Related Posts Plugin for WordPress, Blogger...

Tuesday, November 26, 2013

သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံခြင်း

Photo: သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံခြင်း

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အသီးသီးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်နေမှု၊ နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများ ပြည်တွင်း ပြန်လာရေးနှင့် တစ်နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်စဲရေး အခြေအနေတို့နှင့် ပတ်သက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် The Voice တို့ တွေ့ဆုံ မေးမြန်းထားသည် များကို ပြန်လည် ဖော်ပြအပ်ပါသည်။

Voice : အစိုးရက သတ်မှတ်တဲ့ Black List စာရင်း လက်ကျန်တွေကို နိုင်ငံတကာ ရဲတပ်ဖွဲ့ (Interpol) က ခွင့်မပြုလို့ စာရင်းက ပယ်ဖျက်ပေးလို့ မရဘူးဆိုတဲ့အပေါ် ရှင်းပြပေးပါ။

UAM : အင်တာပိုဆိုတာ နိုင်ငံတကာ ရဲတပ်ဖွဲ့ပေါ့။ အင်တာပိုကနေ အပြည်ပြည်ဆိုင်ရာနဲ့ ပတ်သက်ပြီး မူးယစ်ဆေးဝါးမှု စသည်တွေကြောင့် အဲဒီကနေ အားလုံးတိုင်ပင်ပြီး နိုင်ငံတကာက ဒီလူ Black List ထဲမှာပါတယ်၊ မင်းတို့ နိုင်ငံလည်း လက်မခံနဲ့၊ ငါတို့ နိုင်ငံမှာလည်း လက်မခံဘူး ဆိုပြီးတော့ ပေါင်းပြီး ကြေညာထားတဲ့သူတွေ။ အဲဒါကြောင့် ဖြုတ်ပေးလို့ မရဘူး။

Voice : အဲဒီ Black List ထဲမှာ တိုင်းရင်းသား အဖွဲ့အစည်းက လူတွေ ဘယ်လောက်များ ပါနေသေးလဲ။ တခြား ဘယ်လိုလူတွေ ပါနေလဲ သိပါရစေ။

UAM : အဲဒီစာရင်းထဲမှာတော့ တိုင်းရင်းသား အဖွဲ့အစည်းတွေက မကျန်သလောက် ဖြစ်သွားပြီ။ စာရင်းမှာပါနေတဲ့ သူတွေကတော့ တခြားနိုင်ငံမှာသွားပြီး စီးပွားရေးလုပ်၊ အကြွေးမဆပ်ဘဲ ပြေးတဲ့ သူတွေ၊ မြန်မာနိုင်ငံသား ပြည်ပမှာ ပြစ်မှုတစ်ခုခု ကျူးလွန်တဲ့သူတွေကို အင်တာပိုက သတ်မှတ်တာ။ အဲ့ဒါလောက်ပဲ ကျန်တယ်။ ကျန်တာတော့ မရှိသလောက်ပဲ။

Voice : ဒါဆို Black List မှာ ကျန်နေသူ အားလုံးကို အစိုးရဘက်က ထပ်ပြီး ပယ်ဖျက်ပေးလို့ မရတော့ဘူးပေါ့။

UAM : အစိုးရဘက်ကတော့ သူတို့ကို Black List ထဲက ဖျက်ပေးလို့ မရနိုင်ဘူး။ သူကိုယ်တိုင် သူ့အမှုကို ရင်ဆိုင်ရမယ်။ ရင်ဆိုင် ဖြေရှင်းပြီးရင်တော့ Black List က အလိုလို ပြုတ်သွားမယ်။ အဲ့ဒီအမှုတွေ ရင်မဆိုင်ဘူး ဆိုရင်တော့ မပြုတ်တော့ဘူး။

