Related Posts Plugin for WordPress, Blogger...

Sunday, November 24, 2013

တက္ကသိုလ် အဆောင်သစ်များ လာမည့် ဘဏ္ဍာနှစ်တွင်မှ စဆောက်မည်

Photo: တက္ကသိုလ် အဆောင်သစ်များ လာမည့် ဘဏ္ဍာနှစ်တွင်မှ စဆောက်မည်

ရန်ကုန်၊ နိုဝင်ဘာ ၂၄

တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်တိုင်းတွင် ယခုပညာသင်နှစ်၌ စတင်တော့မည့် အဆောင်ပြန်ထားရေး အစီအစဉ်အတွက် ထပ်မံဆောက်လုပ်ရမည့် အဆောင်သစ်များကို လာမည့် ဘဏ္ဍာနှစ်မှသာ ဆောက်သွားမည် ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) နှင့် (အထက်မြန်မာပြည်) တာဝန်ရှိသူများထံမှ စုံစမ်းသိရှိရသည်။

ယခင်ရှိခဲ့ပြီးသော တက္ကသိုလ် အဆောင်များနှင့် ဝန်ထမ်းအိမ်ရာ များကို အဆောင်အဖြစ် လတ်တလော ကာလတွင် အသုံးပြုသွားရန် စီစဉ်ထားကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အထက်မြန်မာပြည်) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဝင်းက The Voice သို့ ပြောကြားသည်။
“ကျောင်းဝင်းထဲက စာသင်ခန်း အလွတ်တွေမှာ ကျောင်းသူတွေကို စထားမယ်။ နောက်နှစ်ကျမှ အဆောင် ဘတ်ဂျက် တင်မယ်” ဟု မိတ္ထီလာ စီးပွားရေး တက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာ တင်ဝင်းက The Voice သို့ ပြောဆိုသည်။

တက္ကသိုလ်ဝင်းအတွင်း သီးသန့် အဆောင်မရှိ၍ ယခုပညာသင်နှစ်တွင် ကျောင်းသူ ၇၂ ဦး စတင်လက်ခံသွားမည် ဖြစ်ပြီး လာမည့် နှစ်များတွင် အဆောင်သစ် ဆောက်လုပ်ရန် ပညာရေး ဝန်ကြီးဌာနကို အသုံးစရိတ် တင်မည် ဖြစ်ကြောင်း၊ BOT စနစ်နဲ့ ဆောက်ပါက အမြတ်နည်း ပါးသည့်အတွက် စိတ်ဝင်စားသော လုပ်ငန်းရှင်လည်း မရှိသေးကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။

ယင်းအပြင် ထပ်မံလိုအပ်သည့် ကျောင်းသားဆောင်များအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များက BOT စနစ်ဖြင့် ဆောင်ရွက်ခြင်းအပြင် ပညာရေးဝန်ကြီးဌာန အသုံးစရိတ်ထဲက ဆောက်လုပ်ပေးခြင်းတို့ ပြုလုပ်သွားမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၂၀ နေ့တွင် အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) က တရားဝင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတစ်ဝန်း ဒေသအလိုက် တက္ကသိုလ် အဆောင်များ၏ လစဉ် နှုန်းထားမှာ ကျပ် ခုနစ်ထောင်မှ ကျပ်နှစ်သောင်းထိ ရှိပြီး ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ဖွင့်လှစ်မည့် ရန်ကုန် တက္ကသိုလ်၏ အဆောင် နှုန်းထားမှာ ကျပ်တစ်သောင်းခွဲ ဖြစ်ကြောင်း၊ အထက်ပါ နှုန်းထားများတွင် စားသောက်စရိတ်များ မပါဝင်ကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရသည်။

အေးချမ်းမွန် Credit To >The Voice Weekly <Thanks
တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်တိုင်းတွင် ယခုပညာသင်နှစ်၌ စတင်တော့မည့် အဆောင်ပြန်ထားရေး အစီအစဉ်အတွက် ထပ်မံဆောက်လုပ်ရမည့် အဆောင်သစ်များကို လာမည့် ဘဏ္ဍာနှစ်မှသာ ဆောက်သွားမည် ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) နှင့် (အထက်မြန်မာပြည်) တာဝန်ရှိသူများထံမှ စုံစမ်းသိရှိရသည်။

ယခင်ရှိခဲ့ပြီးသော တက္ကသိုလ် အဆောင်များနှင့် ဝန်ထမ်းအိမ်ရာ များကို အဆောင်အဖြစ် လတ်တလော ကာလတွင် အသုံးပြုသွားရန် စီစဉ်ထားကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အထက်မြန်မာပြည်) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဝင်းက The Voice သို့ ပြောကြားသည်။
“ကျောင်းဝင်းထဲက စာသင်ခန်း အလွတ်တွေမှာ ကျောင်းသူတွေကို စထားမယ်။ နောက်နှစ်ကျမှ အဆောင်

ဘတ်ဂျက် တင်မယ်” ဟု မိတ္ထီလာ စီးပွားရေး တက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာ တင်ဝင်းက The Voice သို့ ပြောဆိုသည်။

တက္ကသိုလ်ဝင်းအတွင်း သီးသန့် အဆောင်မရှိ၍ ယခုပညာသင်နှစ်တွင် ကျောင်းသူ ၇၂ ဦး စတင်လက်ခံသွားမည် ဖြစ်ပြီး လာမည့် နှစ်များတွင် အဆောင်သစ် ဆောက်လုပ်ရန် ပညာရေး ဝန်ကြီးဌာနကို အသုံးစရိတ် တင်မည် ဖြစ်ကြောင်း၊ BOT စနစ်နဲ့ ဆောက်ပါက အမြတ်နည်း ပါးသည့်အတွက် စိတ်ဝင်စားသော လုပ်ငန်းရှင်လည်း မရှိသေးကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။

ယင်းအပြင် ထပ်မံလိုအပ်သည့် ကျောင်းသားဆောင်များအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များက BOT စနစ်ဖြင့် ဆောင်ရွက်ခြင်းအပြင် ပညာရေးဝန်ကြီးဌာန အသုံးစရိတ်ထဲက ဆောက်လုပ်ပေးခြင်းတို့ ပြုလုပ်သွားမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၂၀ နေ့တွင် အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) က တရားဝင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတစ်ဝန်း ဒေသအလိုက် တက္ကသိုလ် အဆောင်များ၏ လစဉ် နှုန်းထားမှာ ကျပ် ခုနစ်ထောင်မှ ကျပ်နှစ်သောင်းထိ ရှိပြီး ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ဖွင့်လှစ်မည့် ရန်ကုန် တက္ကသိုလ်၏ အဆောင် နှုန်းထားမှာ ကျပ်တစ်သောင်းခွဲ ဖြစ်ကြောင်း၊ အထက်ပါ နှုန်းထားများတွင် စားသောက်စရိတ်များ မပါဝင်ကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရသည်။


0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U