Related Posts Plugin for WordPress, Blogger...

Wednesday, December 4, 2013

ဥပဒေကို မထီမဲ့မြင်လုပ်လာရင် ဆက်လက်ဖော်ထုတ်မယ်လို့ မိုးဇေညိမ်း ဆို



မူးယစ်ဆေးဝါး အစီရင်ခံစာနဲ့ စစ်ချက်တွေထဲမှာ နောက်ထပ်ဖော်ပြစရာတွေ အများအပြား ကျန်ပါသေးတယ်။ အဲဒီ့အမှုကို စစ်ဆေးစဉ်က တရားခံ (၁၀) ဦး၊ ပတ်သတ်ပါဝင်သူ (၃၃) ဦး၊ စုစုပေါင်း (၄၃) ဦးကို စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးခံခဲ့ရသူ အများစုဟာ အနုပညာလောကသားတွေ ဖြစ်ပါတယ်။ အပိုင်း (၁) ကို စတင်စဉ် ကတည်းက အားလုံးကို မချွင်းမချန်ဖော်ပြဖို့ စီစဉ်စဉ်းစားထားပါပြီး ဖြစ်ပါတယ်။ သို့ပေမဲ့ ပတ်သတ်ရာပတ်သတ်ကြောင်း အဖွဲ့အစည်းများရဲ့ မေတ္တာရပ်ခံချက်တွေနဲ့ ကာယကံရှင်များရဲ့ မေတ္တာရပ်ခံမှုတွေကို ထောက်ထားပြီး ဆက်လက်မဖော်ပြတော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ငရုတ်သီးဟာ ဒီတိုင်းနေရင်ကောင်းပါတယ်။ ကြက်သွန်နဲ့ပေါင်းရင်တော့ အထောင်းခံမှာပါပဲ။ အနုပညာရှင်ပဲဖြစ်ဖြစ်၊ ဘယ်လိုလူပဲဖြစ်ဖြစ် ပြည်သူတွေကို ကုပ်စီးဖိနှိပ်နေတဲ့ အာဏာရှင်တွေနဲ့ သွားပေါင်းရင်တော့ ပြည်သူတွေ ပြန်ထောင်းတာ ခံရပါလိမ့်မယ်။ လက်ရှိဖော်ပြနေတဲ့ အစီရင်ခံစာဟာ ကျွန်တော့် လက်ဝယ်မှာ ရှိနေတဲ့ အတွင်းရေးနဲ့ ပတ်သတ်တဲ့ ထိပ်တန်းလျှို့ဝှက်အဆင့် စာရွက်စာတမ်းတွေထဲက တစ်ခုမျှသာဖြစ်ပါတယ်။ အခြေအနေအရပ်ရပ်ကို ထောက်ထားပြီး လက်ရှိကိစ္စကို ဆက်လက်မဖော်ပြတော့ဖို့ ဆုံးဖြတ်လိုက်တာပါ။ သို့ပေမဲ့ အများပြည်သူတွေ သိရှိသင့်တယ်လို့ ယူဆရတဲ့ အခြေအနေတွေရှိရင်၊ ဥပဒေကို မထီမဲ့မြင်လုပ်လာတဲ့ ကိစ္စတွေရှိလာရင်တော့ ဒီလိုကိစ္စတွေသာမကပဲ အခြားကိစ္စတွေ၊ အကြောင်းအရာတွေ ကိုလည်း ဆက်လက်ဖော်ထုတ်ရဦးမှာ ဖြစ်ပါတယ်။

ငရုတ်သီးနဲ့ပေါင်းမိလို့ အထောင်းခံလိုက်ရတဲ့ အနုပညာရှင်များအတွက် ပုဂ္ဂိုလ်ရေးအရ ထိခိုက်သွားရတဲ့ အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ အဲ့ဒီအတွက်လည်း ကိုယ်ချင်းစာစိတ်နဲ့ ရိုးသားစွာတောင်းပန်ပါတယ်။ Public စာမျက်နှာပေါ်ကို ရောက်မလာပေမဲ့ ဒီအမှုတွဲမှာ ပါဝင်ပတ်သတ်နေသူတွေအနေနဲ့လည်း သင်ခန်းစာတစ်ခု အနေနဲ့ နောက်နောင်ဆင်ခြင်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U