Related Posts Plugin for WordPress, Blogger...

Friday, November 8, 2013

“လူငယ်တွေအတွက်အနာဂတ် စကားဝိုင်း”


Photo: “လူငယ်တွေအတွက်အနာဂတ် စကားဝိုင်း”

အယ်ဒီတာ ► လူငယ်တွေရဲ့ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှုဆိုတာ က တိကျတဲ့ Plan မျိုး ရှိစေချင်တာပါ။ ဥပမာ အခု ဗီဒီယိုဇာတ်ကားတွေ ကြည့်လိုက်တယ်။ တက္ကသိုလ်တက်နေတဲ့ သူငယ်ချင်းတွေပုံစံပြတယ်။ တက္ကသိုလ်ပဲ နောက်ဆုံးနှစ်ရောက်နေပြီ။ မင်းကျောင်းပြီးရင် ဘာလုပ်မလဲ ဆိုတော့ ကျောင်းပြီးရင် ရေစက်ချလိုက်မှာပေါ့ကွာဆိုတာမျိုးပဲ နောက်ပြောင် ပြီးတော့ ပြောကြတယ်။ တကယ့်တကယ် တိကျတဲ့ အစီအစဉ်မရှိဘူး။ အဲလိုမျိုးလူငယ်တွေက ဗီဒီယိုဇာတ်ကားထဲမှာတင်မဟုတ်ဘဲ အပြင်မှာလည်း အများကြီးဖြစ်နေတယ်။ ကိုယ့်ဘ၀အတွက် အသက်မွေးဝမ်းကျောင်းရမယ့် အလုပ်ကိုတောင် တိကျတဲ့အစီအစဉ်မရှိဘဲနဲ့ ရတာလုပ်တာပေါ့ကွာဆိုတာ မျိုး၊ ကြုံသလိုလုပ်သွားတဲ့ပုံစံမျိုးတွေ ဖြစ်နေတာက အဲဒီလူငယ်တွေရဲ့ အနာဂတ်ပျောက်နေတာပဲ မဟုတ်လားဆရာ။

မောင်သာချို ► ဟင်္သာတတက္ကသိုလ်မှာ ဆရာ တာဝန်ကျတုန်းက Chemistry က ကျောင်းသူလေးတစ်ယောက် လက်ဖက်ရည်ဆိုင် ထိုင်တယ်။ ဘောင်းဘီရှည်နဲ့ လွတ်လွတ်လပ်လပ်နေတယ်။ ဆရာနဲ့ တပည့် ရင်းနှီးသွားတဲ့အခါကျတော့ ပွင့်ပွင့်လင်းလင်းပြောတယ်။ လိုရင်းပဲ ဆရာက မေးလိုက်တယ်။ သမီး ညည်းဘာဖြစ်ချင်သလဲလို့။ ဒါ တကယ့်မေးခွန်းပဲ။ သူကလည်း ရိုးသားတယ်။ ပွင့်လင်းတယ်။ သမီးက ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်ချင်မှန်းကို မသိဘူးဆရာရယ်တဲ့။ ကဲ... အများစုက အဲလိုဖြစ်နေကြတာ။ အခုလည်း အတန်းထဲမှာ ကြည့်လိုက်ရင် ကျောင်းတော့ တက်နေကြတာပဲ။ ဘာဖြစ်ချင်လဲလို့မေးတော့ ဘာရယ်လို့မဟုတ်ဘူး ဆရာတဲ့။ ဘွဲ့ရပြီးရင် ကျွန်မတို့က ကျောင်းဆရာမလုပ်ရင်လည်း လုပ်မယ် တဲ့။ ထူးထူးခြားခြားဖြစ်ချင်တာ ပါဠိလိုပြောရင်တော့ အာလယပေါ့။ အဲဒီဟာ သိပ်ရှိပုံမရဘူး။
အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် ပရဟိတသမား လုပ်ချင်တာလား။ စာရေးဆရာဖြစ်ချင်တာလား။ ကျောင်းဆရာဖြစ်ချင်တာလား။ နိုင်ငံရေးပါတီတစ်ခု ထူထောင်ပြီး နိုင်ငံရေးသမားလုပ်ချင်တာလား။ ဥပဒေသမားရှေ့နေ ကြီးဖြစ်ချင်တာလား။ တရားသူကြီးဖြစ်ချင်တာလား။ ဘာဖြစ်ချင်တာလဲဆို တာကို ကိုယ့်ကိုယ်ကိုယ်သိဖို့လိုတယ်။

Eternal Light Magazine
November 2013
Cover Story
The Future for Youth
လူငယ်တွေအတွက်အနာဂတ် စကားဝိုင်း
မောင်သာချို၊ ကောင်းသန့်၊ ဦးဘုန်း(ဓာတု)

