Related Posts Plugin for WordPress, Blogger...

Sunday, November 24, 2013

မန်းနေအိမ်တစ်အိမ်တွင် ဓားခုတ်မှုဖြင့် လူနှစ်ယောက်သေဆုံး

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်နေအိမ်တစ်အိ

မ်တွင် လူသေအလောင်းနှစ်လောင်းတွေ့ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
ဖြစ်ပွားပုံမှာ မဟာအောင်မြေအနောက်ရပ်ကွက်၊ ၈၂-၈၃လမ်းကြား၊ ၃၈-၃၉လမ်းကြားရှိ နေအိမ်တစ်အိမ်တွင်နေ့လယ် တစ်နာရီခန့်က ဓားခုတ်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် သက်ဆိုင်ရာနယ်မြေရဲ့စခန်းမှ သွားရောက်စစ်ဆေးရာ အခင်းဖြစ်ပွားရာနေအိမ်တွင်ကို မြင့်သိန်း ၄၀နှစ် ဦးခေါင်းနောက်စေ့ လည်ပင်းပြက်ရှ ဒဏ်ရာများဖြင့် လည်းကောင်း၊ နေအိမ်ရှေ့လမ်းပေါ်တွင်ကို ဇော်လတ် ၂၅နှစ်၊မှာ
ဝဲရင်အုံ၊ လည်ပင်း၊ ၀ဲလက်မောင်းစုတ်ပြဲ ပြက်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကို
တွေ့ရှိရကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။ သေဆုံးသူ ကို ဇော်လတ်၏ ဖခင် ဦးစိုးမြင့်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် နမစ(အမှတ်-၇)(ပ)၇၈၁/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂အရအမှုဖွင့်ပြီး တရားခံများ ဖမ်းဆီးရမိရေးအတွင် တိုင်းရဲအကူ တပ်ဖွဲ့ခွဲ (မှု/ကူ)၊ ခရရ(မှု/ကူ)၊ နယ်ထိန်းတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။



Sayar Chan
http://sayarchan.blogspot.com/

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U