(အစိုးရသစ် တာဝန်ယူစ အချိန်တွင် အမည်ဆိုးစာရင်း (Black List) တွင် ပါဝင်နေသူ ၁၈,၀၀၀ ကျော်ရှိပြီး ယင်းစာရင်းမှ လူဦးရေ ၁၂,၀၀၀ ကို သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပယ်ဖျက်ပေးခဲ့ကြောင်း၊ ကျန်ရှိစာရင်းဝင် ၆၀၀၀ ကို နိုင်ငံတော်သမ္မတထံ တင်ပြရာ သမ္မတက အဆိုပါ လက်ကျန် စာရင်းဝင် ၃၀၀၀ ကို ထပ်မံပယ်ဖျက်ပေးခဲ့ပြီး နောက်ဆုံး ကျန်ရှိသူ ၃၀၀၀ ခန့်မှ နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုတွင် စာရင်းဝင်နေသဖြင့် အစိုးရအဖွဲ့ သဘောထား တစ်ခုတည်းဖြင့် ပယ်ဖျက်ပေး၍ မရတော့ကြောင်း ဝန်ကြီး ဦးအောင်မင်းက နိုဝင်ဘာလ ၂၄ ရက်နေ့တွင် မြန်မာ ငြိမ်းချမ်းရေးစင်တာ၌ UNFC ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။)

Voice : ဘားအံမှာ ပြုလုပ်မယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဘယ်အချိန်မှာ ကျင်းပဖို့ သတ်မှတ်ထားပါလဲ။

UAM : ဒီဇင်ဘာလထဲမှာတော့ ဖြစ်မယ်။ ခုက ညှိနေတုန်းပဲ။ KNU ကတော့ သေပေါထ ထင်တယ်။ အဲ့ဒီမှာ လုပ်ဖို့ ရွေးထားတယ်။ လိုင်ဇာမှာ လုပ်သလို သူတို့ ကြိုဆွေးနွေးမယ်၊ အဲ့ဒီက အဖြေရတော့မှ ဘားအံကို လာမှာ။ ကျွန်တော်တို့က ဘားအံမှာ သွားစောင့်မှာ။ သေပေါထမှာ လုပ်မယ့် အစည်းအဝေးတော့ ကျွန်တော် မလိုက်ဘူး။

Voice : ခု ဗိုလ်ချုပ်ဂွမ်မော် အပါအဝင် UNFC ခေါင်းဆောင်တွေ ရန်ကုန်ကို ရောက်လာကြတယ် ဆိုတော့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကို ၂၀၁၃ ခုနှစ်အတွင်း လုပ်နိုင်မယ်လို့ ထင်ပါသလား။

UAM : ဒီအလုပ်တွေကတော့ သိပ်ကြီးကျယ်တယ်။ ၁၇ ဖွဲ့နဲ့ လုပ်ရတာဆိုတော့။ နောက်နှစ် နှစ်ဆန်းပိုင်းလောက် ဖြစ်သွားနိုင်တယ်။ ဒါကျွန်တော်တို့က ရက်ကို ဟိုရွှေ့ဒီရွှေ့ လုပ်ချင်လို့ မဟုတ်ဘူး။ ခင်ဗျားတို့လည်း မြင်တာပဲ။ ပင်လုံစာချုပ်ဆိုတာ တိုင်းရင်းသားလေးဖွဲ့နဲ့ လုပ်ထားတာ။ ခုက တိုင်းရင်းသား ၁၇ ဖွဲ့နဲ့ဆိုတော့ လိုလားချက် က ၁၇ ခုဖြစ်ပြီး ဖြေရှင်းရတာ ပိုခက်ပါတယ်။ လာမယ့် ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းလောက်တော့ မှန်းထားတယ်။ နိုင်ငံလုံးအဆင့် အပစ်ရပ်ရေး ၂၀၁၃ ခုနှစ်အတွင်း လုပ်နိုင်မလားဆိုတာ ဘားအံ ဆွေးနွေးပွဲပြီးမှ ပြောလို့ရမယ်။

Voice : ခုလတ်တလော ဗုံးဖောက်ခွဲမှုတွေနဲ့ ပတ်သက်ပြီး လှိုင်သာယာမှာ ရဲတပ်ဖွဲ့က ဖမ်းမိထားသူတွေက ရခိုင်တပ်မတော် AA ကလို့ ကြားထားတယ်။ အဲ့ဒါ ဟုတ်ပါသလား။

