Related Posts Plugin for WordPress, Blogger...

Tuesday, November 26, 2013

ကွယ်လွန်သူ သတင်းထောက် မိုးသူအောင်

မကြာသေးခင်က ကွယ်လွန်သွားတဲ့ သတင်းထောက် မိုးသူအောင် နာရေးကြော်ငြာကို သတင်းစာကနေ ကူးယူ ဖော်ပြလိုက်ပါတယ်။  



မိုးသူအောင်အကြောင်း တစေ့တစောင်း ရေးသားထားတဲ့ မှတ်ချက်ကိုလည်း ကူးယူ ဖော်ပြလိုက်ပါတယ်။
Facebook မှာ
သူ့မိတ်ဆွေ သတင်းသမား Thiha Thwe  ရေးထားတာတွေထဲက ကောက်နုတ်ဖော်ပြတာ ဖြစ်ပါတယ်။
မိုးသူအောင်ဆိုတာ ၊ ပဲခူးတိုင်း နတ္တလင်းမှာ လူမျိုးရေးဘာသာရေး အဓိကရုဏ်း တွေဖြစ်တုန်း ၊ သတင်းယူပြီး အပြန် ၊ အကာကွယ်မဲ့၊အကူအညီ မဲ့ဖြစ်ပြီး အသက်အန္တရယ် ပါရင်ဆိုင်နေ ရတဲ့ မွတ်စလင် အမျိုးသားတစ်ယောက်ကိုသူ့ ကားပေါ်မှာ ဖွက်ပြီးဘေးလွတ်ရာအထိခေါ်လာပေးခဲ့တဲ့ ဗုဒ္ဒ္မဘာသာ
လူငယ်သတင်းထောက်ကလေးပေါ့ကွာ။
သူ့ အတွက်လည်း အန္တရယ်မကင်း မှန်းသိပေမယ့် အရွယ်လေးနဲ့ မလိုက်အောင် လူသားဆန်ပြီး စာနာစိတ်၊ ကူညီလိုစိတ်ပြင်းထန်လို့ ၊ သူသူ ကိုယ်ကိုယ် မလုပ်ရဲတဲ့ အလုပ်ကို ရဲရဲ ဝင့်ဝင့်သူလုပ်ခဲ့လို့ ညီမ ကိုယ်တိုင် ကျေးဇူးတင်ပါတယ် အကို လို့ ပြောခဲ့ တဲ့ ညီလေးပေါ့ ။
ဗမာလူမျိုး၊ ဗုဒ္မ္ဂဘာသာ၊ သတင်းထောက်စစ်စစ် ၊ အသက် ၂၃နှစ် ပဲရှိသေးတယ်။
မိုးသူအောင်က သူ့Facebookမှာ  နောက်ဆုံး ရေးသွားတာက ဒီလိုပါ...
လာမယ့် သုံးရက်အတွင်းကိုနေ့စဉ်ပုံမှန်အလုပ်
သုံးရက်ကြာတရားပွဲ
နိုင်ငံခြားသား ခရီးစဉ်
အသိတစ်ယောက်ရဲ့မင်္ဂလာလက်မှတ်ထိုးပွဲနဲ့
အခုမှပြုံကျလာတာခက်တယ် ခက်တယ်။
ဒီကြားထဲသတင်းတွေက ထူးနေတော့ ခက်ပါ့ဗျဲာ

အဲဒီ ဒိုင်ယာရီဆန်ဆန် နောက်ဆုံးရေးသားချက်ကို ဖေ့စ်ဘုတ်မှာ မှတ်ချက် ၂ဝဝ လောက် ပေးထားတာ တွေ့ရပါတယ်။


0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U