Related Posts Plugin for WordPress, Blogger...

Sunday, November 24, 2013

MRTV Digital စနစ်ဖြင့် ဖမ်းယူနိုင်မည့် စက်များ အခမဲ့ ပေးမည်


မြန်မာ့ရုပ်မြင်သံကြား (MRTV) က စမ်းသပ် ထုတ်လွှင့်နေသည့် Digital ရုပ်သံ ထုတ်လွှင့်မှု စနစ် Digital Video Broadcasting Terrestrial-2 (DVB-T2) ကို ဖမ်းယူ ကြည့်ရှုနိုင်မည့် စက်များကို SEA Games ပြိုင်ပွဲ မတိုင်မီ ဝင်ငွေနည်း မိသားစုများအား အခမဲ့ ပေးအပ်မည် ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူး ဦးဝင်းကြည်က ပြောကြားသည်။

အဆိုပါစက်များကို ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ပေးအပ်နိုင်ရန် စီစဉ်ထားပြီး စက်အလုံးရေ ၃၃၅,၀၀၀ ဝယ်ယူရန် မှာကြားပြီး ဖြစ်ကာ စက်အလုံးရေ ၃၀၄,၉၄၄ လုံးကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများ၏ အစီအမံဖြင့် ဖြန့်ဝေမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တစ်လမိသားစု ပျမ်းမျှဝင်ငွေ ကျပ် တစ်သိန်းခွဲအောက် ရရှိပြီး သစ်သားကာ၊ သက်ကယ်နှင့်

ဓနိမိုးနေအိမ်ဖြင့် နေထိုင်သည့် ရုပ်မြင်သံကြားစက်တစ်လုံး ပိုင်ဆိုင်သော မိသားစုများနှင့် ကျောင်း၊ အများနှင့် သက်ဆိုင်သော နေရာများနှင့် သာသနာရေး အဖွဲ့အစည်းများကို ပေးအပ်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ယခုအခါ Digital Video Broadcasting Terrestrial-2 (DVB-T2) စနစ်ဖြင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် စမ်းသပ် ထုတ်လွှင့်နေပြီး လက်ရှိ ထုတ်လွှင့်နေသည့် MRTV၊ MITV လွှတ်တော် ရုပ်သံလိုင်း၊ တိုင်းရင်းသား ရုပ်သံလိုင်းနှင့် လယ်သမား ရုပ်သံလိုင်း တို့ကို ပြသနေကာ SEA Games ပွဲစဉ် အချို့ကို ထုတ်လွှင့်မည် ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒုတိယ အင်ဂျင်နီယာချုပ် ဦးလှိုင်မိုးက ပြောကြားသည်။

“တခြားနိုင်ငံတွေမှာ ဒီလို ပြောင်းတဲ့အခါ အစိုးရက သင့်တော်သလို ကျခံပေးတာ ရှိတယ်။ တစ်နိုင်ငံလုံး အခမဲ့ ဖြန့်တာတော့ မရှိဘူး” ဟု ၎င်းက ဆိုသည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် နေထိုင်သူ တစ်ဦးကမူ ရပ်ကွက် အုပ်ချုပ်ရေးရုံးက ရပ်ကွက် အတွင်းရှိ နေအိမ်များကို စာရင်း လိုက်ကောက်သည်ကို တွေ့ရသော်လည်း မည်သည့်အတွက်မှန်း မသိကြောင်း ပြောဆိုသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U