UAM : AA ကမဟုတ်ပါဘူး။ သူတို့ ပြောတာတော့ ခုက ALA လို့ပြောတယ်။ AA နဲ့မဆိုင်ဘူး။ ALA ဆိုတာ Arakan Liberation Army ဆိုတာပေါ့။ အဲဒီအဖွဲ့ကို ကျွန်တော်တို့လည်း မသိဘူး။

Voice : ငြိမ်းချမ်းရေး ကိစ္စအတွက် အစိုးရနဲ့ ဆွေးနွေးမှု တစ်ကြိမ်တစ်ခါမှ မရှိသေးဘူးလို့ ရခိုင်တပ်မတော် AA ရဲ့ စစ်ဦးစီးချုပ်က ပြောထားတယ်။ ဝန်ကြီးတို့က ဘယ်လို ဆက်လုပ်ဖို့ အစီအစဉ် ရှိပါလဲခင်ဗျာ။

UAM : ရခိုင်က ALA နဲ့ လက်မှတ် ထိုးထားတယ်။ သူတို့ကို ပြောပြကြ။ ရခိုင်မှာရှိတဲ့ အဖွဲ့အသေးလေးတွေ ALP မှာ သွားပေါင်းလိုက်။ ပေါင်းလိုက်ရင် ပိုကောင်းတယ်။ တစ်ဖွဲ့တိုင်းကို စာရင်းတစ်ခု ထပ်ထည့်ရင် အဖွဲ့သုံးလေးရာ ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ ဒါကြောင့် ရခိုင်ကတစ်ဖွဲ့၊ ချင်းကတစ်ဖွဲ့၊ ကရင်ကတစ်ဖွဲ့ အားလုံး ပေါင်းပါဆိုပြီး ပြောတာ။ သူတို့နဲ့ မဆွေးနွေးတာ မဟုတ်ပါဘူး။ သူတို့ သွားပေါင်းပါပေါ့။

(နော်ကိုကို)

အေးချမ်းမွန် Credit To >The Voice Weekly <Thanks

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အသီးသီးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်နေမှု၊ နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများ ပြည်တွင်း ပြန်လာရေးနှင့် တစ်နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်စဲရေး အခြေအနေတို့နှင့် ပတ်သက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် The Voice တို့ တွေ့ဆုံ မေးမြန်းထားသည် များကို ပြန်လည် ဖော်ပြအပ်ပါသည်။

Voice : အစိုးရက သတ်မှတ်တဲ့ Black List စာရင်း လက်ကျန်တွေကို နိုင်ငံတကာ ရဲတပ်ဖွဲ့ (Interpol) က ခွင့်မပြုလို့ စာရင်းက ပယ်ဖျက်ပေးလို့ မရဘူးဆိုတဲ့အပေါ် ရှင်းပြပေးပါ။

UAM : အင်တာပိုဆိုတာ နိုင်ငံတကာ ရဲတပ်ဖွဲ့ပေါ့။ အင်တာပိုကနေ အပြည်ပြည်ဆိုင်ရာနဲ့ ပတ်သက်ပြီး မူးယစ်ဆေးဝါးမှု စသည်တွေကြောင့် အဲဒီကနေ အားလုံးတိုင်ပင်ပြီး နိုင်ငံတကာက ဒီလူ Black List ထဲမှာပါတယ်၊ မင်းတို့ နိုင်ငံလည်း လက်မခံနဲ့၊ ငါတို့ နိုင်ငံမှာလည်း လက်မခံဘူး

ဆိုပြီးတော့ ပေါင်းပြီး ကြေညာထားတဲ့သူတွေ။ အဲဒါကြောင့် ဖြုတ်ပေးလို့ မရဘူး။

Voice : အဲဒီ Black List ထဲမှာ တိုင်းရင်းသား အဖွဲ့အစည်းက လူတွေ ဘယ်လောက်များ ပါနေသေးလဲ။ တခြား ဘယ်လိုလူတွေ ပါနေလဲ သိပါရစေ။

