စစ်ကိုင်းတိုင်း ဒေသကြီး ကလေး မြို့နယ်တွင်
ရေဆန် ကျွန်းတုံးကြီးများကို နေရဉ္စရာ မြစ်အတွင်းမှ ထူးဆန်းအံ့သြဖွယ်
ကောင်းအောင် အချိန်ကာလ ကွာခြား၍ သုံးကြိမ်တိုင်တိုင် တွေ့ရှိခဲ့သည်။ တတိယ
အကြိမ်မြောက်
တွေ့ရှိခဲ့သော ရေဆန် ကျွန်းတုံးကြီးမှာ ပထမနှင့် ဒုတိယ အကြိမ်တွေ့ရှိရသော
ကျွန်းတုံးကြီးများထက် အံ့သြဖွယ်ရာ အဖြစ်များနှင့် အဆိုပါ မြစ် အတွင်းမှ
၂ဝဝ၄ ခုနှစ် ဇန်နဝါရီလက ထပ်မံ တွေ့ရှိခဲ့သည်။
ယင်းရေဆန်
ကျွန်းတုံးကြီးသည် အလျား ၁၆ ပေ၊ လုံးပတ် ၁ဝပေရှိကာ ကုဗပေ ၁ဝ၁၆၇ ပေနှင့်
အလေးချိန် ၂ ဒသမ ဝ၃၃၄ တန်ရှိပြီး သက်တမ်းနှစ်ကွင်း ၂ဝ ကွင်း
ခန့်ရှိနေသဖြင့် ကျွန်းမြတ်ကြီး၏ သက်တမ်းမှာ သင်းသတ်သည့် နှစ်အပါအဝင် နှစ်
၁၂ဝ ရှိသည်ဟု သစ်တော ပညာရှင်များက ခန့်မှန်းထားသည်။
အဆိုပါ ရေဆန်
ကျွန်းမြတ်အား ၂ဝဝ၄ ခုနှစ် ဒီဇင်ဘာ ၇ ရက် နံနက် ၇ နာရီက မုဒြာ
လေးမျိုးဖြင့် မြတ်စွာဘုရား၏ ရုပ်တုတော် လေးဆူကို စတင်ထုလုပ်ပြီး ဘဒ္ဒကမ္ဘာ၌
ပွင့်တော် မူပြီးသော ဘုရားရှင် လေးဆူတို့၏ အထက်အဆင့် ပတ်လည်တွင်
ရုပ်ပွားတော်မြတ် ၁ဝ ဆူ၊ ထိုအထက် အလယ်အဆင့်တွင် ရုပ်ပွားတော်မြတ်
ရှစ်ဆူနှင့် အထက်ဆုံး အဆင့်တွင် ရုပ်ပွား တော်မြတ် ခြောက် ဆူတို့ကို
ထုလုပ်ပူဇော် ထားသည်။
ယင်းနှစ်ကျိပ်ရှစ်ဆူ ဘုရားရှင်တို့၏ အထက်တွင်
စေတီအထွတ်တင်၍ ထီးတော်ပူဇော် ထားပြီး ရေဆန်ကျွန်းမြတ် ရုပ်ပွားတော်၏
ဥာဏ်တော်မှာ ပလ္လင်မှ ထီးတော်အထိ ၁၉ ပေရှိကာ ၄၁
ရက်ကြာ ထုလုပ်ရကာ ၂ဝဝ၅
ခုနှစ် ဇန်နဝါရီ ၁၆ ရက် မွန်းတည့် ၁၂ နာရီတွင် ပြီးစီးခဲ့သည်။
အဆိုပါ
မဟာသာကပဋိမာ ရေဆန်ကျွန်းမြတ် ဗုဒ္ဓရုပ်ပွားတော်သည် အိန္ဒိယ-မြန်မာ
ချစ်ကြည်ရေး လမ်းမ၊ ကလေး-တမူး- ကလေးဝမြို့များ ဆုံရာ ကြီးကုန်းကျေးရွာ
တြိဂံ လမ်းဆုံ၏ အနောက် ဘက်ဘေးရှိ ရှားပါးသော ရှေးဟောင်း ထောင်ပြည့်စေတီ
နှစ်ဆူ တည်ထားရာ ရာဇဂီရိ ကုန်းတော်ပေါ်တွင် ကိန်းဝပ်စံပယ် တော်မူလျက်
ရှိသည်။
ရာဇဂီရိကုန်းတော် ပေါ်တွင် ကိန်းဝပ်စံပယ် တော်မူသော ရေဆန်
ကျွန်းမြတ်ရုပ်ပွားတော်အား ခရီးသွား ဧည့်သည်များ၊ ပြည်သူများ
ဖူးမြော်ကြည်ညို နိုင်ပြီး သာသနာ့နယ်မြေ ဌာနတစ်ခု အဖြစ် သာမက လေ့လာစရာ
မြန်မာမှု အနုပညာ လက်ရာများ၊ ကြည်နူးစရာ ရှုခင်းများ၊ တောင်မှ မြောက်သို့
စီးဆင်းသည့် မြစ်သာမြစ်၏ အလှအပများကို ကြည့်ရှုခံစားရင်း အပန်း ဖြေနိုင်သော
နေရာအဖြစ် သာမောဖွယ် တည်ရှိနေကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။ ။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago
0 comments:
Post a Comment