အေးချမ်းမွန် Credit To >Eternal Light Magazine<Thanks
https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/
အယ်ဒီတာ ► လူငယ်တွေရဲ့ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှုဆိုတာ က တိကျတဲ့ Plan မျိုး ရှိစေချင်တာပါ။ ဥပမာ အခု ဗီဒီယိုဇာတ်ကားတွေ ကြည့်လိုက်တယ်။ တက္ကသိုလ်တက်နေတဲ့ သူငယ်ချင်းတွေပုံစံပြတယ်။ တက္ကသိုလ်ပဲ နောက်ဆုံးနှစ်ရောက်နေပြီ။ မင်းကျောင်းပြီးရင် ဘာလုပ်မလဲ ဆိုတော့ ကျောင်းပြီးရင် ရေစက်ချလိုက်မှာပေါ့ကွာဆိုတာမျိုးပဲ နောက်ပြောင် ပြီးတော့ ပြောကြတယ်။ တကယ့်တကယ် တိကျတဲ့ အစီအစဉ်မရှိဘူး။ အဲလိုမျိုးလူငယ်တွေက ဗီဒီယိုဇာတ်ကားထဲမှာတင်မဟုတ်ဘဲ အပြင်မှာလည်း အများကြီးဖြစ်နေတယ်။ ကိုယ့်ဘ၀အတွက် အသက်မွေးဝမ်းကျောင်းရမယ့် အလုပ်ကိုတောင် တိကျတဲ့အစီအစဉ်မရှိဘဲနဲ့ ရတာလုပ်တာပေါ့ကွာဆိုတာ မျိုး၊ ကြုံသလိုလုပ်သွားတဲ့ပုံစံမျိုးတွေ ဖြစ်နေတာက အဲဒီလူငယ်တွေရဲ့ အနာဂတ်ပျောက်နေတာပဲ မဟုတ်လားဆရာ။

မောင်သာချို ► ဟင်္သာတတက္ကသိုလ်မှာ ဆရာ တာဝန်ကျတုန်းက Chemistry က ကျောင်းသူလေးတစ်ယောက် လက်ဖက်ရည်ဆိုင် ထိုင်တယ်။ ဘောင်းဘီရှည်နဲ့ လွတ်လွတ်လပ်လပ်နေတယ်။ ဆရာနဲ့ တပည့် ရင်းနှီးသွားတဲ့အခါကျတော့ ပွင့်ပွင့်လင်းလင်းပြောတယ်။ လိုရင်းပဲ ဆရာက မေးလိုက်တယ်။ သမီး ညည်းဘာဖြစ်ချင်သလဲလို့။ ဒါ တကယ့်မေးခွန်းပဲ။ သူကလည်း ရိုးသားတယ်။ ပွင့်လင်းတယ်။ သမီးက ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်ချင်မှန်းကို မသိဘူးဆရာရယ်တဲ့။ ကဲ... အများစုက အဲလိုဖြစ်နေကြတာ။ အခုလည်း အတန်းထဲမှာ ကြည့်လိုက်ရင် ကျောင်းတော့ တက်နေကြတာပဲ။ ဘာဖြစ်ချင်လဲလို့မေးတော့ ဘာရယ်လို့မဟုတ်ဘူး ဆရာတဲ့။ ဘွဲ့ရပြီးရင် ကျွန်မတို့က ကျောင်းဆရာမလုပ်ရင်လည်း လုပ်မယ် တဲ့။ ထူးထူးခြားခြားဖြစ်ချင်တာ ပါဠိလိုပြောရင်တော့ အာလယပေါ့။ အဲဒီဟာ သိပ်ရှိပုံမရဘူး။
အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် ပရဟိတသမား လုပ်ချင်တာလား။ စာရေးဆရာဖြစ်ချင်တာလား။ ကျောင်းဆရာဖြစ်ချင်တာလား။ နိုင်ငံရေးပါတီတစ်ခု ထူထောင်ပြီး နိုင်ငံရေးသမားလုပ်ချင်တာလား။ ဥပဒေသမားရှေ့နေ ကြီးဖြစ်ချင်တာလား။ တရားသူကြီးဖြစ်ချင်တာလား။ ဘာဖြစ်ချင်တာလဲဆို တာကို ကိုယ့်ကိုယ်ကိုယ်သိဖို့လိုတယ်။


The Future for Youth
လူငယ်တွေအတွက်အနာဂတ် စကားဝိုင်း
မောင်သာချို၊ ကောင်းသန့်၊ ဦးဘုန်း(ဓာတု)

Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U