UAM : အဲဒီစာရင်းထဲမှာတော့ တိုင်းရင်းသား အဖွဲ့အစည်းတွေက မကျန်သလောက် ဖြစ်သွားပြီ။ စာရင်းမှာပါနေတဲ့ သူတွေကတော့ တခြားနိုင်ငံမှာသွားပြီး စီးပွားရေးလုပ်၊ အကြွေးမဆပ်ဘဲ ပြေးတဲ့ သူတွေ၊ မြန်မာနိုင်ငံသား ပြည်ပမှာ ပြစ်မှုတစ်ခုခု ကျူးလွန်တဲ့သူတွေကို အင်တာပိုက သတ်မှတ်တာ။ အဲ့ဒါလောက်ပဲ ကျန်တယ်။ ကျန်တာတော့ မရှိသလောက်ပဲ။

Voice : ဒါဆို Black List မှာ ကျန်နေသူ အားလုံးကို အစိုးရဘက်က ထပ်ပြီး ပယ်ဖျက်ပေးလို့ မရတော့ဘူးပေါ့။

UAM : အစိုးရဘက်ကတော့ သူတို့ကို Black List ထဲက ဖျက်ပေးလို့ မရနိုင်ဘူး။ သူကိုယ်တိုင် သူ့အမှုကို ရင်ဆိုင်ရမယ်။ ရင်ဆိုင် ဖြေရှင်းပြီးရင်တော့ Black List က အလိုလို ပြုတ်သွားမယ်။ အဲ့ဒီအမှုတွေ ရင်မဆိုင်ဘူး ဆိုရင်တော့ မပြုတ်တော့ဘူး။

(အစိုးရသစ် တာဝန်ယူစ အချိန်တွင် အမည်ဆိုးစာရင်း (Black List) တွင် ပါဝင်နေသူ ၁၈,၀၀၀ ကျော်ရှိပြီး ယင်းစာရင်းမှ လူဦးရေ ၁၂,၀၀၀ ကို သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပယ်ဖျက်ပေးခဲ့ကြောင်း၊ ကျန်ရှိစာရင်းဝင် ၆၀၀၀ ကို နိုင်ငံတော်သမ္မတထံ တင်ပြရာ သမ္မတက အဆိုပါ လက်ကျန် စာရင်းဝင် ၃၀၀၀ ကို ထပ်မံပယ်ဖျက်ပေးခဲ့ပြီး နောက်ဆုံး ကျန်ရှိသူ ၃၀၀၀ ခန့်မှ နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုတွင် စာရင်းဝင်နေသဖြင့် အစိုးရအဖွဲ့ သဘောထား တစ်ခုတည်းဖြင့် ပယ်ဖျက်ပေး၍ မရတော့ကြောင်း ဝန်ကြီး ဦးအောင်မင်းက နိုဝင်ဘာလ ၂၄ ရက်နေ့တွင် မြန်မာ ငြိမ်းချမ်းရေးစင်တာ၌ UNFC ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။)

Voice : ဘားအံမှာ ပြုလုပ်မယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဘယ်အချိန်မှာ ကျင်းပဖို့ သတ်မှတ်ထားပါလဲ။

UAM : ဒီဇင်ဘာလထဲမှာတော့ ဖြစ်မယ်။ ခုက ညှိနေတုန်းပဲ။ KNU ကတော့ သေပေါထ ထင်တယ်။ အဲ့ဒီမှာ လုပ်ဖို့ ရွေးထားတယ်။ လိုင်ဇာမှာ လုပ်သလို သူတို့ ကြိုဆွေးနွေးမယ်၊ အဲ့ဒီက အဖြေရတော့မှ ဘားအံကို လာမှာ။ ကျွန်တော်တို့က ဘားအံမှာ သွားစောင့်မှာ။ သေပေါထမှာ လုပ်မယ့် အစည်းအဝေးတော့ ကျွန်တော် မလိုက်ဘူး။

