Related Posts Plugin for WordPress, Blogger...

Wednesday, December 4, 2013

ဆီးဂိမ်းပွဲတော်ကြီးတွင် ဘောလုံးပွဲစဉ် လက်မှတ်များကို အတုအပ မပြုလုပ်နိုင်ရေး စစ်ဆေးမည်




မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇)ကြိမ်မြောက် ဆီးဂိမ်းပွဲတော်ကြီးတွင် ဘောလုံးပွဲစဉ် လက်မှတ်များကို အတုအပ မပြုလုပ်နိုင်ရေးအတွက် သတ်မှတ်ဝင်ပေါက် ဂိတ်နေရာများတွင် စက်များဖြင့် စနစ်တကျ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါစက်များဖြင့် စနစ်တကျ စစ်ဆေးသွားမှုနှင့် စပ်လျဉ်း၍ လက်မှတ်ရောင်းချ တာဝန်ခံ ဦးထွန်းလှအာင်က ''လက်မှတ်တွေကို သတ်မှတ်ဂိတ်ပေါက် နေရာတွေမှာ စစ်ဆေးသွားပါ့မယ်၊ ပွဲကြည့် အများပြည်သူများကလည်း လက်မှတ်တွေကို သတ်မှတ်နေရာတွေ မှာ ကြိုတင်ဝယ်ကြစေချင်ပါတယ်၊ လက်မှတ်တွေကို စက်တွေနဲ့ စနစ်တကျ စစ်ဆေးသွားမှာပါ၊ ဘောလုံးပွဲ လာကြည့်မှ အတုဖြစ်နေမှာ စိုးလို့ပါ။ ''အရေးတော့ မယူပါဘူး၊ ဒါပေမယ့် ပွဲကြည့်ပရိသတ်က ပွဲစဉ်ကို ကြည့်လို့ မရတော့ဘဲ လှည့်ပြန်သွားရမှာ စိုးလို့ပါ၊ သတ်မှတ်နေရာမှာ ကြိုတင်ဝယ်ထားရင် စိတ်ချရပါတယ်၊ အခုဆိုရင် ဗီယက်နမ်နိုင်ငံမှ ဗီယက်နမ် ပရိသတ်က မနေ့ကပဲ လက်မှတ်အစောင် ၅ဝ လိုချင်လို့ဆိုပြီး ပြောလို့ အွန်လိုင်းကနေ ဝယ်နိုင်ပါတယ်လို့တောင် ပြောလိုက်ပါသေးတယ်၊ လက်ရှိ ဗီယက်နမ်နဲ့ ဂျပန်က ပွဲကြည့်ချင်တဲ့ သူတွေ ရှိနေပါပြီ'' ဟု ရှင်းပြသည်။ ကြိုတင်လက်မှတ်များနှင့် ပွဲရက်များတွင် ရောင်းချမည့် လက်မှတ်နှုန်းထား များအရ အမျိုးသား ဘောလုံးပွဲစဉ် လက်မှတ်ခ နှုန်းထားများမှာ အုပ်စုပွဲစဉ်များတွင် ရိုးရိုးတန်း ငွေကျပ် ၂ဝဝဝ၊ အထူးတန်း ငွေကျပ် ၄ဝဝဝ၊ ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်ပွဲစဉ်များတွင် ရိုးရိုးတန်း ငွေကျပ် ၃ဝဝဝ၊ အထူးတန်း ငွေကျပ် ၅ဝဝဝ နှင့် အမျိုးသမီး ဘောလုံးပွဲစဉ် လက်မှတ်ခ နှုန်းထားများမှာ ရိုးရိုးတန်း ငွေကျပ် ၁ဝဝဝ၊ အထူးတန်း ငွေကျပ် ၃ဝဝဝ သတ်မှတ်ထားရှိကြောင်း သိရသည်။ ဆီးဂိမ်းဘောလုံးပွဲစဉ်များအရ ရန်ကုန်မြို့တွင် လက်မှတ်ရောင်းချမည့် နေရာများမှာ သုဝဏ္ဏအားကစားကွင်း၊ အောင်ဆန်းကွင်း၊ ပဒုမ္မာကွင်း၊ စလင်းကွင်းတို့ ဖြစ်ကြောင်း သိရပြီး နေပြည်တော်တွင် လက်မှတ်ရာင်းချမည့် နေရာများမှာ မြို့မဈေး၊ ပေါင်းလောင်းကွင်း၊ Junction (Nay Pyi Taw)၊ ဝဏ္ဏသိဒ္ဓိကွင်း ဂိတ်အမှတ်(၁) တို့ဖြစ်ကြောင်း သိရကာ မန္တလေးမြို့တွင် လက်မှတ် ရောင်းချမည့် နေရာများမှာ ဗထူးကွင်း၊ လမ်း ၃ဝ နှင့် ၉ လမ်းထောင့်၊ ချမ်းမြသာစည် မနော်ဟရီလမ်းနှင့် ငုရွှေဝါ လမ်းကြား ၂၃ လမ်း၊ ဘောလုံးအကယ်ဒမီ ၃ လမ်း၊ ငုရွှေဝါနှင့် သဇင်လမ်းအကြား၊ မဟာအောင်မြေလမ်း ၄ဝ နှင့် ၃၅ လမ်း အကြားတို့ ဖြစ်ကြောင်း သိရသည်ဟု ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U