Related Posts Plugin for WordPress, Blogger...

Friday, November 8, 2013

ကမ္ဘာ့ဖလား မြန်မာနိုင်ငံသို့ ဒီဇင်ဘာတွင် ရောက်ပြသမည်

Photo: ကမ္ဘာ့ဖလား မြန်မာနိုင်ငံသို့ ဒီဇင်ဘာတွင် ရောက်ပြသမည်

ရန်ကုန်၊ နိုဝင်ဘာ ၇။

ကမ္ဘော့ဘောလုံးအဖွဲ့ချုပ် ဖီဖာနှင့် ကိုကာကိုလာအချိုရည် ကုမ္ပဏီတို့ပူးပေါင်းစီစဉ်ကျင်းပသည့် ကမ္ဘာ့ဖလား ဖီဖာအဖွဲ့
ဝင်နိုင်ငံများထံ လှည့်လည်ပြသမည့်အစီအစဉ်အရ မြန်မာ
နိုင်ငံသို့ ဒီဇင်ဘာ၂၅ရက်နေ့တွင် ရောက်ရှိမည်ဖြစ်ကြောင်း
MFFမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ကမ္ဘာ့ဖလားက မြန်မာနိုင်ငံကို ဒီဇင်ဘာ ၂၅ရက်နေ့မှာ
ရောက်ရှိလာမှာပါ။ ဒါပေမယ့် ဆီးဂိမ်းပြိုင်ပွဲနဲ့ တိုက်ဆိုင်
နေတာကြောင့် လက်ရှိ အချိန်မျာ ဘာမှစီစဉ်ထားတာတော့ မရှိသေးပါဘူး”ဟု ၎င်းတာဝန်ရှိသူက ပြောကြားသည်။

ကမ္ဘာ့ဖလားကို နိုင်ငံပေါင်း ၈၈နိုင်ငံသို့ လှည့်လည်ပြသနေ
ခြင်းဖြစ်ပြီး စက်တင်ဘာလအတွင်း ဘရာဇီး၊ တာဟီတီ၊
ဖီဂျီ၊ ဗမ်နျူတူ၊ ကော်စကာ ရီကာ၊ ဟွန်ဒူးရပ်စ်၊ ပနားမား၊ ဂျမေကာနိုင်ငံများသို့ ၎င်းဒီဇင်ဘာ လတွင် တောင်အာဖရိက၊ ဘရာဇီး၊ ဆော်ဒီအာရေဗျ၊ ကာတာ၊ ယူအေအီး၊ ဘင်္ဂလားဒေ့ရှ်၊
ဘူတန်၊ နီပေါ၊ အိန္ဒိယနှင့် မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၂၅ရက်နေ့ တွင်ရောက်ရှိမည်ဖြစ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ၏ သတင်းထုတ်ပြန်မှုတွေပါရှိသည်။

“ကမ္ဘာ့ဖလား မြန်မာနိုင်ငံကိုရောက်လာရင် သုဝဏ္ဏအမျိုးသား အားကစားပြိုင်ပွဲရုံ(၁)မှာ ထားရှိဖို့တော့ စီစဉ်ထားပါတယ်။ ကမ္ဘာ့ဖလားအပြင် ချန်ပီယံလိဂ်ဖလား၊ ပရီးမီးယားလိဂ်ဖလား
တွေပါ ပါဝင်ပြသမယ်လို့တော့ သိရပါတယ်”ဟု ၎င်းက
ပြောကြားသည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ၏သံတမန်အဖြစ် မန်ယူကစား
သမားဟောင်း ဒွိုက်ယော့ခ်လိုက်ပါလာမည်ဖြစ်ကြောင်း၊
ကမ္ဘာ့ဖလားနှင့် အခြား ဖလားများကို မည့်သည့်အချိန်နှင့် မည်ကဲ့သို့ပြသမည်ဆိုသည်ကို လက် ရှိအချိန်ထိ မြန်မာနိုင်ငံ
ရှိ ကိုကာကိုလာကုမ္ပဏီမှာ တရားဝင်သတင်း မထုတ်ပြန်
သေးကြောင်း၊ နိုဝင်ဘာတတိယပတ်ထဲတွင် တရားဝင် သတင်းထုတ်ပြန်ပေးရန် စီစဉ်နေကြောင်း ၎င်းတာဝန်ရှိသူက ဆက်လက် ပြောကြားသည်။

ယခုပြသမည့် ကမ္ဘာ့ဖလားကို နိုင်ငံပေါင်း ၈၈နိုင်ငံသို့ လှည့်လည်ပြသသွားမည်ဖြစ်ကြောင်း FIFA World Cup
Trophy Tour by coca-cola အစီအစဉ်ကို ၂၀၁၃
စက်တင်ဘာလက စတင်ခဲ့ခြင်းဖြစ်ကြောင်း ၂၀၁၄ဧပြီလ
အထိ နိုင်ငံပေါင်း ၈၈နိုင်ငံသို့ ပြသသွားမည်ဖြစ်ကြောင်း ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် ဖီဖာ၏တရားဝင် သတင်း
ထုတ်ပြန်ထားသည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာအနေဖြင့် ၂၀၁၄ဘရာဇီး
နိုင်ငံတွင်ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အကြိုလှုံ့ဆော်မှု ပြုလုပ်ခြင်းဖြစ် ကြောင်း သိရသည်။

ရေးသားသူ-ဇော်ဇော်
တည်းဖြတ်သူ-နီတိုး

အေးချမ်းမွန် Credit To >People power <Thanks
https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

0 comments:

Post a Comment

Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U