Voice : ခု ဗိုလ်ချုပ်ဂွမ်မော် အပါအဝင် UNFC ခေါင်းဆောင်တွေ ရန်ကုန်ကို ရောက်လာကြတယ် ဆိုတော့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကို ၂၀၁၃ ခုနှစ်အတွင်း လုပ်နိုင်မယ်လို့ ထင်ပါသလား။

UAM : ဒီအလုပ်တွေကတော့ သိပ်ကြီးကျယ်တယ်။ ၁၇ ဖွဲ့နဲ့ လုပ်ရတာဆိုတော့။ နောက်နှစ် နှစ်ဆန်းပိုင်းလောက် ဖြစ်သွားနိုင်တယ်။ ဒါကျွန်တော်တို့က ရက်ကို ဟိုရွှေ့ဒီရွှေ့ လုပ်ချင်လို့ မဟုတ်ဘူး။ ခင်ဗျားတို့လည်း မြင်တာပဲ။ ပင်လုံစာချုပ်ဆိုတာ တိုင်းရင်းသားလေးဖွဲ့နဲ့ လုပ်ထားတာ။ ခုက တိုင်းရင်းသား ၁၇ ဖွဲ့နဲ့ဆိုတော့ လိုလားချက် က ၁၇ ခုဖြစ်ပြီး ဖြေရှင်းရတာ ပိုခက်ပါတယ်။ လာမယ့် ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းလောက်တော့ မှန်းထားတယ်။ နိုင်ငံလုံးအဆင့် အပစ်ရပ်ရေး ၂၀၁၃ ခုနှစ်အတွင်း လုပ်နိုင်မလားဆိုတာ ဘားအံ ဆွေးနွေးပွဲပြီးမှ ပြောလို့ရမယ်။

Voice : ခုလတ်တလော ဗုံးဖောက်ခွဲမှုတွေနဲ့ ပတ်သက်ပြီး လှိုင်သာယာမှာ ရဲတပ်ဖွဲ့က ဖမ်းမိထားသူတွေက ရခိုင်တပ်မတော် AA ကလို့ ကြားထားတယ်။ အဲ့ဒါ ဟုတ်ပါသလား။

UAM : AA ကမဟုတ်ပါဘူး။ သူတို့ ပြောတာတော့ ခုက ALA လို့ပြောတယ်။ AA နဲ့မဆိုင်ဘူး။ ALA ဆိုတာ Arakan Liberation Army ဆိုတာပေါ့။ အဲဒီအဖွဲ့ကို ကျွန်တော်တို့လည်း မသိဘူး။

Voice : ငြိမ်းချမ်းရေး ကိစ္စအတွက် အစိုးရနဲ့ ဆွေးနွေးမှု တစ်ကြိမ်တစ်ခါမှ မရှိသေးဘူးလို့ ရခိုင်တပ်မတော် AA ရဲ့ စစ်ဦးစီးချုပ်က ပြောထားတယ်။ ဝန်ကြီးတို့က ဘယ်လို ဆက်လုပ်ဖို့ အစီအစဉ် ရှိပါလဲခင်ဗျာ။

UAM : ရခိုင်က ALA နဲ့ လက်မှတ် ထိုးထားတယ်။ သူတို့ကို ပြောပြကြ။ ရခိုင်မှာရှိတဲ့ အဖွဲ့အသေးလေးတွေ ALP မှာ သွားပေါင်းလိုက်။ ပေါင်းလိုက်ရင် ပိုကောင်းတယ်။ တစ်ဖွဲ့တိုင်းကို စာရင်းတစ်ခု ထပ်ထည့်ရင် အဖွဲ့သုံးလေးရာ ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ ဒါကြောင့် ရခိုင်ကတစ်ဖွဲ့၊ ချင်းကတစ်ဖွဲ့၊ ကရင်ကတစ်ဖွဲ့ အားလုံး ပေါင်းပါဆိုပြီး ပြောတာ။ သူတို့နဲ့ မဆွေးနွေးတာ မဟုတ်ပါဘူး။ သူတို့ သွားပေါင်းပါပေါ့။

(နော်ကိုကို)

The Voice Weekly

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U