ဖြေပွဲ
ဆီးဂိမ်းစ်
အောင်နိုင်ရေးနှင့် ဆီးဂိမ်းစ် အားကစားပွဲတော် အကြိုလှုံ့ဆော်မှုအဖြစ်
အနုပညာရှင်များ ပါဝင်သည့် အဖွဲ့သည် ရန်ကုန်-မန္တလေး လမ်းဟောင်းတစ်လျှောက်ရှိ
မြို့များနှင့် မန္တလေး၊ စစ်ကိုင်း၊ မုံရွာမြို့များသို့ သွားရောက်ကာ
ပြည်သူများအကြား ဆီးဂိမ်းစ်အားကစား ပွဲတော်တွင် ပိုမိုစိတ်ဝင်စား
ပါဝင်လာစေရန် လှုပ်ရှားမှုများ ပြုလုပ်သွားမည်ဟု သိရသည်။
''ဒီခရီးစဉ်မှာ
အနုပညာရှင်တွေက အဓိကအင်အား တစ်ခုအဖြစ် ပါဝင်ပါတယ်။ ရည်ရွယ်ချက်ကတော့
လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမှာဖြစ်ပြီး ကျင်းပဖို့ရက် သိပ်မဝေးတော့တဲ့
အားကစားပွဲတော်မှာ ပြည်သူတွေရဲ့ စိတ်ပါဝင်စားမှုနဲ့ မြန်မာကိုယ်စားပြု
ကစားသမားတွေ ရွှေတံဆိပ်တွေနဲ့ အောင်နိုင်ရေးအတွက် ပြည်သူတွေရဲ့ အားပေးမှုတွေ
ပိုများလာစေဖို့ စည်းရုံးလှုံ့ဆော်မှုတွေ ပြုလုပ်သွားမှာပါ။
ဆီးဂိမ်းစ်ပွဲတော်နဲ့ ပတ်သက်တဲ့ လက်ကမ်းစာရွက်တွေ ဝေမယ်။ ဆီးဂိမ်းစ်
သီချင်းတွေဖွင့်မယ်။ ပြီးရင် ဆီးဂိမ်းစ်နဲ့ ပတ်သက်တဲ့ သိကောင်းစရာတွေကို
ပရိသတ်တွေကို အပြန်အလှန်မေးပြီး ဂိမ်းစ်ကစားတဲ့ အစီအစဉ်တွေ၊ အမှတ်တရဓာတ်ပုံ
ရိုက်ကူးမှုနဲ့ လက်ဆောင်ပေးတဲ့ အစီအစဉ်တွေ ပါမှာပါ'' ဟု ယင်းအစီအစဉ်ကို
တာဝန်ယူ ဆောင်ရွက်သည့် ADMA Media မှ ဒုတိယဥက္ကဋ္ဌ ကိုဝေမင်းမောင်က ဆိုသည်။
အဆိုပါ
ခရီးစဉ်ကို နိုဝင်ဘာ ၁ ရက်တွင် ရန်ကုန်မြို့မှ ထွက်ခွာပြီး လှည်းကူး၊
ပဲခူးတို့တွင် စတင်ပြုလုပ်မည်ဟု သိရသည်။ ထို့နောက် အသွားအပြန် ခရီးစဉ်
တစ်လျှောက်တွင် ဖြူး၊ ရေတာရှည်၊ တောင်ငူ၊ ပျဉ်းမနား၊ ရမည်းသင်း၊
ပြင်ပုံကြီး၊ နေပြည်တော်၊ မိတ္ထီလာ၊ ကျောက်ဆည်၊ မြစ်သား၊ စဥ့်ကိုင်၊ မန္တလေး၊
စစ်ကိုင်း၊ မြင်းမူနှင့် မုံရွာမြို့များသို့ ၀င်ရောက်ကာ
ဆီးဂီမ်းစ်လှုံ့ဆော်မှု အစီအစဉ်များ ဆောင်ရွက်မည်ဟု သိရသည်။ ယင်းခရီးစဉ်၏
နောက်ဆုံး အစီစဉ်အစဉ်ကို ရန်ကုန်မြို့တွင် ပြန်လည် အဆုံးသတ်မည်ဟု သိရသည်။
အဆိုပါ
ဆီးဂိမ်းစ် လှုံ့ဆော်မှု ခရီးစဉ်တွင် ADMA Media မှ တာဝန်ရှိသူများနှင့်အတူ
မိုးအောင်ရင်၊ ဖြိုးငွေစိုး၊ စည်သူမောင်၊ ဇာနည်၊ ပုလဲဝင်း၊ ခရစ္စတီးနားနှင့်
စိုးပြည့်ပြည့်စံတို့ ပါဝင်မည်ဟု သိရသည်။ ယင်းခရီးစဉ်သည် နိုဝင်ဘာ ၎
ရက်တွင် ရန်ကုန်သို့ ပြန်လည် ရောက်ရှိမည်ဟု သိရသည်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago
0 comments:
Post a Comment