Related Posts Plugin for WordPress, Blogger...

Sunday, November 24, 2013

လူထုစိန်ဝင်း ပညာသင်ဆု ရရှိသူများနှင့် ဒုတိယအကြိမ် တွေ့ဆုံပွဲ ဓမ္မဒူတ ကျောင်းတိုက်၌ ပြုလုပ်



သတင်းစာဆရာကြီး လူထုစိန်ဝင်း ပညာသင်ဆု ရရှိသူများနှင့် ဒုတိယအကြိမ် တွေ့ဆုံပွဲကို နိုဝင်ဘာ ၂၄ ရက်က ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတဇေတ၀န်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်၌ ပြုလုပ်ခဲ့သည်။

လူထုစိန်ဝင်း ပညာသင်ဆု ရွေးချယ်ရေးအဖွဲ့ကို ဆရာလူထုစိန်ဝင်း ကွယ်လွန်သည့် ၂၀၁၂ ခုနှစ် ဇွန်လ ၁၇ ရက်မှစကာ စတင်တည်ထောင် ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲသို့ လူထုစိန်ဝင်း ပညာသင်ဆု ရွေးချယ်ရေးအဖွဲ့ နာယကများဖြစ်သည့် ဆရာတော် ဒေါက်တာဆေကိန္ဒ၊ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၊ စာရေးဆရာ ဦးမိုးသူ၊ ပညာသင်ဆု ရွေးချယ်ရေး အဖွဲ့ဝင်များနှင့် ၂၀၁၂-၁၃ နှင့် ၂၀၁၃-၁၄ တို့မှ ပညာသင်ဆု
ရရှိခဲ့သည့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့သည်။

ဆရာကြီးကို အကြောင်းပြုပြီး လူငယ်များ ပညာတတ်သိသူများ ဖြစ်လာကြောင်း၊ အဆိုပါ လူကောင်းများထဲမှ တစ်ဦးကို အကြောင်းပြုပြီး နေရာကောင်းများစွာ ထပ်ဖြစ်လာမည်ဖြစ်ကြောင်း၊ နေရာကောင်းကြောင့် လူကောင်းဖြစ်လာသည့်သူတစ်ဦး တာဝန်ယူရမည်မှာ နောက်ထပ်နေရာကောင်းတစ်ခု ထပ်လုပ်ပေးရန်ဖြစ်ကြောင်း၊ သို့သော် လူကောင်းဖြစ်ပြီးမှ နောက်ထပ်နေရာကောင်း ဖန်ဆင်းရန် စိတ်ကူးမပေါ်သည့်သူ များနေကြောင်း၊ ထို့ကြောင့် နောက်လူငယ်များ အနေဖြင့် နေရာကောင်းများ ဖန်တီးရန်လိုကြောင်း စသည်ဖြင့် ဆရာကြီး လူထုစိန်ဝင်း၏ တပည့်တစ်ဦး ဖြစ်ခဲ့ဖူးသူ ဆရာတော် ဒေါက်တာဆေကိန္ဒက အဆိုပါပွဲတွင် သြ၀ါဒစကား မိန့်ကြားသည်။

ပညာသင်ဆုပေးဖြစ်မှုနှင့် ပတ်သက်၍ ဆုရွေးချယ်ရေး အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးအောင်ကျော်ဆန်းက "ဆရာကြီး ဆုံးတဲ့အခါကျတော့ ကျွန်တော်တို့ တစ်ခုခုလုပ်မယ်ဆိုတဲ့ စိတ်ကူးတွေရှိတယ်။ အဲဒါတွေ အများကြီးထဲက ဒီပညာသင်ဆုကို လုပ်တဲ့အကြောင်းကတော့ ဆရာကြီးကိုယ်တိုင် အများဆုံး စိတ်ဝင်စားတဲ့ အကြောင်းအရာကို ပြန်စဉ်းစားတဲ့ အခါမှာ ပညာသင်ဆုကို ရွေးဖြစ်တာပါ" ဟု ရှင်းလင်းပြောကြားသည်။

ဆရာလူထုစိန်ဝင်း ပညာသင်ဆုအတွက် ဆယ်တန်းစာမေးပွဲ အောင်စာရင်း ထွက်ပြီးကာစတွင် လျှောက်လွှာများ ထုတ်ပေးပြီး အမှတ် (၅၀၁) ပထမထပ်၊ ကုန်သည်လမ်း၊ ကျောက်တံတား မြို့နယ်၌ ထုတ်ယူပြီး လျှောက်ထားနိုင်ကြောင်း သိရသည်။

လူထုစိန်ဝင်း ပညာသင်ဆု ရရှိသူများနှင့် တွေ့ဆုံပွဲ အခမ်းအနား ကျင်းပစဉ်

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U